Asia
ဗီယက်နမ်အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် လူ ၁၃ ဦး သေဆုံး
 
																								
												
												
											ဟနွိုင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းပြည်နယ်များစွာတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၁၃ ဦး သေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးကာ ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ် သဘာဝဘေးအန္တရာယ်နှင့် ရေကာတာစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က အောက်တိုဘာ ၃၁ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အရ အိမ်ခြေ ၁၁၆,၀၀၀ ကျော် ရေလွှမ်းမိုးခံထားရပြီး အခြားအိမ် ၅၆ လုံး ပြိုကျခြင်း သို့မဟုတ် ရေစီးကြောင်း မျောပါသွားခြင်းနှင့် အိမ်ခြေ ၁၅၀ နီးပါး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရေကြီးမှုများကြောင့် ဆန်စပါးနှင့် အခြားသီးနှံ ဟက်တာ ၄,၉၀၀ နီးပါး ရေနစ်မြုပ်ခဲ့ပြီး သစ်သီးပင် ၇၉၀ ဟက်တာခန့် ပျက်စီးခဲ့ကာ မွေးမြူရေးတိရစ္ဆာန်နှင့် ကြက်ငှက်ကောင်ရေ ၁၇,၇၀၀ ကျော် သေဆုံးခဲ့ကြောင်း အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြထားသည်။
ပြည်နယ်နှင့် မြို့ကြီးလေးခုရှိ အိမ်ထောင်စု ၄၃၈,၀၀၀ ကျော်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ရလျက်ရှိကြောင်းလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
ထိုစဉ် ရုရှားအစိုးရက တဲများ၊ စောင်များ၊ ကယ်ဆယ်ရေးလှေများနှင့် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း ၂၉ တန်ကို Hue မြို့ရှိ ရေဘေးသင့်ဒေသခံများထံ ပေးပို့ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Floods leave 13 dead in central Vietnam
HANOI, Oct. 31 (Xinhua) — Heavy rains and floods have left 13 people dead, 11 missing, and 34 injured across several central provinces of Vietnam, the Vietnam Disaster and Dyke Management Authority reported Friday.
More than 116,000 houses remained inundated, 56 others collapsed or were swept away, and nearly 150 houses were damaged, according to the report.
The floods also submerged nearly 4,900 hectares of rice and other crops, damaged around 790 hectares of fruit trees, and killed more than 17,700 livestock and poultry, the report added.
Power outages have affected over 438,000 households in four provinces and cities, according to the report.
Meanwhile, 29 tons of relief supplies from the Russian government, including tents, blankets, rescue boats, and essential supplies, have been delivered to flood-hit residents in Hue city, the report said. ■
English Caption
Rescue personnel patrol inundated areas in Cao Bang Province, Vietnam, Oct. 7, 2025. (VNA/Handout via Xinhua)

 
									 
																	 
									 
																	 
									