International Organizations
ရီးရဲလ်မက်ဒရစ် နောက်ခံလူ ကာဗာဂျယ် ဒူးဒဏ်ရာကြောင့် ၂ လကြာ အနားယူရမည်
မက်ဒရစ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၂-၁ ဂိုးရလဒ်ဖြင့်အနိုင်ရခဲ့သော်လည်း နောက်ခံလူ ဒါနီကာဗာဂျယ်က ပြင်းထန်သည့် ဒူးဒဏ်ရာရသွားခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်း၌ အတည်ပြုနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက် တန်ဖိုးတစ်ခု ပေးဆပ်လိုက်ရသည်။
ရီးရဲလ်မက်ဒရစ် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့က ကလပ်အသင်းခေါင်းဆောင် ဒါနီကာဗာဂျယ်ကို နောက်ဆက်တွဲဆေးစစ်ခဲ့မှုများအရ ကာဗာဂျယ်၏ ညာဘက်ဒူးခေါင်းအဆစ် ဒဏ်ရာရသွားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကာဗာဂျယ်ကို အရိုးဘက်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရီးရဲလ်မက်ဒရစ်က ၎င်းတို့၏ တရားဝင်ကလပ်ဝက်ဘ်ဆိုက်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါဒဏ်ရာကြောင့် ကာဗာဂျယ်မှာ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ အနားယူရဖွယ် ရှိနေသည်။
စပိန်လက်ရွေးစင် ကာဗာဂျယ်မှာ ကြွက်သားဒဏ်ရာကြောင့် ၁ လကြာအနားယူခဲ့ရပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ဘာစီလိုနာကိုအနိုင်ရခဲ့သည့်ပွဲ၏ ဒုတိယပိုင်းတွင် လူစားဝင် ကစားသမားအဖြစ် ကစားခဲ့ခြင်းဖြစ်ကာ ယင်းကဲ့သို့ ဒဏ်ရာသစ်ရသွားခဲ့ခြင်းဖြစ်သည်။
အသက် ၃၃ နှစ်အရွယ်ရှိ ကာဗာဂျယ်မှာ ဒူးအရွတ်ကြောဆုတ်ပြဲဒဏ်ရာကြောင့် ၂၀၂၄-၂၀၂၅ ဘောလုံး တစ်ရာသီလုံးနီးပါး အနားယူခဲ့ရသူဖြစ်သည်။ နည်းပြ ဇာဘီအလွန်ဆို၏ ရီးရဲလ်မက်ဒရစ်အသင်းတွင် ညာအစွန်နောက်ခံလူနေရာအတွက် ထရန့်အလက်ဇန်းဒါး အာနိုးလ်ရောက်ရှိလာပြီးနောက် အဆိုပါ နေရာအတွက်ယှဥ်ပြိုင်ရမည့် ကာဗာဂျယ်မှာ ယခုရာသီအစပိုင်းကမှ ပြန်လည်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
အလက်ဇန်းဒါးအာနိုးလ်ကလည်း ကြွက်သားဒဏ်ရာရနေရာမှ ပြန်လည်သက်သာစအခြေအနေသာ ရှိသေးပြီး ဇာဘီအလွန်ဆိုက ရီးရဲလ်မက်ဒရစ်၏ ညာအစွန်ခံစစ်နေရာတွင် ဥရုဂွေးလက်ရွေးစင် ကွင်းလယ်ကစားသမား ဖီဒီဗဲလ်ဗာဒီကို အသုံးပြုနေရကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Real Madrid defender Carvajal out for around two months with knee injury
MADRID, Oct. 27 (Xinhua)
Real Madrid’s 2-1 win over FC Barcelona has come at a price with the club informing on Monday morning that defender Dani Carvajal has suffered an important knee injury.
“Following tests carried out on our captain Dani Carvajal by the Real Madrid Medical Services, he has been diagnosed with the presence of a loose body in his right knee joint,” reported the Real Madrid official website, adding the defender would “now undergo an arthroscopy.”
The injury is likely to sideline the defender until the start of 2026.
The new injury setback comes after the Spain international returned to action as a second half substitute against Barcelona after missing a month with a muscle injury.
The 33-year-old missed nearly all the 2024-25 season with a torn knee ligament, only returning to the field at the start of the current campaign to compete with new arrival Trent Alexander-Arnold for the right back spot in Xabi Alonso’s side.
Alexander-Arnold has also just returned from a muscle injury, with Alonso using Uruguayan midfielder Fede Valverde on the right of his side’s defense. ■
Photo:
Federico Valverde (L) and Dani Carvajal (C) of Real Madrid celebrate a goal during a Spanish La Liga football match between Real Madrid and Real Sociedad in Madrid, Spain, Sept. 17, 2023. (Photo by Gustavo Valiente/Xinhua)
