Connect with us

Asia

ရေရှည်တည်တံ့သော အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တောင်ကိုရီးယားတွင် APEC ခေါင်းဆောင်များ တွေ့ဆုံ

တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့တွင် ၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး၏ ပထမအကြိမ် အစည်းအဝေးအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်က စတင်ကျင်းပလျက်ရှိရာ မီဒီယာစင်တာ၌ သတင်းယူနေသော သတင်းထောက်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဂယောင်းဂျူ၊ တောင်ကိုရီးယား၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

၃၂ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးအား တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့တွင် အောက်တိုဘာ ၃၁ ရက်က စတင်ကျင်းပခဲ့ကာ အစည်းအဝေး တက်ရောက်လာသည့် ခေါင်းဆောင်များအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့သော အနာဂတ်ကိုရည်မျှော်၍ ဘုံတူညီသော လမ်းကြောင်းတစ်ခုကိုလည်း ချမှတ်ရေးဆွဲသွားမည်ဖြစ်သည်။

ထိုအစည်းအဝေးအား သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ကမ္ဘာကြီးအနေဖြင့် အရေးပါသော အချိုးအကွေ့ကာလတစ်ခုသို့ ရောက်ရှိနေချိန်တွင် စိန်ခေါ်မှုအသစ်များကို ကျော်လွှားနိုင်ရန် ဒေသတွင်းနိုင်ငံများအကြား ပိုမိုကျယ်ပြန့်‌သော ပူးပေါင်းဆောင်ရွက်မှု၊ ညီညွတ်မှုရှိရေးအတွက် တိုက်တွန်းပြောဆိုခဲ့သည်။
လွတ်လပ်သော ကုန်သွယ်ရေးစနစ်မှာ သိသာထင်ရှားသော အပြောင်းအလဲများနှင့် ကြုံတွေ့နေရသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မရေရာမှုများမှာ ပိုမိုနက်ရှိုင်းလာခဲ့ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမှာလည်း အရှိန်အဟုန်လျော့ကျလာသည်ဟု လီက မှတ်ချက်ပြုခဲ့သည်။
ဉာဏ်ရည်တုနည်းပညာကြောင့် ဖြစ်ပေါ်လာသော နည်းပညာပိုင်း ဆန်းသစ်ပြောင်းလဲမှုက မကြုံဖူးသေးသည့် အကျပ်အတည်းတစ်ခုကို ဖြစ်ပေါ်စေသကဲ့သို့ မကြုံဖူးသေးသည့် အခွင့်အလမ်းတစ်ခုကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ကြဉ်းပေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဟာ ဘုံသာယာဝပြောရေးဆိုတဲ့ မူလရည်မှန်းချက်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်” ဟု လီက အလေးအနက်ပြောကြားခဲ့သည်။
ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် တစ်ဖက်သတ်ဝါဒတို့ ပြန်လည်ခေါင်းထောင်လာမှုနှင့်အတူ နိုင်ငံတကာ စီးပွားရေးဝန်းကျင်၌ မရေရာမှုများ မြင့်တက်လျက်ရှိခြင်းက အစဉ်အလာအားဖြင့် လွတ်လပ်သောကုန်သွယ်ရေး စနစ်ကို ပြန်လည်ပုံဖော်နေချိန်တွင် ယခုအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။
အရှိန်အဟုန်မြင့်တက်လာသော စီးပွားရေးအင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာ အားပြိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ကွင်းဆက်များကို ပြန်လည်ဖွဲ့စည်းမှုတို့က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုရှုပ်ထွေးခက်ခဲစေခဲ့သည်။

