Connect with us

International Organizations

အာမိုရင်မ်အနေဖြင့် ၎င်း၏အရည်အသွေးအား သက်သေပြရန် အချိန်လိုအပ်ဟု မန်ချက်စတာယူနိုက်တက် ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ် ပြော

ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က မန်ချက်စတာယူနိုက်တက်နှင့် FCSB အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ဘောလုံးပွဲစဉ်၌ ကစားသမားများအား အော်ဟစ်ညွှန်ကြားနေသည့် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်မ် (ရှေ့) အား တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
မန်ချက်စတာယူနိုက်တက်အသင်း နည်းပြဖြစ်သူ ရူဘင် အာမိုရင်မ်အနေဖြင့် ၎င်း၏အရည်အသွေးအား သက်သေပြနိုင်ရန် သုံးနှစ်အထိ အချိန်ပေးသင့်သည်ဟု အသင်း၏ ပူးတွဲပိုင်ရှင် ဂျင်ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။
ယမန်နှစ် နိုဝင်ဘာလတွင် စပို့တင်းလစ္စဘွန်းအသင်းမှ ပြောင်းရွှေ့လာသည့် အာမိုရင်မ်အနေဖြင့် အင်္ဂလန်တွင် ၎င်း၏နည်းပြဘဝကို ခက်ခက်ခဲခဲ စတင်ခဲ့ရသည်။ ‌ယူနိုက်တက်မှာ ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် အဆင့်-၁၅ ဖြင့် ရာသီသိမ်းခဲ့ကာ နှစ် ၅၀ ကျော်အတွင်း အဆိုးရွားဆုံးရလဒ်နှင့် ကြုံခဲ့ရသလို ယခုဘောလုံးရာသီတွင်လည်း လိဂ်ပြိုင်ပွဲတွင် သုံးပွဲရှုံးနိမ့်ထားပြီး EFL ဖလားတွင်လည်း စတုတ္ထတန်းမှ ဂရင်စဘီတောင်းအသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့သည်။
ယူနိုက်တက်အနေဖြင့် ယခုနွေရာသီတွင် အသုံးစရိတ် ပေါင် သန်း ၂၀၀ ကျော် (အမေရိကန်ဒေါ်လာ ၂၆၈ သန်း) အသုံးပြုခဲ့သော်လည်း အသင်းမှာ ရုန်းကန်နေရဆဲ ဖြစ်သည့်အတွက် အာမိုရင်မ်၏ အနာဂတ်နှင့်ပတ်သက်၍ ထင်ကြေးပေးပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ပေါ်တူဂီနိုင်ငံသား နည်းပြအနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ ဆန်းဒါးလန်းအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်မတိုင်မီကပင် ၎င်း၏ရာထူးနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိခဲ့ဟု The Times သတင်းစာ၏ Business podcast အစီအစဉ်သို့ ရက်ကလစ်ဖ်က ပြောကြားခဲ့သည်။
“သူ့အတွက် အကောင်းဆုံးရာသီတွေကို မရခဲ့ပါဘူး။ ရူဘင်အနေနဲ့ သူဟာ သိပ်တော်တဲ့ နည်းပြတစ်ယောက်ဆိုတာကို သုံးနှစ်အတွင်းမှာ သက်သေပြဖို့ လိုပါလိမ့်မယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်” ဟု ရက်ကလစ်ဖ်က ဆိုသည်။
ထို့ပြင် အာမိုရင်မ်၏ နည်းစနစ်ပိုင်းနှင့် ပတ်သက်၍ ဝေဖန်မှုများကို ၎င်းက ပယ်ချခဲ့ပြီး လူအတော်များများမှာ နေ့ချင်းညချင်း အောင်မြင်မှုကို မျှော်လင့်နေကြသည်ဟုလည်း ပြောကြားခဲ့သည်။
“တစ်ပတ်တစ်ခါ ဝေဖန်ပြောဆိုတတ်တဲ့ သတင်းထောက်တချို့အပေါ် ပုံမှန်လုပ်နေကျ တုံ့ပြန်မှုတွေနဲ့ မန်ချက်စတာယူနိုက်တက်လို အသင်းတစ်သင်းကို စီမံခန့်ခွဲလို့ မရပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယူနိုက်တက်၏ အားကစားပိုင်းဆိုင်ရာ လည်ပတ်မှုများကို စီမံခန့်ခွဲနေသည့် INEOS ပိုင်ရှင်ဖြစ်သူ ရက်ကလစ်ဖ်က အသင်း၏ ရှယ်ယာအများစုကို ထိန်းချုပ်ထားဆဲဖြစ်သည့် ဂလေဇာမိသားစုဘက်မှ ကာကွယ်ပြောဆိုသွားခဲ့ပြီး အဆိုပါ အမေရိကန်မိသားစုမှာ အသင်းအပေါ် သံယောဇဉ်ကြီးသလို အသင်း၏ ကိစ္စများတွင်လည်း ပါဝင်စွက်ဖက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ဂလေဇာမိသားစုက အာမိုရင်မ်အား ထုတ်ပယ်နိုင်ခြေရှိမရှိ မေးမြန်းရာတွင် ရက်ကလစ်ဖ်က “အဲဒီလိုဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်က လီဗာပူးလ်အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်၌ မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်မ်အား တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Man Utd co-owner Ratcliffe: Amorim needs time to prove himself
LONDON, Oct. 8 (Xinhua) — Manchester United co-owner Jim Ratcliffe said manager Ruben Amorim should be given up to three years to prove himself at Old Trafford.
Amorim, who joined from Sporting Lisbon last November, has endured a difficult start to life in England. Manchester United finished 15th in the Premier League last season – its worst result in over 50 years – and has already lost three league games this term, along with a shock EFL Cup defeat to fourth-tier Grimsby Town.
Despite spending more than 200 million pounds (268 million U.S. dollars) in the summer, Manchester United’s struggles have led to speculation over Amorim’s future.
But speaking on The Times’ Business podcast, Ratcliffe said the Portuguese coach was never under threat before last weekend’s 2-0 win over Sunderland.
“He has not had the best of seasons,” Ratcliffe said. “Ruben needs to demonstrate he is a great coach over three years. That’s where I would be.”
Ratcliffe dismissed criticism of Amorim’s tactics, saying too many expect “overnight success.”
“You can’t run a club like Manchester United on knee-jerk reactions to some journalist who goes off on one every week,” he said.
The INEOS owner, who controls United’s football operations, also defended the Glazers, who retain a majority share in the club, insisting the American family is “passionate” about the club and would not interfere in team matters.
Asked if they could order Amorim’s dismissal, Ratcliffe replied: “That’s not going to happen.”
English Caption 1
Manchester United’s coach Ruben Amorim (front) gestures during the UEFA Europa League football match between Manchester United and FCSB in Bucharest, Romania, Jan. 30, 2025. (Photo by Cristian Cristel/Xinhua)
English Caption 2
Manchester United’s manager Ruben Amorim gestures during the English Premier League match between Liverpool and Manchester United in Liverpool, Britain, Jan. 5, 2025. (Xinhua)