International Organizations
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် အသင်းလူစာရင်းအတွက် လမ်းဖွင့်ထားဆဲဖြစ်ဟု အာဂျင်တီးနားနည်းပြ ဆို

မိုင်ယာမီ၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
အာဂျင်တီးနား လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ဗင်နီဇွဲလား၊ ပွာတိုရီကိုအသင်းတို့နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ပြင်ဆင်နေစဉ် အသင်းနည်းပြဖြစ်သူ လီယွန်နယ် စကာလိုနီက ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းလူစာရင်းအတွက် လမ်းဖွင့်ထားဆဲဖြစ်သည်ဟု အောက်တိုဘာ ၇ ရက်က ပြောကြားခဲ့သည်။
အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ နိုင်ငံတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အဆိုပါ ခြေစမ်းပွဲများတွင် ကစားသမားသစ်များကို စမ်းသပ်အသုံးပြုသွားမည်ဟု ၎င်းက ဆိုသည်။
“ပုံမှန်အတိုင်းပဲ ကျွန်တော်တို့ဟာ ကစားသမားသစ်တွေ အံဝင်မဝင် သိရအောင် သူတို့ကို အခွင့်အရေးပေးဖို့ ကြိုးစားသွားမှာပါ” ဟု ဟာ့ဒ်ရော့ခ် အားကစားကွင်း၌ အောက်တိုဘာ ၁၀ ရက်တွင် ဗင်နီဇွဲလားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်မတိုင်မီ စကာလိုနီက ပြောကြားခဲ့သည်။ “အဲဒီပွဲတွေမှာ မတူညီတဲ့ ကစားသမားတွေကို စမ်းသုံးကြည့်ဖို့ စိတ်ကူးထားပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံအသင်းမှာ ရှီကာဂိုမြို့ရှိ Soldier Field အားကစားကွင်း၌ ပွာတိုရီကိုအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်မကစားမီ ပြန်လည်အားမွေးရန် သုံးရက်အချိန်ရမည်ဖြစ်သည်။
အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားလူစာရင်း၌ အများစုမှာ အထိုင်ကျပြီးသားဖြစ်သော်လည်း ကာတာတွင် ကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် ပြိုင်ပွဲမတိုင်မီကကဲ့သို့ပင် အချိန်နီးကပ်မှ အပြောင်းအလဲများ ရှိလာနိုင်သည်ဟု စကာလိုနီက ဝန်ခံပြောဆိုခဲ့သည်။
“ကျွန်တော်တို့မှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိပေမဲ့ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ကျွန်တော်တို့ မသိနိုင်ပါဘူး။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း အချိန်နီးကပ်တော့မှ ကစားသမားတွေ နုတ်ထွက်သွားတဲ့အဖြစ်မျိုးနဲ့ ကြုံခဲ့ရတယ်လေ။ အသင်းလူစာရင်းမှာ အများစုက အထိုင်ကျပြီးသားဆိုတာ မှန်ပေမဲ့ ဖြစ်လာနိုင်တဲ့အရာတွေအတွက် ကျွန်တော်တို့ လမ်းဖွင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
“လောလောဆယ်မှာ ကစားသမားသစ်တွေ ရွေးချယ်ထားသလို ကျွန်တော်တို့က သင့်တော်တယ်လို့ ယူဆတယ်ဆိုရင် ကစားသမားသစ်တွေကို ထပ်ပြီးရွေးချယ်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အာဂျင်တီးနားအသင်းမှာ လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကဇုန် အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်သည်။
အာဂျင်တီးနားနည်းပြ စကာလိုနီက အသင်း၏ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပွဲစဉ်အားလုံးကို အလေးအနက်ထားမည်ဖြစ်ကြောင်း၊ အာဂျင်တီးနားအသင်း ပါဝင်ကစားမည့် မည်သည့်ပွဲစဉ်ကိုမဆို ခြေစမ်းပွဲဟု သဘောထားမည်မဟုတ်ကြောင်း အလေးအနက်ပြောကြားခဲ့သည်။
“တရားဝင်ပွဲစဉ်ပဲဖြစ်ဖြစ် ချစ်ကြည်ရေးခြေစမ်းပွဲပဲဖြစ်ဖြစ် နိုင်ငံတကာ ပွဲစဉ်တွေရှိတိုင်း တစ်မူထူးခြားတဲ့ အခွင့်အလမ်းတစ်ခုကို ပေးနိုင်တယ်လို့ ခံစားမိပါတယ်။ ရှေ့လာမယ့်ပွဲစဉ်တွေက သိပ်ကိုအရေးကြီးပြီး တော်တော်များများက အရှုံးအနိုင် အဖြေပေါ်နိုင်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန်ကစားသွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က အာဂျင်တီးနားအသင်းနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ အာဂျင်တီးနားအသင်း ပရိသတ်များအား တွေ့ရစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က အာဂျင်တီးနားအသင်းနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်မတိုင်မီ အာဂျင်တီးနား ကစားသမားများနှင့်အတူ လီယွန်နယ် မက်ဆီ၏ သားများ အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)
………………..
(English Version)
Argentina boss says World Cup squad still open
MIAMI, Oct. 7 (Xinhua) — Argentina manager Lionel Scaloni said Tuesday that places in his 2026 World Cup squad were still open as the Albiceleste prepares for friendlies against Venezuela and Puerto Rico.
He said the matches would be used to test new players ahead of the tournament in the United States, Mexico and Canada.
“Naturally, we are going to try to give a chance to new players, to see if they can get on board,” he said ahead of Friday’s clash against Venezuela at Hard Rock Stadium. “That is the idea – to use these matches to try different players.”
The reigning World Cup champions will have three days to recover from that match before facing Puerto Rico at Soldier Field in Chicago.
While admitting most of his World Cup squad was already settled, Scaloni said there could be late changes, as there were before the 2022 tournament in Qatar.
“You never know, because even though we have the base, we don’t know what might happen,” he said. “We have the experience of the last World Cup, when players dropped out at the last moment. It’s true that most of the squad is settled, but we are open to whatever may come.
“New players have come in now and will keep coming if we believe it is appropriate.”
Argentina earned its place in next year’s edition of football’s showpiece tournament by topping the South American qualifying group.
Scaloni said all of the team’s pre-World Cup matches would be treated seriously by his squad, stressing that no match involving Argentina is truly a friendly.
“We feel that every time there is an international match – whether official or friendly – provides a unique opportunity,” he said. “What lies ahead is very important, and a lot is at stake. We are going to give our all.”
English Caption 1
Lionel Scaloni, head coach of Argentina, reacts before the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)
English Caption 2
Supporters of Argentina are seen before the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)
English Caption 3
Starting players of Argentina and Lionel Messi’s sons pose for photos before the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)