တစ်ချိန်တည်းတွင် APEC အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သက်ကြီးရွယ်အိုလူဦးရေ တိုးပွားလာခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ကွာဟချက်များ ပိုမိုကျယ်ပြန့်လာခြင်းတို့မှသည် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု ဟန်ချက်မညီခြင်းနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှုအတွက် ကုန်ကျစရိတ် မြင့်တက်လာခြင်းတို့အထိ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရလျက်ရှိသည်။
“ရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်၏ လမ်းညွှန်မှုအောက်တွင် ယခုနှစ် APEC အစည်းအဝေးအစီအစဉ်မှာ ဒေသတွင်း ပေါင်းကူးဆက်သွယ်မှုကို အဆင့်မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်အားပေးရန်၊ အာရှ-ပစိဖိတ်ဒေသအတွက် ပိုမိုကြံ့ကြံ့ခံနိုင်စွမ်းရှိသော အနာဂတ်ကို ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်တွင် APEC အဖွဲ့ဝင်နိုင်ငံအားလုံး၏ ဂျီဒီပီတန်ဖိုးမှာ ကမ္ဘာ့ဂျီဒီပီ စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုလျက်ရှိသည်။ APEC အဖွဲ့၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ ၂၀၂၅ ခုနှစ်တွင် ၃.၁ ရာခိုင်နှုန်း ရှိနိုင်သည်ဟု ခန့်မှန်းထားကာ အစောပိုင်း ခန့်မှန်းချက်များထက် အနည်းငယ်မြင့်တက်လာသည်ဟု လတ်တလော ထုတ်ပြန်ခဲ့သည့် APEC Regional Trends Analysis အစီရင်ခံစာအရ သိရသည်။
ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ကုန်သွယ်မှုနှင့် နည်းပညာမြင့် ထုတ်ကုန်များအပေါ် ဝယ်လိုအား အခိုင်အမာရှိနေခြင်းတို့ကြောင့် ယခုကဲ့သို့ တိုးမြှင့်ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ သို့သော် ပြည်သူ့ကြွေးမြီ မြင့်တက်လာခြင်းနှင့် ယာယီမောင်းနှင်အားများ အားလျော့လာခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်တွင်မူ စီးပွားရေးတိုးတက်မှုမှာ ၂.၉ ရာခိုင်နှုန်းသို့ လျော့ကျသွားဖွယ်ရှိကြောင်း ထိုအစီရင်ခံစာ၌ သတိပေးထားသည်။
၁၉၈၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော APEC အဖွဲ့မှာ စီးပွားရေးဖွံ့ဖြိုးမှု၏ အားအင်ပြည့်ဝသော မောင်းနှင်အားဖြစ်လာသကဲ့သို့ အာရှ-ပစိဖိတ်ဒေသ၏ အရေးအပါဆုံး ဒေသတွင်းဖိုရမ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။ (Xinhua)

တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူမြို့ရှိ မီဒီယာစင်တာ၏ အပြင်ဘက်မျက်နှာစာအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
APEC leaders meet in S. Korea to deepen cooperation for sustainable future
GYEONGJU, South Korea, Oct. 31 (Xinhua) — The 32nd Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting kicked off in Gyeongju, South Korea, on Friday, with leaders gathering to seek stronger economic cooperation and chart a shared path toward a sustainable future.
Chairing the meeting, South Korean President Lee Jae-myung called for greater cooperation and solidarity among the region to overcome new challenges as the world is at a major turning point.
As the free trade order undergoes dramatic changes, global economic uncertainty is deepening, and trade and investment are losing momentum, Lee noted.
The technological revolution represented by artificial intelligence presents an unprecedented crisis and at the same time an unprecedented opportunity, he said.
“We can join together for the ultimate goal of shared prosperity,” Lee stressed.
The meeting came as rising uncertainty in the international economic environment, coupled with the resurgence of protectionism and unilateralism, is reshaping the traditional free-trade order.
Intensifying strategic competition among major economies and the restructuring of global supply chains have further complicated regional cooperation.
At the same time, APEC members face multiple structural challenges, from accelerating population aging and widening development gaps to uneven digital transformation and the rising costs of green transition.
Guided by the theme “Building a Sustainable Tomorrow,” this year’s APEC agenda aimed to advance regional connectivity, spur innovation-driven growth, and create a more resilient future for the Asia-Pacific.
In 2025, APEC members collectively account for over 60 percent of the world’s total GDP. Economic growth in the APEC region is projected at 3.1 percent in 2025, slightly higher than earlier estimates, according to the latest APEC Regional Trends Analysis.
The upgraded forecast was supported by resilient trade and strong demand for high-tech goods. However, the report warned that growth could ease to 2.9 percent in 2026 as public debt rises and temporary drivers fade.
Established in 1989, APEC has become a dynamic engine of economic growth and one of the Asia Pacific’s most important regional forums. Enditem
English Caption 1
Journalists work at the media center in Gyeongju, South Korea, Oct. 31, 2025. The first session of the 32nd Asia-Pacific Economic Cooperation (APEC) Economic Leaders’ Meeting kicked off in Gyeongju, South Korea, on Friday. (Xinhua/Jia Haocheng)
English Caption 2
This photo shows the exterior view of the media center in Gyeongju, South Korea, Oct. 31, 2025. (Xinhua/Yao Qilin)