Europe
ပူတင်နှင့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေးဟု ကရင်မလင် ထုတ်ပြန်
မော်စကို၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ဗလာတီမာပူတင်နှင့် မြောက်ကိုရီးယားနိုင်ငံ (DPRK) နိုင်ငံခြားရေးဝန်ကြီး Choe Son Hui တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံမှုခိုင်မာရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော်က အောက်တိုဘာ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ရဲ့ ချစ်ကြည်ရင်းနှီးမှု၊ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဆက်ဆံရေး၊ ကျွန်တော်တို့ရဲ့ မဟာမိတ်ဖွဲ့မှုတွေ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြှင့်တင်ရေးဆိုင်ရာ အစီအစဉ်တွေနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်အားလုံးကို အမှန်တကယ်ကို ဆွေးနွေးပြီးပါပြီ” ဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က အောက်တိုဘာ ၂၇ ရက်၌ ကျင်းပခဲ့သည့် အစည်းအဝေးနှင့်ပတ်သက်၍ မှတ်ချက်ပေးပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် Choe တို့သည် နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် လက်ရှိကိစ္စရပ်များ အထူးသဖြင့် နိုင်ငံ့ခေါင်းဆောင်များအကြား ရရှိခဲ့သည့် သဘောတူညီချက်များ အကောင်အထည်ဖော်ရေးကို အဓိကထား၍ အောက်တိုဘာ ၂၇ ရက်၌ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံ၏ အချုပ်အခြာအာဏာ ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေးကို သေချာစေရေး မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်း၏ ဆောင်ရွက်ချက်များကို ရုရှားနိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းဖော်ပြခဲ့သည်။
မြောက်ကိုရီးယား၏ တရားဝင်သတင်းဌာနဖြစ်သည့် ကိုရီးယားဗဟိုသတင်းဌာနက ပူတင်နှင့် Choe တို့သည် အနာဂတ်တွင် မြောက်ကိုရီးယား-ရုရှားဆက်ဆံရေးကို တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြောင်း အောက်တိုဘာ ၂၈ ရက်၌ ဖော်ပြခဲ့သည်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် အဓိကအားဖြင့် နိုင်ငံ့ခေါင်းဆောင်နှစ်ဦးအကြား ရရှိခဲ့သည့် အဆင့်မြင့်အလွှာသဘောတူညီချက်များအား အကောင်အထည်ဖော်မှုရလဒ်များ၊ နှစ်နိုင်ငံအကြား အဆင့်မြင့်ဖလှယ်မှုများနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တို့ကို အာရုံစိုက်ကာ အပြုသဘောဆောင်ပြီး အကျိုးရှိသော မဟာဗျူဟာမြောက် ပြောဆိုဆက်ဆံမှုများ ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးခဲ့သော ကိစ္စရပ်အားလုံးတွင် သဘောတူညီမှုရရှိခဲ့သည်ဟုလည်း ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Putin, DPRK FM discuss bilateral ties: Kremlin
MOSCOW, Oct. 28 (Xinhua) — Russian President Vladimir Putin and Foreign Minister of the Democratic People’s Republic of Korea (DPRK) Choe Son Hui discussed bilateral cooperation and strengthening ties, the Kremlin said on Tuesday.
“Actually, all the issues related to plans about the further development and enhancement of our friendship, our partnership, our alliance have been discussed,” Kremlin spokesman Dmitry Peskov said, commenting on the meeting held on Monday.
The Russian Foreign Ministry said Russian Foreign Minister Sergei Lavrov and Choe on Monday discussed current issues concerning the development of bilateral relations, with particular focus on the implementation of the agreements reached between the two heads of state.
Russia expressed its full support for the measures taken by the DPRK leadership to safeguard the country’s sovereignty and ensure its national security, the Russian Foreign Ministry added.
DPRK’s official Korean Central News Agency reported Tuesday that Putin and Choe discussed many affairs for steadily developing the DPRK-Russia relations in the future.
The foreign ministers of the two countries had constructive and beneficial strategic communication, mainly focusing on the implementation results of the top-level agreements reached between the two heads of state, high-level exchanges between the two countries, and the multi-faceted cooperation plan, and they reached a consensus on all the issues discussed, the report said. ■
English Caption
Russian President Vladimir Putin meets with heads of major international news agencies in St. Petersburg, Russia, June 5, 2024. (Russia’s presidential press service/Handout via Xinhua)
