Connect with us

Asia

ရုရှားအာကာသယာဥ်မှူးများ ၂၀၂၅ ဒုတိယအကြိမ်အာကာသလမ်းလျှောက်မှု ပြုလုပ်

မော်စကို၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ရုရှားအာကာသယာဥ်မှူးများသည် ယခုနှစ်အတွင်း ဒုတိယအကြိမ်အာကာသလမ်းလျှောက်မှုကို အောက်တိုဘာ ၂၈ ရက်က လုပ်ဆောင်စဉ်အတွင်း နိုင်ငံတကာအာကာသစခန်း (ISS) ၏ အပြင်ဘက်မျက်နှာပြင်တွင် သိပ္ပံဆိုင်ရာ ကိရိယာများ တပ်ဆင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ကပြောကြားခဲ့သည်။
Roscosmos ၏အဆိုအရ အာကာသယာဥ်မှူး Sergey Ryzhikov နှင့် Alexey Zubritsky တို့ကို အပြင်ဘက်မျက်နှာပြင်တွင် ခြောက်နာရီခွဲကြာ အလုပ်လုပ်ရန်စီစဥ်ခဲ့ကြောင်းသိရသည်။

၎င်းတို့၏ အဓိကတာဝန်မှာ တွန်းကန်အားဆိုင်ရာသိပ္ပံစမ်းသပ်မှုအတွက် ကိရိယာများတပ်ဆင်ရန်ဖြစ်ပြီး အဆိုပါစမ်းသပ်မှုသည် သိပ္ပံပညာရှင်များကို ကမ္ဘာမြေ၏ ionosphere ဂုဏ်သတ္တိများအကြောင်း လေ့လာနိုင်စေမည်ဖြစ်ကြောင်း ရုရှားကော်ပိုရေးရှင်းက ပြောကြားခဲ့သည်။
အခြားလုပ်ဆောင်မှုများအဖြစ် Nauka မော်ဂျူး၏ပြတင်းပေါက်များကို သန့်ရှင်းရေးပြုလုပ်ရန်နှင့် မော်ဂျူးအတွင်းရှိ ဆီမီးကွန်ဒတ်တာ ပေါင်းစပ်စက်ကိရိယာအတွင်းရှိ cassette တစ်ခုကိုလဲလှယ်ရန်နှင့် ပြင်ပထိန်းချုပ်ရေးခလုတ်တစ်ခု နေရာ‌ရွှေ့ပြောင်းရန် ပါဝင်ကြောင်း Roscosmos က ထပ်မံပြောကြားခဲ့သည်။
ရုရှားအာကာသယာဥ်မှူးများသည် အောက်တိုဘာ ၁၆ ရက်က နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်းတွင် ခြောက်နာရီ၊ ၁၁ မိနစ်နှင့် ၁၂ စက္ကန့်ကြာမြင့်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် ပထမအကြိမ် အာကာသ လမ်းလျှောက်မှု ပြီးဆုံးခဲ့ကြောင်းသိရသည်။ (Xinhua)

……………………
(English Version)
Russian cosmonauts conduct 2nd spacewalk in 2025
MOSCOW, Oct. 28 (Xinhua) — Russian cosmonauts on Tuesday installed scientific equipment on the outer surface of the International Space Station (ISS) during their second spacewalk this year, Russia’s state space corporation Roscosmos said.
According to Roscosmos, cosmonauts Sergey Ryzhikov and Alexey Zubritsky are expected to work on the external surface of the ISS for 6.5 hours.
Their main task is to install equipment for the Impulse scientific experiment, which will allow scientists to study the properties of the Earth’s ionosphere, said the Russian corporation.
Other tasks include cleaning the window of the Nauka module, replacing a cassette in the semiconductor growth equipment on the module, and relocating an external control panel, it added.
On Oct. 16, Russian cosmonauts completed the first spacewalk of 2025 from the Russian segment of the ISS, which lasted for six hours, 11 minutes and 12 seconds.