North America
အစိုးရယန္တရားရပ်ဆိုင်းမှု နိုဝင်ဘာလအထိ ဆက်လက်ကြာမြင့်မည်ဆိုပါက လေကြောင်းကဏ္ဍအတွက် ကပ်ဆိုက်မှုဖြစ်လာနိုင်ဟု အမေရိကန် ဒုတိယသမ္မတ သတိပေး
 
																								
												
												
											ဝါရှင်တန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်အစိုးရယန္တရား ယာယီရပ်ဆိုင်းမှုမှာ နိုဝင်ဘာလအထိ ဆက်လက်ကြာမြင့်မည်ဆိုပါက လေကြောင်းထိန်းဝန်ထမ်းများအနေဖြင့် လစာမရရှိခြင်းများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ရာ အားလပ်ရက် ခရီးသွားရာသီ နီးကပ်လာချိန်တွင် နိုင်ငံ၏ လေကြောင်းခရီးသွားလာရေးစနစ်အား ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေဖွယ်ရှိကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က အောက်တိုဘာ ၃၀ ရက်၌ သတိပေးခဲ့သည်။
“အဲဒါက ကပ်ဆိုက်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ တကယ့်ကို အဲဒီအတိုင်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက လူတွေ လုပ်အားခသုံးကြိမ်မရတဲ့အကြောင်း ပြောကြတယ်လေ။ သူတို့ လုပ်အားခမရခဲ့တာ လေးကြိမ်ရှိပြီ” ဟု လေကြောင်းလုပ်ငန်း အကြီးအကဲများနှင့် အစည်းအဝေး ပြုလုပ်ပြီးနောက် အိမ်ဖြူတော်တွင် အောက်တိုဘာ ၃၀ ရက်၌ ဗန့်စ်က ပြောကြားခဲ့သည်။
“လေကြောင်းစနစ် ဆက်ပြီးလည်ပတ်နိုင်အောင် လုပ်ဆောင်ပေးနေတဲ့သူတွေ သူတို့မိသားစုတွေကို မကျွေးမွေးနိုင်တော့မှာကို၊ ဘဝကို အဆင်ပြေပြေ ဖြတ်သန်းစေနိုင်တဲ့ အရာတချို့အတွက် ငွေကြေးမတတ်နိုင်တော့မှာကို ကျွန်တော်တို့ ဖြစ်စေချင်ပါ့မလား” ဟု ဗန့်စ်က ဆိုသည်။
“ကျွန်တော်တို့လည်း သူတို့အတွက် ကောင်းမွန်တဲ့ဘဝတစ်ခုကို ဖန်တီးပေးနိုင်ဖို့ ဆန္ဒရှိပါတယ်။ အဲဒီလိုဖြစ်လာဖို့ တစ်ခုတည်းသော နည်းလမ်းက အစိုးရယန္တရား ပြန်လည်ပတ်နိုင်ဖို့ပါပဲ” ဟု ၎င်းက ပြောသည်။
ဒီမိုကရက်များက ဓားစာခံလုပ်ကာ အစိုးရယန္တရား ဆက်လက်ရပ်ဆိုင်းအောင် လုပ်ဆောင်ရန် ကြိုးပမ်းနေသည်ဟုလည်း ဗန့်စ်က အပြစ်တင်ခဲ့သည်။ “အဲဒီရူးမိုက်တဲ့လုပ်ရပ်ကို ရပ်တန်းကရပ်ပြီး အစိုးရယန္တရား ပြန်လည်ပတ်နိုင်အောင်လုပ်ကြပါ” ဟု ဗန့်စ်က ပြောကြားခဲ့သည်။
လေကြောင်းထိန်းဝန်ထမ်းများ လစာမရရှိကြသည့် အခြေအနေကို ထပ်တလဲလဲ သတိပေးခဲ့သည့် အမေရိကန် ပို့ဆောင်ရေးဝန်ကြီး ရှောင်ဒက်ဖီကလည်း အောက်တိုဘာလမှာ ခရီးသွားလာမှု အရှိန်အဟုန် အတော်အတန် နှေးကွေးသည့်လ ဖြစ်သော်လည်း နိုဝင်ဘာလရောက်ချိန်တွင် ခရီးသွားလာမှု အရှိန်အဟုန် အားကောင်းလာမည်ဟု အောက်တိုဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။
အစိုးရယန္တရား ယာယီရပ်ဆိုင်းမှု ကြာမြင့်လာသည်နှင့်အမျှ လေကြောင်းထိန်းဝန်ထမ်းများကြား မကျေနပ်မှုများနှင့် စိုးရိမ်မှုများရှိလာကြောင်း၊ ယခုအခါ ၎င်းတို့၏ စိတ်ဖိစီးမှုအခြေအနေမှာ လက်မခံနိုင်သော အဆင့်ကို ရောက်ရှိနေကြောင်း ဖီလာဒဲလ်ဖီးယား အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒက်ဖီက ပြောကြားခဲ့သည်။
လက်ရှိမှာပင် လေကြောင်းထိန်းစနစ်အတွက် လေကြောင်းထိန်းဝန်ထမ်း ၂,၀၀၀ မှ ၃,၀၀၀ အထိ လိုအပ်လျက်ရှိကြောင်း၊ ထိုအရေအတွက်အား တိုးမြှင့်မည့် အစီအစဉ်မှာ နှစ်အနည်းငယ် အချိန်ယူရမည်ဖြစ်ကြောင်း ဒက်ဖီက ပြောကြားခဲ့သည်။ ယခုလမှစ၍ လေကြောင်းထိန်းဝန်ထမ်း ၁၃,၀၀၀ ခန့်မှာ လစာမရဘဲ ဆက်လက်အလုပ်လုပ်နေကြရသည်ဟု သိရသည်။
နိုင်ငံလုံးဆိုင်ရာ လေကြောင်းထိန်းဝန်ထမ်းများအဖွဲ့အစည်း ဥက္ကဋ္ဌဖြစ်သူ နစ်ခ် ဒန်နီရယ်က အစိုးရယန္တရား ရပ်ဆိုင်းမှု ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် လေကြောင်းထိန်းဝန်ထမ်းများမှာ လစာမရဘဲ အလုပ်လုပ်နေရခြင်းကြောင့် မလိုလားအပ်သော အာရုံပျံ့လွင့်မှုများ ဖြစ်ပေါ်စေနိုင်ကာ ၎င်းတို့အနေဖြင့် အလုပ်ထဲတွင် အပြည့်အဝ အာရုံစိုက်နိုင်ခြင်း မရှိသည့်အတွက် လေကြောင်းထိန်းစနစ် ဘေးကင်းလုံခြုံမှုကို လျော့ကျစေသည်ဟု အောက်တိုဘာ ၂၄ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အောက်တိုဘာ ၃၀ ရက်၌ အမေရိကန်ပြည်တွင်းနှင့် ဆိုက်ရောက်/ထွက်ခွာ လေယာဉ်ခရီးစဉ် ၆,၀၀၀ ကျော် နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်ခဲ့ကာ လေယာဉ်ခရီးစဉ် ၁,၀၀၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရသည်ဟု FlightAware နည်းပညာကုမ္ပဏီ၏ အဆိုအရ သိရသည်။
