Connect with us

International Organizations

ဘယ်လင်ဂမ်နှင့် ဖိုဒန်ကို အင်္ဂလန်အသင်းမှ ပြန်ခေါ်ခဲ့သလို အဲလက်စ်စကော့လည်း ပထမဆုံးအကြိမ် ခေါ်ယူခြင်းခံရ

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂိုမြို့ Bernabeu အားကစားကွင်း၌ ရီးရဲလ်မက်ဒရစ်နှင့် ဗလန်စီယာတို့ကစားခဲ့သည့် လာလီဂါပွဲတွင် ဗလန်စီယာမှ ဘက်တစ္စတီ ဆန်တာမာရီရာနှင့် ဘောလုံးယှဥ်လုကစားနေသည့် ရီးရဲလ်မက်ဒရစ်မှ ဂျုဒ်ဘယ်လင်ဂမ် (အရှေ့) အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

အင်္ဂလန်အသင်းနည်းပြ သောမတ်စ်တူချယ်က လာမည့်သီတင်းပတ်တွင် ဆားဘီးယား၊ အယ်ဘေးနီးယားတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် ဂျုဒ်ဘယ်လင်ဂမ်နှင့် ဖီးလ်ဖိုဒန်တို့ နှစ်ဦးကို ပြန်လည်ခေါ်ယူခဲ့သလို ဘုန်းမောက်ကွင်းလယ်ကစားသမား အဲလက်စ်စကော့ကိုလည်း အင်္ဂလန် အသင်းကြီးသို့ ပထမဆုံးအကြိမ်ခေါ်ယူလိုက်ကြောင်း သိရသည်။
တူချယ်မှာ ဘရိုက်တန်တိုက်စစ်မှူး ဒန်နီဝဲလ်ဘက်ခ်ကို ဆက်လက်ချန်လှပ်ထားဆဲဖြစ်သလို လက်ရှိ တွင် မန်စီးတီးမှ အဲဗာတန်သို့ အငှားလာကစားနေသည့် ဂျက်ဂရီယာလစ်ရှ်နှင့် ရီးရဲလ်မက်ဒရစ် ညာ နောက်ခံလူ ထရန့်အလက်ဇန်းဒါးအာနိုးတို့ နှစ်ဦးစလုံးကိုလည်း အင်္ဂလန်လူစာရင်းမှ ချန်လှပ်ခဲ့သည်။

ဘယ်လင်ဂမ်မှာ ပခုံးဒဏ်ရာမှ ပြန်လည်နာလန်ထလာနေစဉ် အင်္ဂလန်အသင်း၏ အောက်တိုဘာပွဲစဉ်များကို လွဲချော်ခဲ့သည်။ ဖိုဒန်ကလည်း နောက်ဆုံးလူစာရင်း ၃ ကြိမ်တွင် ချန်လှပ်ခံရပြီးနောက် တစ်ကျော့ ပြန်လည် ရွေးချယ်ခံရခြင်းဖြစ်ကာ ၎င်းနောက်ဆုံးကစားခွင့်ရခဲ့သည့်ပွဲမှာ မတ်လအတွင်းက ကစားခဲ့သည့် လတ်ဗီးယားနှင့်ပွဲဖြစ်သည်။
” သူတို့ ပြန်ပါလာတဲ့အတွက် ကျွန်တော်တို့အားလုံး ဝမ်းမြောက်ခဲ့ရပါတယ်။ မကြာသေးတဲ့ ကာလက ကလပ်အသင်းတွေအတွက် သူတို့ရဲ့အထောက်အကူပြုမှုက အလွန်တရာ များပြားခဲ့ပါတယ်။ သူတို့အားလုံး ပုံမှန်ကစားခွင့်ရခဲ့သလို ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ အောင်မြင်မှုတွေမှာလည်း ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ကြပါတယ်။ ဒါ့အပြင် အဆုံးအဖြတ်ဂိုးတွေကိုလည်း ပုံမှန်သွင်းပေးခဲ့ကြပါတယ်။ သူတို့အခြေအနေကောင်းမှာရှိနေကြသလို အင်္ဂလန်အသင်းကို ပြန်ရောက်လာတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်” ဟု အဆိုပါကစားသမား နှစ်ဦးပြန်လည်ပါဝင်လာမှုနှင့် ပတ်သက်၍ တူချယ်က ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းမှာ လွန်ခဲ့သည့်လက လတ်ဗီးယားကို ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပြီးဖြစ်သည်။ အင်္ဂလန်အသင်းသည် နိုဝင်ဘာ ၁၃ ရက်တွင် ဆားဘီးယားအသင်းကို အိမ်ကွင်း၌လက်ခံကစားရမည်ဖြစ်သလို နောက် ၃ ရက်အကြာတွင် ၎င်းတို့၏ အုပ်စု (K) နောက်ဆုံးပွဲစဉ်အတွက် အယ်ဘေးနီးယားသို့ သွားရောက်ရမည်ဖြစ်သည်။
အဆိုပါပွဲစဉ်များကို လာမည့်နွေရာသီကာလတွင် ကနေဒါ၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံများ၌ ပူးတွဲ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အင်္ဂလန်အသင်း၏ ပြိုင်ပွဲအသွင်နောက်ဆုံးပွဲစဉ်များအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်။ (Xinhua)

…………………..
(English Version)
Bellingham, Foden recalled by England as Scott earns first call-up
LONDON, Nov. 7 (Xinhua)
England manager Thomas Tuchel has recalled Jude Bellingham and Phil Foden to his squad for next week’s World Cup qualifiers against Serbia and Albania, while Bournemouth midfielder Alex Scott has been handed his first senior England call-up.
Tuchel continued to exclude Brighton striker Danny Welbeck, while Jack Grealish, currently on loan at Everton from Manchester City, and right-back Trent Alexander-Arnold were both left out of the squad.
Bellingham missed England’s October fixtures as he recovered from shoulder surgery. Foden, meanwhile, returns after being omitted from the last three squads, with his most recent appearance coming in March against Latvia.
“We are delighted they are back. Their contribution to the club lately was immense. They play regularly and play a big role in success of Real Madrid and Manchester City. They’ve scored decisive goals regularly. We are delighted they are in form and back with us,” Tuchel said on the return of the two players.
England has already secured qualification for the 2026 World Cup following a 5-0 win over Latvia last month. It will host Serbia on November 13, before traveling to Albania three days later for its final Group K match.
These matches will mark England’s last competitive games before next summer’s World Cup in Canada, Mexico and the United States. ■
Photo:
Jude Bellingham (front) of Real Madrid vies with Baptiste Santamaria of Valencia CF during the La Liga football match between Real Madrid and Valencia CF at Santiago Bernabeu Stadium in Madrid, Spain, Nov. 1, 2025. (Photo by Gustavo Valiente/Xinhua)