Connect with us

International Organizations

စပိန်နည်းပြ ဒီလာ ဖူအန်တီက ကမ္ဘာ့ဖလားပွဲများအတွက် လာမင်း ယမားလ်ကို ရွေးချယ်

ပြင်သစ်နိုင်ငံ မြို့တော်ပါရီရှိ Theatre du Chatelet ကဇာတ်ရုံ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် Ballon d'Or ဆုပေးပွဲအခမ်းအနားအတွင်း အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစားသမားအတွက် ကိုပါဆုကို လက်ခံရရှိပြီးနောက် ကျေးဇူးတင်စကားပြောကြားနေသည့် ဘာစီလိုနာအသင်းမှ စပိန်ကစားသမား လာမင်း ယမားလ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

စပိန်နည်းပြ လူးဝစ် ဒီလာ ဖူအန်တီသည် ၎င်း၏အသင်းအနေဖြင့် လာမည့်နွေရာသီ၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိ၊ မရှိကို အဆုံးအဖြတ်ဖြစ်စေမည့် ဂျော်ဂျီယာနှင့် အဝေးကွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် တူရကီနှင့် အိမ်ကွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲတို့အတွက် ၎င်း၏အသင်းတွင် ဘာစီလိုနာတိုက်စစ်မှူး လာမင်း ယမားလ်ကို ထည့်သွင်းလိုက်ပြီဖြစ်သည်။
ဆုံးဖြတ်ပြီးသား ပွဲစဉ်များတွင် အသက် ၁၈ နှစ်အရွယ် ကစားသမား ယမားလ်အား ကစားစေခဲ့သဖြင့် ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ် သဘောမကျခဲ့သည့် စက်တင်ဘာလတွင် ယမားလ် ရွေးချယ်ခံခဲ့ရသည့် ပထမဆုံးခြေစစ်ပွဲနှစ်ပွဲ၌ အငြင်းပွားဖွယ် ဒဏ်ရာနှင့် ဖြစ်ပွားနေဆဲ ပေါင်ခြံနာကျင်မှုပြဿနာများကြောင့် ယမားလ်ကို လွန်ခဲ့သည့်တစ်လက စပိန်အသင်းမှ နုတ်ထွက်စေခဲ့သော်လည်း ယခုအခါ ပြန်လည်ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

ယမားလ်ကို စပိန်အသင်း၏ ကစားသမားစာရင်းထဲ ပြန်လည်ထည့်သွင်းရန် ၎င်း၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မေးမြန်းရာတွင် ဒီလာ ဖူအန်တီက ယမားလ်သည် နိုဝင်ဘာ ၅ ရက်က ဘရုဂျက်စ်တွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်အပါအဝင် ဘာစီလိုနာ၏ နောက်ဆုံးပွဲစဉ်နှစ်ပွဲတွင် ကစားခဲ့ကြောင်း ထောက်ပြခဲ့သည်။
“သူ အခြေအနေကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူ့ရဲ့နည်းပြ (ဖလစ်ခ်) က သူ ဘောလုံးကစားနိုင်တယ်လို့ ပြောပါတယ်။ သူက သူ့ရဲ့ အကောင်းဆုံးအဆင့်ကို ပြန်လည်ရရှိနေပြီး အဲဒီအတွက် ကျွန်တော်တို့အားလုံး ဂုဏ်ပြုပါတယ်” ဟု စပိန်နည်းပြက နိုဝင်ဘာ ၇ ရက်၌ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ လိုအပ်တယ်လို့ ယူဆသရွေ့ သူ ကျွန်တော်တို့နဲ့အတူ ရှိနေမှာပါ။ ကျွန်တော်တို့ အများကြီးစွန့်စားထားပါတယ်၊ အကောင်းဆုံး ကစားသမားတွေကို ကျွန်တော်တို့နဲ့အတူ ရှိစေချင်ပါတယ်” ဟု ဒီလာ ဖူအန်တီက ထပ်လောင်းပြောကြားခဲ့သည်။

