Connect with us

Asia

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် ရေကြီးမှုများကြောင့် လူ ၁၀ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိရေကြီးနေသောလမ်းများပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသော ကားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟနွိုင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံအလယ်ပိုင်းရှိ ပြည်နယ်အများအပြားတွင် နေရာအနှံ့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးမှုများကြောင့် လူ ၁၀ ဦးသေဆုံးကာ ၂၂ ဦးဒဏ်ရာရခဲ့ပြီး ၈ ဦးပျောက်ဆုံးနေကြောင်း ဗီယက်နမ် နိုင်ငံ၊ ဘေးအန္တရာယ်နှင့်ဆည်မြောင်းစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့၏ အောက်တိုဘာ ၃၀ ရက် အစီရင်ခံစာ အရသိရသည်။
နေအိမ်ပေါင်း ၁၂၈,၀၀၀ ကျော် ရေနှစ်မြုပ်ခဲ့ပြီး အခြားနေအိမ် ၅၁ လုံးမှာ ပြိုကျခြင်း သို့မဟုတ် ရေစီးဖြင့်မျောပါခြင်းများ ဖြစ်ပွားခဲ့သလို လူနေရပ်ကွက်ပေါင်း ၉၀ ခန့် ရေနှစ်မြုပ်ခဲ့ကာ အိမ်ပေါင်း ၁၂၀ ကျော် ပျက်စီးခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
အလားတူ ရေကြီးမှုများကြောင့် စပါးနှင့် အခြားကောက်ပဲသီးနှံစိုက်ခင်း ၄,၃၀၀ ဟက်တာခန့် ရေနှစ်မြုပ်ခဲ့သလို သီးပင်စားပင်စိုက်ပျိုးဟက်တာ ၆၅၀ ကျော်ပျက်စီးခဲ့ကာ ကြက်ငှက်များနှင့် တိရစ္ဆာန် ၁၆,၃၀၀ ကျော် သေဆုံးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြင်းထန်သောမြေပြိုမှုများဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံတော်အဆင့်အဝေးပြေးလမ်းမအများအပြားနှင့် ဒေသတွင်းလမ်းပေါင်းဒါဇင်ချီတွင် ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကာ ပြည်နယ်အများအပြားတွင်လည်း နေရာအနှံ့ ယာဥ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဒေသတွင်းအာဏာပိုင်အဖွဲ့အစည်းများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဥ်များကို ဆက်လက် ဆောင်ရွက်နေသလို ပျက်စီးဆုံးရှုံးမှုပမာဏကိုတွက်ချက်နေဆဲဖြစ်ကာ ရေဘေးသင့်ဒဏ်ခံစားခဲ့ရသည့် ဒေသခံများသို့ အရေးပေါ်ကူညီကယ်ဆယ်မှုများကို ထောက်ပံ့ကူညီပေးထားကြောင်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။ (Xinhua)
……………………..
(English Version)
Floods leave 10 dead in central Vietnam
HANOI, Oct. 30 (Xinhua)
Heavy rains and floods have left 10 people dead, eight missing, and 22 injured across several central provinces of Vietnam, the Vietnam Disaster and Dyke Management Authority reported Thursday.
More than 128,000 houses were inundated, 51 others collapsed or were swept away, and over 120 houses were damaged with around 90 communes and wards being flooded, according to the report.
The floods also submerged about 4,300 hectares of rice and other crops, damaged over 650 hectares of fruit trees, and killed more than 16,300 livestock and poultry, the report added.
Severe landslides have blocked several national highways and dozens of local roads, causing traffic disruptions across multiple provinces.
Local authorities are continuing rescue operations, assessing damage, and providing emergency relief to affected residents, the report noted. ■
Photo:
Vehicles drive through flooded streets in Hanoi, Vietnam, Oct. 7, 2025.
(VNA/Handout via Xinhua)