North America
ဖက်ဒရယ်အစိုးရယန္တရားရပ်ဆိုင်းမှု ၄၀ ရက်မြောက်နေ့သို့ ရောက်ရှိပြီး အမေရိကန်နိုင်ငံတစ်ဝန်း လေကြောင်းခရီးစဉ် ၂,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရ
ဝါရှင်တန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
အမေရိကန် ဖက်ဒရယ်အစိုးရယန္တရားရပ်ဆိုင်းမှုသည် နိုဝင်ဘာ ၉ ရက်တွင် ၄၀ ရက်မြောက်နေ့သို့ ရောက်ရှိလာသည်နှင့်အမျှ နိုင်ငံတစ်ဝန်း လေကြောင်းခရီးစဉ် ၂,၀၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး လေကြောင်းခရီးစဉ် ၈,၀၀၀ ကျော် နှောင့်နှေးခဲ့ကြောင်း လေကြောင်းခရီးစဉ်ခြေရာခံဝက်ဘ်ဆိုက် FlightAware ၏ အဆိုအရ သိရသည်။
ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာန (FAA) ၏ လေယာဉ်ခရီးစဉ်လျှော့ချရေးမူဝါဒ စတင်အသက်ဝင်ခဲ့သည့် နိုဝင်ဘာ ၇ ရက်မှစ၍ ဖျက်သိမ်းခဲ့ရသော လေကြောင်းခရီးစဉ်အရေအတွက်မှာ နိုဝင်ဘာ ၆ ရက်တွင် ၂၀၂ ခု ရှိခဲ့ရာမှ နိုဝင်ဘာ ၇ ရက်တွင် ၁,၀၂၅ သို့ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် ၁,၅၆၆ သို့ မြင့်တက်လာခဲ့သည်။
အမေရိကန်ဖက်ဒရယ်အစိုးရယန္တရား စတင်ရပ်ဆိုင်းခဲ့သည့် အောက်တိုဘာ ၁ ရက်မှစ၍ ခွင့်ယူထားသော လေကြောင်းထိန်းဝန်ထမ်း အရေအတွက် မြင့်တက်လာသည့်အတွက် ကျန်ဝန်ထမ်းများစွာမှာ အချိန်ပိုအလုပ်ဆင်းခဲ့ရသည်။
အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနနှင့် FAA တို့က ဝန်ထမ်းအင်အားဖိအားများကို လျော့ပါးစေရန်နှင့် လေကြောင်းပိုင်နက်ဘေးကင်းရေးအန္တရာယ်များကို လျှော့ချရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းရှိ အဓိကလေဆိပ် ၄၀ တွင် လေဆိပ်လုပ်ငန်းလည်ပတ်နိုင်စွမ်းအားကို နိုဝင်ဘာ ၇ ရက်မှစ၍ ၁၀ ရာခိုင်နှုန်း လျှော့ချမည်ဟု မကြာသေးမီက ကြေညာခဲ့သည်။
“အခြေအနေက ပိုပြီတော့ပဲ ဆိုးလာတော့မှာပါ” ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး Sean Duffy က နိုဝင်ဘာ ၉ ရက်တွင် CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ကျွန်တော်က ကျေးဇူးတော်ချီးမွမ်းခြင်းနေ့မတိုင်မီ နှစ်ပတ်အလိုအတွက် ကြိုပြီးစဉ်းစားနေတာပါ။ လေကြောင်းခရီးသွားလာမှု အနည်းငယ် လျော့ကျသွားတာကိုတော့ မြင်တွေ့ရပါလိမ့်မယ်” ဟုလည်း ၎င်းက ဆိုသည်။
ထိုနေ့၌ပင် အမျိုးသားစီးပွားရေးကောင်စီ ညွှန်ကြားရေးမှူး Kevin Hassett က CBS သတင်းဌာနသို့ ပြောကြားရာတွင် “တကယ်လို့ လူတွေက ကျေးဇူးတော်ချီးမွမ်းခြင်းကာလအတွင်း ခရီးသွားလာမှု မပြုလုပ်ဘူးဆိုရင်တော့ စတုတ္ထသုံးလပတ်ကာလအတွက် အနုတ်လက္ခဏာဆောင်တဲ့ သုံးလပတ်ကာလကို မြင်တွေ့ရနိုင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Over 2,000 flights canceled across U.S. as federal gov’t shutdown enters Day 40
WASHINGTON, Nov. 9 (Xinhua) — As the U.S. federal government shutdown entered its 40th day on Sunday, more than 2,000 flights were canceled and over 8,000 delayed nationwide, according to flight tracking website FlightAware.
Since the Federal Aviation Administration’s (FAA) mandated flight reduction policy took effect on Friday, the number of canceled flights surged from 202 on Thursday to 1,025 on Friday, and further to 1,566 on Saturday.
The number of air traffic controllers taking leave has risen since the shutdown began on Oct. 1, forcing many others to work overtime.
The U.S. Department of Transportation and the FAA recently announced a 10 percent capacity reduction at 40 major airports across the country starting Friday, aiming to ease staffing pressures and reduce airspace safety risks.
“It’s only going to get worse,” Transportation Secretary Sean Duffy told CNN on Sunday. “I look to the two weeks before Thanksgiving. You’re going to see air travel be reduced to a trickle.”
On the same day, National Economic Council Director Kevin Hassett told CBS that if people are not traveling during Thanksgiving, “we really could be looking at a negative quarter for the fourth quarter.” ■
English Caption
This photo taken on Nov. 7, 2025 shows a flight information board at Ronald Reagan Washington National Airport in Arlington, Virginia, the United States. (Xinhua/Hu Yousong)