ဂျော်ဂျီယာအသင်း၊ တူရကီအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များအတွက် စပိန်အသင်းတွင် ဒဏ်ရာရ ခံစစ်မှူးများဖြစ်သည့် ဒါနီ ကာဗာဂျယ်နှင့် ရောဘင် လီနော်မန်းတို့ မပါဝင်ဘဲ ဘာစီလိုနာကွင်းလယ်လူ ပက်ဒရီမှာ ကြွက်သားဒဏ်ရာ ရရှိထားပြီး နီကို ဝီလီယမ်စ်ကလည်း တင်ပါးဆုံတွင်း ပြဿနာကြောင့် ထပ်မံလွဲချော်ကာ ပါဘလို ဖော်နယ်လ်စ်မှာ အသင်းသို့ ပြန်လည်ခေါ်ယူခံခဲ့ရပြီး Dani Olmo နှင့် Dean Huijsen တို့က ဒဏ်ရာကြောင့် နောက်ဆုံးပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့ပြီးနောက် ပြန်လည်ရွေးချယ်ခံခဲ့ရသည်။
စပိန်အသင်းသည် ၎င်းအနေဖြင့် အလွယ်တကူ အနိုင်ယူထားပြီးဖြစ်သော အသင်းများကို အနိုင်ရကာ ၎င်း၏ ခြေစစ်ပွဲအုပ်စုတွင် ထိပ်ဆုံးမှ ဦးဆောင်ပါက အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့၌ လာမည့်နွေရာသီတွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

စပိန်အသင်း၏ လူစာရင်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂိုးသမားများ- David Raya ၊ Alex Remiro၊ Unai Simon ။
ခံစစ်ကစားသမားများ- Marcos Llorente ၊ Pedro Porro ၊ Aymeric Laporte ၊ Pau Cubarsi ၊ Dean Huijsen ၊ Dani Vivian ၊ Alex Grimaldo ၊ Marc Cucurella ။
ကွင်းလယ်ကစားသမားများ- Mikel Merino ၊ Aleix Garcia ၊ Fabian Ruiz ၊ Martin Zubimendi ၊ Pablo Fornals ၊ Alex Baena ၊ Pablo Barrios ။
ရှေ့တန်းကစားသမားများ- Dani Olmo ၊ Ferran Torres ၊ Yeremy Pino ၊ လာမင်း ယမားလ် ၊ Fermin Lopez ၊ Mikel Oyarzabal ၊ Borja Iglesias ၊ Samu ။ (Xinhua)
………………..
(English Version)
Spain coach De la Fuente picks Lamine Yamal for World Cup games
MADRID, Nov. 7 (Xinhua) — Spain coach Luis de la Fuente has included FC Barcelona forward Lamine Yamal in his squad for the World Cup qualifying matches away to Georgia and at home to Türkiye which will decide if his side qualifies directly for next summer’s World Cup.
Yamal is included despite withdrawing from the last squad a month ago due to his ongoing problems with pubalgia and controversy over the injury he picked up in the first two qualifying games in September, when Barcelona coach Hansi Flick was unhappy at the time the 18-year-old played in matches that were already decided.
When asked about his decision to include Yamal, De la Fuente pointed out that he played in Barcelona’s last two matches, including the Champions League tie in Bruges on Wednesday
“I think he is in perfect condition and his coach (Flick) said he is able to play football. He is recovering his best level and we all celebrate that,” commented the Spain coach in his Friday press conference.
“He will be with us here as long as we consider necessary. We have a lot at stake and we want to have the best players with us,” added De la Fuenta.
Spain is without injured defenders Dani Carvajal and Robin le Normand for the matches against Georgia and Türkiye, while Barcelona midfielder Pedri has a muscle injury and Nico Williams again misses out due to his pelvic issues, with Pablo Fornals earning a call into the squad and Dani Olmo and Dean Huijsen recalled after missing the last two matches due to injury.
Spain tops its qualifying group and wins against sides it has already beaten easily would be enough to assure a ticket to the United States, Mexico and Canada.
Full squad:
Goalkeepers: David Raya, Alex Remiro, Unai Simon.
Defenders: Marcos Llorente, Pedro Porro, Aymeric Laporte, Pau Cubarsi, Dean Huijsen, Dani Vivian, Alex Grimaldo, Marc Cucurella.
Midfielders: Mikel Merino, Aleix Garcia, Fabian Ruiz, Martin Zubimendi, Pablo Fornals, Alex Baena, Pablo Barrios.
Forwards: Dani Olmo, Ferran Torres, Yeremy Pino, Lamine Yamal, Fermin Lopez, Mikel Oyarzabal, Borja Iglesias, Samu. ■
English Caption
Barcelona’s Spanish player Lamine Yamal speaks after receiving the Kopa Trophy for the best under-21 player during the 2025 Ballon d’Or award ceremony at the Theatre du Chatelet in Paris, France, on Sept. 22, 2025. (Xinhua/Gao Jing)