International Organizations
ဖီယင်နုကွင်းလယ်ကစားသမား ဗယ်လန်တီကို နယ်သာလန်အသင်းက ပထမဆုံးအကြိမ် ခေါ်ယူ
သည်ဟိဂ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
ပိုလန်၊ လစ်သူယေးနီးယားတို့နှင့်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် လူစာရင်းကို နိုဝင်ဘာ ၇ ရက်က နည်းပြ ရော်နယ်ကိုးမန်းက ကြေညာလိုက်ခြင်းနှင့်အတူ အသက် ၂၂ နှစ်အရွယ်သာရှိသေးသည့် ဖီယင်နုကွင်းလယ်ကစားသမား လူစီယာနို ဗယ်လန်တီကလည်း နယ်သာလန်လက်ရွေးစင်အသင်းသို့ ခေါ်ယူခံခဲ့ရသည်။
ဗယ်လန်တီမှာ ယခုနှစ်အတွင်း နယ်သာလန် ယူ-၂၁ အသင်းအတွက် ၈ ပွဲကစားပြီး လေးဂိုးသွင်းပေးခဲ့သူဖြစ်သည်။
ဇွန်လအတွင်းက ဆလိုဗက်ကီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ဥရောပ ယူ -၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည့် နယ်သာလန်အသင်းတွင်လည်း ဗယ်လန်တီ ပါဝင်ကစားခဲ့ရသည်။
နယ်သာလန်အသင်း၏ ၂၅ ဦးပါလူစာရင်းတွင် လွန်ခဲ့သည့်လအတွင်းက ကစားခဲ့သော မော်လ်တာ၊ ဖင်လန်ပွဲများကို လွဲချော်ခဲ့သည့် မာသီးယပ်စ်ဒီလစ်၊ လတ်ရှာရယ်ဂျာထရူဒါ၊ နောဧလန်းတို့လည်း ပြန်လည်ပါဝင်လာခဲ့သည်။
ဂျရမီဖရင်းပေါင်းနှင့် မက်စ်မားဒင့်ခ်တို့က ဒဏ်ရာများကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိသလို စတီဖန်ဒီဗရစ်နှင့် တီအန်ကွပ်မိုင်နာတို့ကိုမူ နည်းပြ ကိုးမန်းက ချန်လှပ်ထားခဲ့သည်။
နယ်သာလန်မှာ နိုဝင်ဘာ ၁၄ ရက်တွင် ပိုလန်ကို အဝေးကွင်းခြေစစ်ပွဲ သွားကစားရမည်ဖြစ်ပြီး နောက် ၃ ရက်အကြာတွင် လစ်သူယေးနီးယားကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။
အုပ်စု G တွင် ပိုလန်ကို ၃ မှတ်အသာရထားပြီး အုပ်စုထိပ်ဆုံးမှ ဦးဆောင်နေသည့် နယ်သာလန်မှာ ပိုလန်နိုင်ငံ၊ ဝါဆောမြို့တွင် ကစားရမည့် ခြေစစ်ပွဲ၌အနိုင်ရခဲ့ပါက လာမည့်နွေရာသီတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သွားမည်ဖြစ်သည်။ (Xinhua)
…………………………
(English Version)
Feyenoord midfielder Valente earns first call-up by Netherlands
THE HAGUE, Nov. 7 (Xinhua) — The 22-year-old Feyenoord midfielder Luciano Valente was selected in the Dutch senior national football team on Friday as coach Ronald Koeman announced his squad for the FIFA World Cup qualifiers against Poland and Lithuania.
Valente played eight times for the U-21 team this year, scoring four goals. He was also part of the squad that participated in the UEFA European U-21 Championship in Slovakia in June.
In the 25-player list, Matthijs de Ligt, Lutsharel Geertruida and Noa Lang returned after having missed the previous games against Malta and Finland. Jeremie Frimpong and Mexx Meerdink pulled out through injury, while Stefan de Vrij and Teun Koopmeiners were left out by Koeman.
The Netherlands will visit Poland on November 14 and host Lithuania three days later. Leading Group G with a three-point advantage over Poland, the Netherlands will directly qualify for next summer’s World Cup with a win in Warsaw. ■
Photo:
Players of Feyenoord pose before during the UEFA Champions League Knockout phase play-off 1st leg football match between Feyenoord and AC Milan in Rotterdam, the Netherlands, Feb. 12, 2025. (Xinhua/Zhao Dingzhe)
