Connect with us

Europe

ရုရှားနိုင်ငံက ပိုဆိုက်ဒန် ရေအောက်သွား မောင်းသူမဲ့ရေယာဉ်အား အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ဟု ပူတင် ပြော

ရုရှားနိုင်ငံ ဆိုချီမြို့တွင် Valdai International Discussion Club ၏ ၂၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ အမှာစကားပြောကြားနေသည့် ရုရှားသမ္မတ ဗလာတီမာ ပူတင်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်သုံး ပိုဆိုက်ဒန် ရေအောက်သွား မောင်းသူမဲ့ရေယာဉ်အား အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာတီမာ ပူတင်က အောက်တိုဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။

“ပထမဆုံးအကြိမ်အနေနဲ့ ကျွန်တော်တို့ဟာ မောင်းသူမဲ့ရေယာဉ်ကို ရေငုပ်သင်္ဘောတစ်စင်းကနေ အဟုန်မြှင့်စက်သုံးပြီး ရေချရာမှာ အောင်မြင်ခဲ့ရုံတင်မကဘဲ အဲဒီရေယာဉ်ကို အချိန်ကာလတစ်ခုကြာတဲ့အထိ စွမ်းအင်ပေးနိုင်တဲ့ နျူကလီးယား တွန်းကန်အားစနစ်ကိုလည်း အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့တယ်” ဟု မော်စကိုမြို့ရှိ စစ်ဆေးရုံတစ်ရုံသို့ သွားရောက်စဉ် ပူတင်က ပြောကြားခဲ့သည်။

ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်ကလည်း ပိုဆိုက်ဒန် မောင်းသူမဲ့ရေယာဉ်မှာ အလုံးစုံဆန်းသစ်သော နည်းပညာများကို ကိုယ်စားပြုကာ ရုရှားနိုင်ငံ၏ လုံခြုံရေးအတွက် ခြေလှမ်းသစ်တစ်ခုဖြစ်ကြောင်း၊ ယင်းနည်းပညာများအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် နိုင်ငံ၏စီးပွားရေးအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်မှုများကို နိုင်ငံတကာ စည်းမျဉ်းများ၊ အပြန်အလှန် သဘောတူညီချက်များနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Putin says Russia has successfully tested Poseidon unmanned underwater vehicle
MOSCOW, Oct. 29 (Xinhua) — Russian President Vladimir Putin said Wednesday his country has successfully tested the nuclear-powered Poseidon unmanned underwater vehicle.
“For the first time, we succeeded not only in launching it from a submarine using its booster engine, but also in activating its nuclear propulsion system, which powered the vehicle for a certain period of time,” Putin said during a visit to a military hospital in Moscow.
Kremlin spokesman Dmitry Peskov told journalists that Poseidon represents entirely new technologies and this is a new step in ensuring Russia’s security, adding that these technologies can be applied to the country’s economy for peaceful purposes.
The tests were conducted in accordance with all international rules and bilateral agreements, the spokesman said.
English Caption
Russian President Vladimir Putin speaks at the 22nd annual meeting of the Valdai International Discussion Club in Sochi, Russia, on Oct. 2, 2025. (Xinhua/Hao Jianwei)