International Organizations
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တရားဝင်အသုံးပြုမည့် ဘောလုံးအား ဖီဖာ မိတ်ဆက်ပြသ

ဝါရှင်တန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် တရားဝင်အသုံးပြုမည့် “ထရီယွန်ဒါ”ဟု အမည်ပေးထားသော ဘောလုံးအား အောက်တိုဘာ ၂ ရက်က မိတ်ဆက်ပြသခဲ့ရာ ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် အသွင်သစ်ဖြင့် ပထမဆုံးအကြိမ် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။
ယင်းနာမည်မှာ စပိန်ဘာသာမှ ဆင်းသက်လာခြင်းဖြစ်ကာ “လှိုင်းသုံးလှိုင်း” ဟု ဆီလျော်စွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး အိမ်ရှင်နိုင်ငံ သုံးနိုင်ငံ၏ စုစည်းညီညွတ်မှုကို ညွှန်းဆိုခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ ဘောလုံး၏ ဒီဇိုင်းပုံစံအား ကနေဒါနိုင်ငံ၏ မေပယ်ရွက်၊ မက္ကဆီကိုနိုင်ငံ၏ လင်းယုန်ငှက်နှင့် အမေရိကန်နိုင်ငံ၏ ကြယ် စသည့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အမှတ်သင်္ကေတများနှင့်အတူ အနီရောင်၊ အစိမ်းရောင်နှင့် အပြာရောင်တို့ဖြင့် ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။
အဆိုပါဘောလုံး၌ ပိုမိုခိုင်ခံ့သည့် ချုပ်ရိုးချုပ်သားများနှင့် ကြမ်းသောမျက်နှာပြင်တို့နှင့်အတူ အကွက်လေးကွက်ပါသည့် အသွင်ပုံစံဖြင့် ဆန်းသစ်ဖန်တီးထားခြင်းဖြစ်ကာ ထိုသို့ ဆန်းသစ်ပြောင်းလဲမှုများက တည်ငြိမ်မှု၊ မြဲမြံစွာဆုပ်ကိုင်နိုင်မှု၊ ထိန်းချုပ်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဖီဖာက ဆိုသည်။
ထို့ပြင် အဆိုပါ ဘောလုံး၌ ကွန်ရက်ချိတ်ဆက် နည်းပညာကိုလည်း ထည့်သွင်းထားပြီး ဘောလုံးထိချက်များကို အချိန်နှင့်တစ်ပြေးညီ ခြေရာခံစောင့်ကြည့်ရန် ဘောလုံးအတွင်း၌ ရွေ့လျားမှုအာရုံခံကိရိယာတစ်ခု ပါဝင်ကာ လူကျွံဘောများကို ဆုံးဖြတ်ခြင်း အပါအဝင် ပွဲတွင်းဆုံးဖြတ်ချက်များကို အထောက်အကူပြုနိုင်ရန်အတွက် ရရှိလာသည့် အချက်အလက်များကို ဗီဒီယိုအကူဒိုင်စနစ် (Video Assistant Referee) ထံသို့ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။
“ဒါက အပျံစားပါပဲ။ ကျင်းပဖူးသမျှထဲ အကြီးကျယ်အခမ်းနားဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီဘောလုံး ဂိုးပိုက်ထဲဝင်သွားတာကို မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး” ဟု ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုက အဆိုပါဘောလုံး မိတ်ဆက်ပွဲ၌ ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား ပထမဆုံးအကြိမ်အဖြစ် အသင်း ၄၈ သင်းအထိ တိုးချဲ့ကာ ကျင်းပသွားမည်ဖြစ်ပြီး မြောက်အမေရိကတိုက်ရှိ မြို့ကြီး ၁၆ မြို့တွင် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
FIFA unveils 2026 World Cup official match ball
WASHINGTON, Oct. 2 (Xinhua) — FIFA on Thursday unveiled the official match ball for the 2026 World Cup, “TRIONDA,” marking another milestone on the road to the first edition jointly hosted by Canada, Mexico and the United States.
The name, derived from Spanish, loosely translates as “three waves” and refers to the unity of the three host nations. The design incorporates red, green and blue, with symbols of each country – Canada’s maple leaf, Mexico’s eagle and the United States’ star.
The ball uses a new four-panel construction with deeper seams and textured surfaces, changes FIFA says are intended to improve stability, grip and control.
It also includes connected ball technology, with a motion sensor inside to track touches in real time. The data will be transmitted to the Video Assistant Referee system to help make decisions, including on offside rulings.
“This is a beauty,” FIFA President Gianni Infantino said at the launch. “I can’t wait to see this ball hitting the back of the net at the greatest World Cup ever.”
The 2026 World Cup will be the first to expand to 48 teams. It is scheduled to run from June 11 to July 19 across 16 cities in North America.
English Caption
This photo shows “TRIONDA,” the official match ball for the 2026 FIFA World Cup. (Photo credit to FIFA)