Africa & Middle East
ဂါဇာတွင် ပြင်းထန်သော တိုက်ခိုက်မှုများကို ချက်ချင်းလုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ် ညွှန်ကြား
ဂျေရုဆလမ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
ဟားမက်စ်အဖွဲ့ဘက်က အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်ခဲ့သည်ဟု အစ္စရေးက ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာကမ်းမြောင်ဒေသတွင် ပြင်းထန်သော တိုက်ခိုက်မှုများကို ချက်ချင်းလုပ်ဆောင်ရန် အစ္စရေးစစ်တပ်အား ညွှန်ကြားထားကြောင်း အောက်တိုဘာ ၂၈ ရက် ညနေခင်းက ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးများနှင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယင်းကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု နေတန်ယာဟုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဟားမက်စ်တိုက်ခိုက်ရေးသမားများက အစ္စရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ တင့်ဖျက်လက်နက်များ၊ လက်ဖြောင့်သမားများဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီးနောက် အစ္စရေးစစ်တပ်က ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့အား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု အစ္စရေးနိုင်ငံပိုင် Army Radio က ယင်းနေ့အစောပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။ ဟားမက်စ်အဖွဲ့ကမူ ယခုအချိန်အထိ အစ္စရေး၏ စွပ်စွဲချက်ကို တုံ့ပြန်ခြင်းမရှိသေးပေ။
ဂါဇာဒေသတွင် အစ္စရေးဓားစာခံများ၏ ရုပ်အလောင်းများကို ပြန်လည်လွှဲပြောင်းရေးနှင့် စပ်လျဉ်း၍ အစ္စရေးနှင့် ဟားမက်စ်တို့အကြား အပြန်အလှန်အပြစ်ဖို့နေစဉ် ယခုအခြေအနေ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ဟားမက်စ်တို့က အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင် လွှဲပြောင်းပေးခဲ့သည့် ရုပ်ကြွင်းများမှာ စင်စစ်အားဖြင့် လွန်ခဲ့သောနှစ်နှစ်ခန့်တွင် အစ္စရေးစစ်တပ်က ပြန်လည်ရရှိခဲ့ပြီးဖြစ်သော ဓားစာခံတစ်ဦး၏ ရုပ်အလောင်းမှ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်ကြောင်း အစ္စရေးက အောက်တိုဘာ ၂၈ ရက်၌ ပြောကြားခဲ့သော်လည်း ဟားမက်စ် သတင်းရင်းမြစ်တစ်ဦးကမူ အစ္စရေးအနေဖြင့် ဖမ်းဆီးခံ အစ္စရေးနိုင်ငံသားများ၏ ရုပ်အလောင်းများကို ရှာဖွေမည့် နိုင်ငံတကာ ကြက်ခြေနီကော်မတီမှ အဖွဲ့များနှင့် ပါလက်စတိုင်း အဖွဲ့များအား ဂါဇာစီးတီးအရှေ့ပိုင်းသို့ ဝင်ရောက်ခွင့်မပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ဟားမက်စ်ဦးဆောင်သော လက်နက်ကိုင်များက အစ္စရေးတောင်ပိုင်းအား စီးနင်းတိုက်ခိုက်ကာ လူ ၁,၂၀၀ ခန့်ကို သတ်ဖြတ်ပြီး လူ ၂၅၀ ခန့်အား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်၌ အစ္စရေး-ဟားမက်စ် ပဋိပက္ခ စတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် အစ္စရေး၏ ထိုးစစ်ကြောင့် ဂါဇာဒေသတွင် လူ ၆၈,၀၀၀ ကျော် သေဆုံးကာ လူ ၁၇၀,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဂါဇာအခြေစိုက် ကျန်းမာရေးဌာန တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
အောက်တိုဘာ ၁၀ ရက်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအသစ် စတင်အသက်ဝင်လာပြီးနောက်တွင်လည်း ပါလက်စတိုင်းပြည်သူ ၉၄ ဦး သေဆုံးကာ ၃၄၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းတာဝန်ရှိသူများက အောက်တိုဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်နေသော အစ္စရေးတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် မေ ၁၉ ရက်၌ အစ္စရေးကာကွယ်ရေးတပ်က ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ- Israel Defense Forces/Handout via Xinhua)
……………..
(English Version)
Israeli PM orders “immediate and powerful” strikes in Gaza
JERUSALEM, Oct. 28 (Xinhua) — Israeli Prime Minister Benjamin Netanyahu said Tuesday evening he has instructed the military to carry out “immediate and powerful” strikes in the Gaza Strip, following what Israel said were violations of the ceasefire by Hamas.
In a statement, Netanyahu said the order came after security consultations with senior defense officials.
Earlier in the day, Israel’s state-owned Army Radio reported that Israeli forces fired artillery into the southern Gaza city of Rafah after Hamas fighters targeted Israeli troops with anti-tank weapons and sniper fire.
So far Hamas has not responded to the Israeli accusation.
The development also came as Israel and Hamas are trading blame for the recovery of Israeli hostage bodies in Gaza.
On Tuesday, Israel said the remains handed over by Hamas on Monday night were in fact body parts belonging to a hostage whose body had already been recovered by the Israeli army around two years ago, while a Hamas source said Israel has rejected the entry of teams from the International Committee of the Red Cross and Palestinian factions into eastern Gaza City to search for the remains of Israeli captives.
The Israel-Hamas conflict erupted on Oct. 7, 2023, when Hamas-led militants attacked southern Israel, killing about 1,200 people and taking around 250 hostages. Israel’s subsequent offensive has left more than 68,000 dead and 170,000 wounded in Gaza, according to Gaza-based health authorities.
Since the new ceasefire took effect on Oct. 10, 94 Palestinians have been killed and 344 injured, the authorities said Tuesday.
English Caption 1
This video screenshot shows Israeli Prime Minister Benjamin Netanyahu delivering a video address on June 13, 2025. (Xinhua)
English Caption 2
The photo released by Israel Defense Forces on May 19, 2025 shows Israeli troops during an operation in the Gaza Strip. (Israel Defense Forces/Handout via Xinhua)
