International Organizations
ဖီယင်နုနှင့် ယူရိုပါလိဂ်ပွဲတွင် စတုဂတ်ကို နောက်ကျအနိုင်ပွဲရအောင် အယ်လ်ခါနစ် ဦးဆောင်ပေးနိုင်ခဲ့
ဘာလင်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၆ ရက်က ကစားခဲ့သည့် ဖီယင်နုရော့တာဒမ်နှင့်ပွဲတွင် နောက်ကျဂိုး ၂ ဂိုးသွင်းယူပြီး ၂-၀ ဂိုးရလဒ်ဖြင့်အနိုင်ရခဲ့ပြီးနောက် စတုဂတ်က ၎င်းတို့၏ ယူရိုပါလိဂ်အိမ်ကွင်းစံချိန်ကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သလို ယူရိုပါလိဂ်အမှတ်ပေးဇယားတွင်လည်း အဆင့် ၂၀ သို့ တက်ရောက်လာနိုင်ခဲ့သည်။
ယူရိုပါလိဂ်ပြိုင်ပွဲတွင် သွင်းဂိုးမရဘဲ နောက်ဆုံး ၂ ပွဲဆက်တိုက်ရှံးနိမ့်ခဲ့သည့် စတုဂတ်အတွက် အုပ်စုတွင်းပွဲစဉ် ၄ က ပြန်လည်တုံ့ပြန်ရမည့် ဖိအားများအောက်ရောက်ခဲ့သည့်ပွဲလည်း ဖြစ်ခဲ့သည်။
ပထမပိုင်းတွင် ၂ သင်းစလုံး ဖိအားပေးကစားနိုင်ခဲ့ကြသော်လည်း ရှင်းလင်းပြတ်သားသည့် အခွင့်အလမ်းအနည်းငယ်ကိုသာ ဖန်တီးနိုင်ခဲ့ကြသည်။ ပုံစံကောင်းရနေသည့် ဖီယင်နုအသင်း ခေါင်းဆောင် အာနစ်ဟက်ဒ်ဂျ်မူဆာက ပွဲချိန် ၁၄ မိနစ်တွင် ၎င်း၏ကန်ချက်ဖြင့် စတုဂတ်ဂိုးသမား အလက်ဇန်းဒါးနူဘယ်ကို စမ်းသပ်ပြီး အကောင်းဆုံးအခွင့်အရေးကို စောစီးစွာရရှိခဲ့သည်။
ပထမပိုင်းနာကျင်အချိန်ပိုတွင် စတုဂတ်မှ မက်ဆီမီလီယံမစ်တယ်စတက်ဒ်က နောက်ဆုံးခံစစ်မှူးအဖြစ် ကျန်နေချိန်တွင် နည်းဗျူဟာမြောက်ပြစ်ဒဏ်ကျူးလွန်ခဲ့သော်လည်း အဝါကတ်သာအပြခံခဲ့ရခြင်းက စတုဂတ်ကို ကံကောင်းစေခဲ့သည်။
ပထမပိုင်းပြီးနောက် စတုဂတ်က ပွဲကို ထိန်းချုပ်ကစားနိုင်ရန် စတင်ကြိုးစားကစားလာခဲ့သည်။ ပွဲချိန် ၅၆ မိနစ်တွင် ဘီလယ်အယ်လ်ခါနစ်က အန္တရာယ်ပေးနိုင်သောတန်ပြန်တိုက်စစ်ဆင်ကစားခဲ့ချိန် ဖီယင်နု မှ ဂျီဗာရိုရိဒ်က ဆွဲလှဲချခဲ့သော်လည်း ကွင်းလယ်ဒိုင်လူကြီးက အဝါကတ်သာပြသခဲ့၍ အိမ်ရှင် ပရိသတ် များ စိတ်ပျက်သွားခဲ့ရသည်။
ထိုနောက်ပိုင်းမှစ၍ အိမ်ရှင် စတုဂတ်က ပွဲကို ဦးဆောင်ကစားခဲ့ပြီး အယ်လ်ခါနစ်နှင့် ဒင်းနစ်အန်ဒက်ဗ် တို့၏အားထုတ်မှုများကို ဖီယင်နုဂိုးသမား တီမွန်ဝယ်လန်ရူသာက ကောင်းမွန်စွာကာကွယ်ခဲ့ရသလို ဂျေမီလီဝဲလ်လင်း၏ အနီးကပ်ကန်ချက်ကလည်း ဂိုးပေါက်နှင့်အနည်းငယ်သာ လွဲချော်သွားခဲ့သည်။
ပွဲပြီးဆုံးရန် ၆ မိနစ်အလိုတွင် စတုဂတ်စောင့်ဆိုင်းနေသောအခိုက်အတန့်ရောက်ရှိခဲ့သည်။
လောရန့်ဇ်အဆစ်ဂ်နွန်က ညာခြမ်းတစ်လျှောက်ဆွဲပြေးလာပြီးနောက် ၁၈ ကိုက်အတွင်းသို့ ဖြတ်တင်ဘောပေးပို့ခဲ့ရာ အယ်လ်ခါနစ်က ခေါင်းတိုက်သွင်းယူခဲ့ပြီး ဘောလုံးကလည်း ဂိုးဘားတန်းအောက်ခြေကိုထိ၍ ဂိုးဝင်သွားခဲ့ကာ စတုဂတ်ဦးဆောင်ဂိုးရခဲ့ ခြင်းဖြစ်သည်။
