Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီကြောင့် အမေရိကန်ဒေါ်လာ ၂၉၆ သန်းကျော် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ ရေကြီးနေသော လမ်းများအား ဖြတ်မောင်းနေသည့် ကားများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီနှင့် ၎င်း၏နောက်ဆက်တွဲ မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ဗီယက်နမ်ဒေါင် ၇.၈ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၉၆.၅ သန်းခန့်) တန်ဖိုးရှိသော ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက နိုဝင်ဘာ ၉ ရက်တွင် ဗီယက်နမ်ဘေးအန္တရာယ်နှင့် ရေကာတာစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ကို ကိုးကား၍ ဖော်ပြခဲ့သည်။
နိုင်ငံအလယ်ပိုင်းရှိ ဂျာလိုင်ပြည်နယ်က အဆိုးရွားဆုံး ဆုံးရှုံးမှုများကို ကြုံတွေ့ခဲ့ရပြီး ဗီယက်နမ်ဒေါင် ၅.၂ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၉၇.၆ သန်းခန့်) ပျက်စီးဆုံးရှုံးမှုများရှိကြောင်း ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၉ ရက် ညနေ ၅ နာရီအထိ အဆိုပါတိုင်ဖွန်းမုန်တိုင်းနှင့် ၎င်း၏ပျံ့နှံ့ရောက်ရှိတိုက်ခတ်မှုကြောင့် လှေ ၁၇၉ စင်း နစ်မြုပ် သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ အိမ်ခြေ ၂,၃၀၀ ကျော် ပြိုကျခဲ့ပြီး အခြားအဆောက်အအုံ ၅၇,၅၀၀ ခန့် ပျက်စီးခဲ့သည်။
ငါးမွေးမြူရေးကန် စုစုပေါင်း ၅၄,၂၈၅ ခု ထိခိုက်ခဲ့ပြီး ကျွဲနွားတိရစ္ဆာန် ၁၅၃ ကောင်နှင့် ကြက်ငှက်အကောင်ရေ ၄,၅၅၃ ကောင် သေဆုံး သို့မဟုတ် ရေစီးဖြင့် မျောပါသွားခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

…………………..
(English Version)
Typhoon Kalmaegi causes over 296 mln USD in damage in Vietnam
HANOI, Nov. 9 (Xinhua) — Typhoon Kalmaegi and its subsequent rains and flooding have caused losses worth more than 7.8 trillion Vietnamese dong (about 296.5 million U.S. dollars) in Vietnam, Vietnam News Agency reported Sunday, citing the Vietnam Disaster and Dyke Management Authority.
The central province of Gia Lai suffered the most severe losses, with damage exceeding 5.2 trillion Vietnamese dong (about 197.6 million dollars), the report said.
As of 5 p.m. Sunday, the typhoon and its circulation had caused 179 boats to sink or suffer damage. More than 2,300 houses collapsed and about 57,500 others were damaged.
A total of 54,285 fish-farming cages were affected, while 153 head of cattle and 4,553 poultry were reported dead or swept away, according to the authority. ■
English Caption
Vehicles drive through flooded streets in Hanoi, Vietnam, Oct. 7, 2025. (VNA/Handout via Xinhua)