International Organizations
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် ကလေးသူငယ် ၆၀,၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒုက္ခိတ ဖြစ်သွားခဲ့ကြောင်း ယူနီဆက်ဖ် သတိပေး

ဂျီနီဗာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် လွန်ခဲ့သော နှစ်နှစ်တာကာလကတည်းက စတင်တွက်ချက်ပါက ကလေးသူငယ် ၆၁,၀၀၀ ခန့် အသက်သေဆုံး သို့မဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံးကာ ဒုက္ခိတဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေ အဖွဲ့(ယူနီဆက်ဖ်) က သတိပေးပြောကြားလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယူနီဆက်ဖ်အဖွဲ့ကြီး၏ ပြောရေးဆိုခွင့်ရှိသူ ရီကာဒိုပီရက်စ်က အချိန် ၁၇ မိနစ်လျှင် ကလေးငယ်တစ်ဦး အသတ်ခံရ သို့မဟုတ် ဒဏ်ရာရရှိနေကြသည်ဟူသော ကိန်းဂဏန်းအချက်အလက်များမှာ လက်ခံနိုင်စရာမရှိသလို ယုံကြည်နိုင်စရာလည်းမရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအရပါ ကာလရှည်ကြာစွာ ထိခိုက်ခံစားနေရသော ကလေးများ၏ ဖြစ်ရပ်များအတွက် အံ့ဩတုန်လှုပ်မိကြောင်း၊ စိတ်ဒဏ်ရာရ စိုးရိမ်သောကရောက်စေပြီး ထိတ်လန့်ဖွယ်ရာ အနိဋ္ဌာရုံများစွာရှိနေသည့်နေရာများကို မည်သည့်ကလေးငယ်အနေဖြင့် မမြင်သင့် မမြင်အပ် သို့မဟုတ် နေထိုင်ရခြင်းလည်း မရှိသင့်ကြောင်း ပီရက်စ်က ပြောကြားခဲ့သည်။
ဂါဇာစီးတီးတွင် ကလေး ၅ ဦးမွေးဖွားတိုင်း တစ်ဦးမှာ လမစေ့ဘဲမွေးဖွားလာခြင်းဖြစ်သော်လည်း ၎င်းတို့ အသက်ရှင်သန်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများမှာ နယ်မြေအတွင်း မရှိသလောက်နည်းပါးသလို ကလေးငယ်များမှာ အသက်ဆက်ရှင်သန်နိုင်ရန် အောက်ဆီဂျင်ရှူရသည့် မျက်နှာဖုံးများကိုပင် မျှဝေအသုံးပြုနေရသည့်သတင်းများကိုလည်း ပီရက်စ်က အလေးထားထောက်ပြခဲ့သည်။
ဂါဇာရှိ ၎င်းတို့၏ အဖွဲ့များအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းမှ ဘေးလွတ်ရာသို့ ရှောင်တိမ်း လာကြသော လမစေ့ဘဲမွေးလာသည့်ကလေးငယ်များအတွက် လိုအပ်သည့်အပူပေးစက်များနှင့် အသက်ရှူစက်များ ယူဆောင်ခွင့်ရရန်အတွက် ခွင့်ပြုမည့်အချိန်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်းလည်း ယူနီဆက်ဖ်က အလေးပေးပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ကလေးငယ်တွေကို ဘေးလွတ်ရာတိမ်းရှောင်ဖို့လိုအပ်တဲ့ ဆေးရုံကနေ အခြား ဆေးရုံဆီ နေရာရွှေ့ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လမစေ့ဘဲမွေးလာတဲ့ကလေးငယ်တွေအတွက် လိုအပ်တဲ့ အပူပေးစက်တွေကို နေရာရွှေ့နိုင်ဖို့အတွက်တော့ ခွင့်ပြုချက်မရသေးဘဲ အခုချိန်ထိ ငြင်းပယ်ခံနေရဆဲ ဖြစ်ပါတယ်” ဟု ပီရက်စ်က ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Over 60,000 children killed or maimed in Israel-Palestine conflict: UNICEF
According to UNICEF, a child is killed or injured every 17 minutes on average.
GENEVA, Oct. 7 (Xinhua) — The United Nations Children’s Fund (UNICEF) said on Tuesday that in the two years since the outbreak of the Israel-Palestine conflict, some 61,000 children have reportedly been killed or maimed.
Speaking at a press briefing in Geneva, Switzerland, UNICEF spokesperson Ricardo Pires said that, on average, one child has been killed or injured every 17 minutes, describing the figure as “unacceptable” and “staggering.”
Pires deplored the facts that children have been “suffering in their bodies and their minds for way too long,” remaining traumatized and “exposed to horrors that no child should ever have to look at or live.” He noted that in Gaza, one in every five children is born prematurely, but the territory lacks the necessary infrastructure to ensure their survival, with reports that children are forced to share oxygen masks to stay alive.
UNICEF also noted that its teams in Gaza are still waiting for a green light to fetch incubators and ventilators for premature babies evacuated from the north of the Strip.
“We’ve managed to move the babies to another facility when the hospital they were in needed to be evacuated, but we haven’t managed to move the incubators… it’s been denied so far,” said Pires.
Photo:
Displaced Palestinian children are pictured in the al-Nuseirat refugee camp in central Gaza Strip, on Sept. 30, 2025. (Photo by Rizek Abdeljawad/Xinhua)