Connect with us

International Organizations

၂၀၂၆ ခုနှစ်ပြိုင်ပွဲ၌ ပွဲတော်နှင့် ဖျော်ဖြေမှု ပါဝင်စေရန် World Skate ကတိပြု

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီးနိုင်ငံ) Sharjah မြို့တွင် ၂၀၂၂ ခုနှစ် Skateboarding Street and Park ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ၌ အမျိုးသမီး park open ခြေစစ်ပွဲအတွင်း ယှဉ်ပြိုင်ကစားနေသည့် တရုတ်နိုင်ငံမှ Mao Jiasi ကို ၂၀၂၃ ခုနှစ် ဖေ‌ဖော်ဝါရီ ၈ ရက်က ‌တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
ကမ္ဘာ့စကိတ်အဖွဲ့ချုပ်ဖြစ်သည့် World Skate က ပါရာဂွေးနိုင်ငံ မြို့တော် အာဆွန်စီယွန်၌ ကျင်းပပြုလုပ်မည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့စကိတ်အားကစားပြိုင်ပွဲတွင် အားကစားနှင့် ဖျော်ဖြေရေးပွဲတော် ပါဝင်စေရန် ကတိပြုခဲ့သည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက်မှ ၁၈ ရက်အထိ ကျင်းပမည့် အဆိုပါကမ္ဘာ့စကိတ်အားကစားပြိုင်ပွဲ၌ အားကစားသမား ၁၂,၀၀၀ ကျော်က အားကစားနည်း ၁၂ မျိုး၊ e-Sport တစ်မျိုးနှင့် အားကစားပညာရပ် ၂၃ မျိုးကို ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး စုစုပေါင်း ဆုတံဆိပ် ၁၅၄ ခု ချီးမြှင့်မည်ဖြစ်သည်။
“လူငယ်တွေနဲ့ အနာဂတ်ကို ရှေးရှုတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပါရာဂွေးနိုင်ငံမှာ ကျွန်တော်တို့အားကစားပြိုင်ပွဲရဲ့ ပဉ္စမအကြိမ်ပြိုင်ပွဲကို ကျင်းပရမယ့်အတွက် ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်” ဟု World Skate ဥက္ကဋ္ဌ Sabatino Aracu က ပြောကြားခဲ့သည်။ “ပါရာဂွေးက World Skate ရဲ့ တကယ့်စိတ်ဝိညာဉ်ဖြစ်တဲ့ မြို့ပြနဲ့ ရေရှည်တည်တံ့တဲ့ အားကစားစိတ်ဓာတ်ကို အပြည့်အဝ ထင်ဟပ်စေပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
World Skate promises festival and entertainment in its 2026 Games
GENEVA, Oct. 6 (Xinhua) — World Skate has promised a festival of sport and entertainment in the 2026 World Skate Games in Paraguay’s capital Asuncion.
Over 12,000 athletes will compete in 12 sports, one e-sport and 23 disciplines from October 2 to 18, 2026, with a total of 154 goal medals to be awarded.
“We are thrilled to bring the fifth edition of our Games to Paraguay – a country that breathes youth and future,” said World Skate President Sabatino Aracu. “Paraguay perfectly reflects the spirit of the urban and sustainable sports that are the very soul of World Skate.” ■
English Caption
Mao Jiasi of China competes during the women’s park open qualifiers at the 2022 Skateboarding Street and Park World Championships in Sharjah, the United Arab Emirates (UAE), Feb. 8, 2023. (Xinhua/Wang Dongzhen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.