International Organizations
နော်တင်ဟမ်ဖောရက်စ် ပိုင်ရှင်အား ပစ်မှတ်ထားသည့် စာတန်းကိုင်ဆောင်မှုအတွက် ခရစ္စတယ်ပဲလေ့စ် စွဲချက်တင်ခံရ
လန်ဒန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
ဩဂုတ် ၂၄ ရက်က နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ခရစ္စတယ်ပဲလေ့စ်အသင်း ပရိသတ်များက စိတ်အနှောင့်အယှက်ဖြစ်စေသော စာတန်းအား ကိုင်ဆောင်ခဲ့သည့်အတွက် ခရစ္စတယ်ပဲလေ့စ်အသင်းအား မလျော်ကန်သည့်အပြုအမူ လုပ်ဆောင်မှုဖြင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က စွဲချက်တင်လိုက်သည်။
အဆိုပါ စာတန်း၌ ဖောရက်စ်အသင်းပိုင်ရှင် အီဗန်ဂျလို့စ် မာရီနာကစ်စ်က ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်-ဝှိုက်အား သေနတ်ဖြင့် ချိန်ရွယ်ထားပုံကို သရုပ်ဖော်ထားသလို “မစ္စတာ မာရီနာကစ်စ်မှာ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ လုပ်ပွဲကစားခြင်း၊ မူးယစ်မှောင်ခိုကူးခြင်းနှင့် အကျင့်ပျက်ခြစားမှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိ” ဟူသော စာသားကိုလည်း ရေးသားထားခြင်းဖြစ်သည်။
“ကလပ်အသင်းအနေနဲ့ ပရိသတ်တွေ၊ ထောက်ခံအားပေးသူတွေကို ဘောလုံးပွဲအတွင်းမှာ မလျော်ကန်တဲ့၊ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့၊ ရိုင်းပျတဲ့၊ စော်ကားရန်စတဲ့ လုပ်ရပ်တွေ မကျူးလွန်မိအောင် ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိဘူးလို့ စွပ်စွဲထားပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဘက်က ဒီဖြစ်စဉ်အတွက် နိုဝင်ဘာ ၁၁ ရက် (အင်္ဂါနေ့) နောက်ဆုံးထားပြီး တုံ့ပြန်ဖြေရှင်းရမှာပါ” ဟု FA က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မာရီနာကစ်စ်က ၎င်းအနေဖြင့် ပြစ်မှုမြောက်သော မည်သည့်လုပ်ရပ်မျိုးတွင်မှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဟု ထပ်တလဲလဲ ငြင်းဆိုထားသလို ဂစ်ဘ်-ဝှိုက်မှာလည်း နွေရာသီအစောပိုင်းက အသင်းပြောင်းတော့မည်ဟူသော ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်ခဲ့ကာ တော့တင်ဟမ်အသင်းက စာချုပ်လျော်ကြေး ပေါင်သန်း ၆၀ ပေးချေကာ ခေါ်ယူမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း ဂစ်ဘ်-ဝှိုက်မှာ ဖောရက်စ်နှင့်သာ စာချုပ်သစ်ချုပ်ဆိုခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေ ကွန်မြူနတီဒိုင်းလုပွဲအပြီးတွင် ခရစ္စတယ်ပဲလေ့စ် အသင်းခေါင်းဆောင် မက်ခ်ဂူဟီ ဆုဖလားကိုင်မြှောက်နေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ) (ဆင်ဟွာ)
……………….
(English Version)
Crystal Palace charged over banner targeting Nottingham Forest owner
LONDON, Nov. 5 (Xinhua) — The Football Association has charged Crystal Palace with misconduct after supporters displayed an offensive banner during the 1-1 Premier League draw against Nottingham Forest on August 24.
The banner depicted Forest owner Evangelos Marinakis holding a gun to the head of midfielder Morgan Gibbs-White and included a message: “Mr Marinakis is not involved in blackmail, match-fixing, drug trafficking or corruption.”
“It’s alleged that the club failed to ensure its spectators and/or supporters didn’t behave in an improper, offensive, abusive, insulting and/or provocative way during the fixture. Crystal Palace FC has until Tuesday 11 November to provide a response,” read the FA statement.
Marinakis has repeatedly denied any involvement in criminal activities, and Gibbs-White had been the subject of transfer speculation earlier in the summer, with Tottenham reportedly triggering a £60m release clause before he signed a new contract with Forest.
English Caption 1
Crystal Palace’s Eddie Nketiah (front L) celebrates after scoring the winning second goal in injury time during the English Premier League match between Crystal Palace FC and Liverpool FC in London, Britain, on Sept. 27, 2025. (Xinhua)
English Caption 2
Crystal Palace’s captain Marc Guehi lifts the trophy after the FA Community Shield final match between Crystal Palace and Liverpool in London, Britain, on Aug. 10, 2025. (Xinhua)