ဖက်ဒရယ်အစိုးရယန္တရား ယာယီရပ်ဆိုင်းမှုမှာ ယခုအခါ သီတင်းပတ်ငါးပတ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သလို မကြာမီတွင်လည်း သမိုင်းတစ်လျှောက် အကြာမြင့်ဆုံးအဖြစ် စံချိန်တင်ဖွယ်ရှိနေသော်လည်း ဒီမိုကရက်တစ်ပါတီနှင့် ရီပက်ဘလစ်ကန်ပါတီတို့ကြား သဘောတူညီမှုရရှိရန် အလားအလာ နည်းပါးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
U.S. vice president warns of aviation “disaster” if gov’t shutdown drags well into November
WASHINGTON, Oct. 30 (Xinhua) — U.S. Vice President JD Vance warned Thursday that if the government shutdown drags well into November, air traffic controllers will continue missing paychecks, potentially disrupting the nation’s air travel system as the holiday travel season approaches.
“It could be a disaster, it really could be, because at that point you’re talking about people missing three paychecks, they’ve missed four paychecks,” Vance said at the White House on Thursday after a meeting with aviation industry leaders.
“Do we want those people who keep the aviation system running to not be able to feed their families, to not be able to pay for some of the things that make life worth living?” Vance said.
“We want them to be able to afford a good life. The only way for that to happen is to reopen the government,” he said.
Vance blamed Democrats for “trying to take a hostage” and keeping the government closed. “Stop this craziness and open the government,” he said.
Transportation Secretary Sean Duffy, who has repeatedly warned of the danger of air traffic controllers missing paychecks, said on Thursday that October has been a relatively slow travel month, “but as we go into November, travel picks up.”
In a press conference at Philadelphia International Airport on Oct. 24, Duffy said there is frustration and anxiety among air traffic controllers as the government shutdown drags on, and the stress level they are under right now is “unacceptable.”
Duffy noted that the system is already short of 2,000 to 3,000 air traffic controllers and that a plan to increase that number will take a couple of years. Starting this month, some 13,000 air traffic controllers have continued working without pay.
At a press conference on Oct. 24, Nick Daniels, president of the National Air Traffic Controllers Association, said that as this shutdown continues and air traffic controllers are not paid for the work they do, “that leads to an unnecessary distraction, and they cannot be 100 percent focused on their jobs, which makes this system less safe.”
According to FlightAware, more than 6,000 flights within, into or out of the United States were delayed on Thursday, with over 1,000 cancellations.
The federal government shutdown is now in its fifth week and could soon set an all-time record, with little sign of compromise between the Democratic and Republican parties.
English Caption
U.S. Vice President JD Vance (C, front) answers a reporter’s question at the White House in Washington, D. C., the United States, Oct. 30, 2025. (Xinhua/Hu Yousong)

 
									 
																	 
									 
																			 
									