Asia
အင်ဒိုနီးရှားနိုင်ငံ၏ မြေအပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ချေးငွေ ADB အတည်ပြု
 
																								
												
												
											မနီလာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ၏ မြေအပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပိုမိုမြှင့်တင်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံပိုင်ကုမ္ပဏီ PT Geo Dipa Energy ကို ပံ့ပိုးရန် ဒုတိယအကြိမ်မြောက် နောက်ထပ်ငွေကြေးပံ့ပိုးမှုအဖြစ် ချေးငွေ အမေရိကန်ဒေါ်လာ ၁၈၀ သန်းကို အောက်တိုဘာ ၃၀ ရက်၌ အတည်ပြုလိုက်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ထုတ်ပြန်ခဲ့သည်။
မြေအောက်အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းမှာ ဂျာဗားကျွန်းတွင် ၅၅ မဂ္ဂါဝပ်စီရှိကြသည့် မြေအောက်အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှစ်ခု တည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်းတို့ကို ပံ့ပိုးပေးကြောင်း ADB မှ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ထိုစီမံကိန်းသည် ဂျာဗား-ဘာလီ လျှပ်စစ်ဓာတ်အားလိုင်းသို့ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အခြေခံလျှပ်စစ်ဓာတ်အားပမာဏကို ပံ့ပိုးပေးမည်ဖြစ်ပြီး တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို တန်ချိန် ၅၅၀,၀၀၀ ကျော် လျှော့ချပေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာ၌ အခြေစိုက်သည့် ၎င်းဘဏ်က ထုတ်ပြန်ခဲ့သည်။
အဆိုပါနောက်ထပ်ငွေကြေးထောက်ပံ့မှုသည် မြင့်တက်လာသော ကုန်ကျစရိတ်များကို ဆန့်ကျင်၍ စီမံကိန်းပြီးစီးမှုနှင့် နိုင်ငံ၏ သန့်ရှင်းသောစွမ်းအင်နှင့် ရာသီဥတုရည်မှန်းချက်များဆီသို့ တိုးတက်မှုကို ထိန်းသိမ်းရန် အာရုံစိုက်မည်ဖြစ်ကြောင်း ADB မှ ထုတ်ပြန်ခဲ့သည်။
“PT Geo Dipa Energy ဟာ မြေအပူစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုရဲ့ နောက်တစ်ဆင့်ကို မောင်းနှင်ရာမှာ အရှိန်အဟုန်မြှင့်တင်ပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အင်ဒိုနီးရှားရဲ့ မြေအပူစွမ်းအင်အသုံးချနိုင်စွမ်းကို တိုးချဲ့ဖို့နဲ့ ပိုမိုသန့်ရှင်းပြီး ပိုမိုကြံ့ကြံ့ခံနိုင်တဲ့ စွမ်းအင်အနာဂတ်ဆီ ဦးတည်ရွေ့လျားမှုကို အရှိန်မြှင့်တင်ဖို့ ကျွန်တော်တို့ရဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်” ဟု အင်ဒိုနီးရှားဆိုင်ရာ ADB ဒါရိုက်တာ Jiro Tominaga က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
ADB approves 180 mln USD loan to boost Indonesia’s geothermal electricity generation
MANILA, Oct. 31 (Xinhua) — The Asian Development Bank (ADB) Friday said that it has approved a 180-million-U.S.-dollar loan as the second additional financing to support PT Geo Dipa Energy, an Indonesian state-owned company, to further boost the country’s geothermal electricity generation.
The Geothermal Power Generation Project supports the construction and commissioning of two geothermal plants, each with a capacity of 55 megawatts, in Java Island, the ADB said in a press release.
The project will provide environmentally friendly base-load electricity to the Java-Bali electricity grid, reducing carbon dioxide emissions by more than 550,000 tons per year, the Manila-based bank said.
The additional financing will focus on supporting project completion against increasing costs and sustaining progress toward the country’s clean energy and climate goals, the ADB said.
“PT Geo Dipa Energy plays a catalytic role in driving the next phase of geothermal development. We look forward to continuing our close collaboration to expand Indonesia’s geothermal capacity and accelerate the shift toward a cleaner, more resilient energy future,” said ADB Country Director for Indonesia Jiro Tominaga. ■
English Caption
File photo taken on Sept. 16, 2008 shows the logo of the Asian Development Bank (ADB) at its headquarters in Manila, capital of the Philippines. (Xinhua/Liu Hua)

 
									 
																			 
									 
																	 
									