Connect with us

International Organizations

ကိုင်ရို၌ လက်ပစ်ဘောကလပ်ကမ္ဘာ့ဖလားကို ဘာစီလိုနာ ဆွတ်ခူး

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ စပိန်နိုင်ငံမှ ဘာစီလိုနာအသင်းနှင့် ဟန်ဂေရီနိုင်ငံမှ Veszprem အသင်းတို့၏ ၁၈ ကြိမ်မြောက် IHF အမျိုးသားကလပ်ကမ္ဘာ့ချန်ပီယံရှစ် ၂၀၂၅ ခုနှစ်ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်အတွက် ဆုပေးပွဲအတွင်း အောင်ပွဲခံနေကြသည့် ဘာစီလိုနာအသင်းသားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ၏ ကိုင်ရိုမြို့ အရှေ့ဘက်ရှိ အုပ်ချုပ်ရေးမြို့တော်သစ် (NAC) တွင် ကျင်းပခဲ့သည့် နိုင်ငံတကာလက်ပစ်ဘောအဖွဲ့ချုပ် အမျိုးသားကလပ်ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌ စပိန်နိုင်ငံမှ ဘာစီလိုနာကလပ်အသင်းက အောက်တိုဘာ ၂ ရက်၌ အချိန်ပိုကစားပြီးနောက် ဟန်ဂေရီနိုင်ငံမှ ချန်ပီယံ Telekom Veszprem ကလပ်အသင်းအား ၃၁-၃၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နိုင်ငံတကာလက်ပစ်ဘောအဖွဲ့ချုပ် အမျိုးသားကလပ်ကမ္ဘာ့ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သည်။
ဗိုလ်လုပွဲသည် မိနစ် ၆၀ ပုံမှန်ကစားအပြီးတွင် ၂၁-၂၁ ဂိုးဖြင့် ပြီးစီးခဲ့ပြီး ဘာစီလိုနာအသင်းက အချိန်ပို၌ ပွတ်ကာသီကာ တစ်ဂိုးအသာဖြင့် ဆုဖလားကို ကိုင်မြှောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
လက်ပစ်ဘောချန်ပီယံရှစ်ပြိုင်ပွဲသည် လေးနှစ်ဆက်တိုက်အဖြစ် ယခုနှစ်ဖိုင်နယ်ပွဲစဉ်၌လည်း အချိန်ပိုကစားခဲ့သည်။ ပထမ ၁၀ မိနစ်အချိန်ပို ကုန်ဆုံးပြီးနောက် ယင်းဖိုင်နယ်ပွဲစဉ်မှာ ရှားရှားပါးပါးဒုတိယအချိန်ပိုပါ တိုးလာပြီး ပွဲကစားချိန် မိနစ် ၈၀ ဖြစ်ခဲ့သည်။
ဂိုးသမား အီမီလ်နီလ်ဆင်က ပြိုင်ဘက်ကိုထိန်းထားနိုင်ရန် အရေးကြီးသည့် ဂိုးဖမ်းမှုများစွာကို ပြုလုပ်ခဲ့သည့်အပြင် အလက်စ်ဂိုမက်ဇ် အဘီလိုက အပိတ်စက္ကန့်များတွင် အဆုံးအဖြတ်ဂိုးကို သွင်းယူနိုင်ခဲ့သောကြောင့် ဘာစီလိုနာအသင်းသည် အံ့အားသင့်ဖွယ်ပုံစံဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲကို စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပခဲ့ပြီး အီဂျစ်၊ ဂျာမနီနှင့် အမေရိကန်နိုင်ငံတို့မှ အသင်းများအပါအဝင် နိုင်ငံအဖွဲ့အစည်းခြောက်ခုမှ ကလပ်အသင်းကိုးခု ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ စပိန်နိုင်ငံမှ ဘာစီလိုနာအသင်းနှင့် ဟန်ဂေရီနိုင်ငံမှ Veszprem အသင်းတို့၏ ၁၈ ကြိမ်မြောက် IHF အမျိုးသားကလပ်ကမ္ဘာ့ချန်ပီယံရှစ် ၂၀၂၅ ခုနှစ်ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်အတွင်း ယှဉ်ပြိုင်ကစားနေသည့် ဘာစီလိုနာအသင်းမှ Timothey N’Guessan (အလယ်) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ စပိန်နိုင်ငံမှ ဘာစီလိုနာအသင်းနှင့် ဟန်ဂေရီနိုင်ငံမှ Veszprem အသင်းတို့၏ ၁၈ ကြိမ်မြောက် IHF အမျိုးသားကလပ်ကမ္ဘာ့ချန်ပီယံရှစ် ၂၀၂၅ ခုနှစ်ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်အတွင်း ယှဉ်ပြိုင်ကစားနေသည့် ဘာစီလိုနာအသင်းမှ Luis Diogo Da Sousa Frade (အလယ်) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရို၌ စပိန်နိုင်ငံမှ ဘာစီလိုနာအသင်းနှင့် ဟန်ဂေရီနိုင်ငံမှ Veszprem အသင်းတို့၏ ၁၈ ကြိမ်မြောက် IHF အမျိုးသားကလပ်ကမ္ဘာ့ချန်ပီယံရှစ် ၂၀၂၅ ခုနှစ်ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ်အတွင်း ယှဉ်ပြိုင်ကစားနေသည့် Veszprem အသင်းမှ Yehia El-Deraa (အလယ်) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Barcelona wins handball club world title in Cairo

CAIRO, Oct. 3 (Xinhua) — FC Barcelona claimed the International Handball Federation Men’s Club World Championship with a 31-30 victory over defending champion Telekom Veszprem of Hungary after extra time on Thursday in Egypt’s New Administrative Capital east of Cairo.

The final ended 21-21 after 60 minutes of regular play before Barcelona edged ahead in the additional periods to lift the trophy.

For the fourth straight year, the championship match went into overtime. After the first 10 minutes of extra time also ended level, the game extended to a rare second overtime, making it an 80-minute battle.

Barcelona sealed the win in dramatic fashion as Aleix Gomez Abello scored the decisive goal in the closing seconds, while goalkeeper Emil Nielsen made several crucial saves to keep them in contention.

The tournament ran from September 26 to October 2 and featured nine clubs from six confederations, including teams from Egypt, Germany and the United States. ■
English Caption 1
Players of FC Barcelona celebrate winning during the awarding ceremony for the final match of the 18th IHF Men’s Club World Championship 2025 between Veszprem HC of Hungary and FC Barcelona of Spain in Cairo, Egypt, on Oct. 2, 2025. (Xinhua/Ahmed Gomaa)
English Caption 2
Timothey N’Guessan (C) of FC Barcelona competes during the final match of the 18th IHF Men’s Club World Championship 2025 between Veszprem HC of Hungary and FC Barcelona of Spain in Cairo, Egypt, on Oct. 2, 2025. (Xinhua/Ahmed Gomaa)
English Caption 3
Luis Diogo Da Sousa Frade (C) of FC Barcelona competes during the final match of the 18th IHF Men’s Club World Championship 2025 between Veszprem HC of Hungary and FC Barcelona of Spain in Cairo, Egypt, on Oct. 2, 2025. (Xinhua/Ahmed Gomaa)
English Caption 4
Yehia El-Deraa (C) of Veszprem HC shoots during the final match of the 18th IHF Men’s Club World Championship 2025 between Veszprem HC of Hungary and FC Barcelona of Spain in Cairo, Egypt, on Oct. 2, 2025. (Xinhua/Ahmed Gomaa)