ဂျေရုဆလမ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
တရားမဝင်တိုက်ခိုက်သူများအဖြစ် ဥပဒေအရထိန်းသိမ်းထားသည့် ထိန်းသိမ်းခံထားရသော ပါလက်စတိုင်းများဆီသို့ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) မှ ကိုယ်စားလှယ်များ သွားရောက်မှုကို အစ္စရေးက တားမြစ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz ကအောက်တိုဘာ ၂၉ ရက်၌ပြောကြားခဲ့သည်။
“နိုင်ငံတကာကြက်ခြေနီကော်မတီရဲ့ အကျဥ်းထောင်အတွင်းကအကြမ်းဖက်သမားများတွေဆီ လာရောက်မှုက အမျိုးသားလုံခြုံရေးကို ပြင်းပြင်းထန်ထန်ထိခိုက်စေလိမ့်မယ်ဆိုတဲ့ ကျွမ်းကျင်သူတွေရဲ့အမြင်သဘောထားက ကျွန်တော့်ကိုရှင်းရှင်းလင်းလင်း ညွှန်ပြနေပါတယ်” ဟု Katz က လာရောက်မှုကို ပိတ်ပင်တားမြစ်သည့် အမိန့်ထုတ်ပြန်ချက်တစ်ရပ်တွင် ရေးသားခဲ့သည်။
တရားမဝင်တိုက်ခိုက်သူများဥပဒေသည် ပါလက်စတိုင်းတစ်ဦးကို နိုင်ငံတကာ ဥပဒေအောက်တွင် အသိအမှတ် မပြုထားသူတစ်ဦး၊ တရားမဝင်တိုက်ခိုက်သူတစ်ဦးအဖြစ် သတ်မှတ်ရန် အစ္စရေးအား ခွင့်ပြုထားသည်။ ၎င်းတို့ကို တရားရုံးတင်စစ်ဆေးခြင်းမရှိပဲ အကန့်အသတ်မရှိထိန်းသိမ်းနိုင်ပြီး ရှေ့နေများနှင့် နိုင်ငံတကာ စောင့်ကြည့်သူများ ဆက်သွယ်ခွင့် ကန့်သတ်ခြင်းနှင့် ရွှေ့ပြောင်းမှုများ၊ စစ်မေးမှုများ ကန့်သတ်ချက်များပြုလုပ်ခြင်း သို့မဟုတ် ပုံမှန်တရားရေးလုပ်ငန်းစဥ်များပြင်ပတွင် ထိန်းသိမ်းခြင်းများ ခွင့်ပြုထားသည်။
အောက်တိုဘာအထိ အစ္စရေးဘက်မှ ပါလက်စတိုင်း ၂,၆၇၃ ဦးကို အဆိုပါဥပဒေဖြင့် ထိန်းသိမ်းထားကြောင်း အစ္စရေး လူ့အခွင့်အရေးဂရုအဖွဲ့ HaMoked ၏ အစ္စရေးအကျဥ်းဦးစီးဌာနမှ ရရှိထားသည့် အချက်အလက်များ အရ သိရသည်။ (Xinhua)
……………………..
(English Version)
Israel bars Red Cross visits to Palestinian detainees
JERUSALEM, Oct. 29 (Xinhua) — Israel barred representatives of the International Committee of the Red Cross (ICRC) from visiting Palestinian detainees held under a law classifying them as “unlawful combatants,” Israeli Defense Minister Israel Katz said Wednesday.
“The expert opinions presented to me clearly indicate that visits by the Red Cross to terrorists in prisons would seriously harm national security,” Katz wrote in a decree banning the visits.
The Unlawful Combatants Law allows Israel to classify a Palestinian as an “unlawful combatant,” a designation not recognized under international law, and to detain them indefinitely without trial, limit access to lawyers and international monitors, and impose restrictions on movement, interrogation, or detention outside the normal judicial process.
As of October, Israel holds 2,673 Palestinians under the law, according to data from the Israel Prison Service obtained by the Israeli human rights group HaMoked.
Photo : International Committee of the Red Cross vehicles are on their way to receive the Israeli hostages from Hamas in Gaza, south of Deir al-Balah in the central Gaza Strip, Oct. 13, 2025. (Photo by Rizek Abdeljawad/Xinhua)