နာကျင်အချိန်ပိုတွင် ခရစ်ဖူလ်ရစ်ချ်ကတန်ပြန်တိုက်စစ်ကစားမှုမှတစ်ဆင့် ဖန်တီးပေးခဲ့မှုကို အန်ဒက်ဗ်ကသွင်းယူပြီး စတုဂတ်က ၂-၀ ဂိုးရလဒ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အဆိုပါရလဒ်ကြောင့် စတုဂတ်မှာ အိမ်ကွင်းနောက်ဆုံး ၂ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ယခုရာသီယူရိုပါ လိဂ်ပြိုင်ပွဲတွင် ပေးဂိုးမရှိသည့်ပထမဆုံးပွဲကိုရရှိခဲ့သည်။ ဖီယင်နုကမူ ယူရိုပါလိဂ်အုပ်စု ၄ ပွဲကစားပြီး ချိန်တွင် ၃ ပွဲမြောက် ရှုံးပွဲကိုကြုံတွေ့ခဲ့သလို ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည့် မျှော်လင့်ချက် ရှင်သန်ရန် ရုန်းကန်နေရပြီဖြစ်သည်။ (Xinhua)
…………………………..
(English Version)
El Khannouss leads Stuttgart to late Europa League victory against Feyenoord
BERLIN, Nov. 6 (Xinhua) — VfB Stuttgart extended its perfect Europa League home record and climbed to 20th in the overall table with a 2-0 win over Feyenoord Rotterdam on Thursday, sealed by two late goals.
After two consecutive goalless defeats in the competition, Stuttgart entered its fourth group-stage match under pressure to respond.
In the first half, both sides pressed high but created few clear openings. Feyenoord stand-in captain Anis Hadj Moussa had the best early chance, testing goalkeeper Alexander Nubel after 14 minutes. Stuttgart was fortunate when Maximilian Mittelstadt received only a yellow card for a tactical foul as the last defender in first-half stoppage time.
After the break, Stuttgart began to take control. Bilal El Khannouss was pulled down by Givairo Reid on a dangerous counter in the 56th minute, drawing only a yellow card to the frustration of the home fans. From then on, the hosts took charge. El Khannouss and striker Deniz Undav both forced fine saves from Timon Wellenreuther, while Jamie Leweling shot narrowly wide from close range.
Six minutes from time, the breakthrough arrived. Lorenz Assignon drove down the right and curled a cross into the box, where El Khannouss headed in off the underside of the bar. In stoppage time, Stuttgart struck again as Chris Fuhrich led a counterattack and set up Undav to make it 2-0.
The result gave Stuttgart its second straight home win and first clean sheet of the Europa League campaign, while Feyenoord suffered a third defeat in four matches and now faces a battle to keep its knockout hopes alive. ■
Photo:
Players of VfB Stuttgart celebrate a goal by Angelo Stiller (2nd R) during the first division of Bundesliga match between VfB Stuttgart and Bayern Munich in Stuttgart, Germany, Feb. 28, 2025. (Photo by Ulrich Hufnagel/Xinhua).
