International Organizations
COP30 ထိပ်သီးအစည်းအဝေးကို ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့တွင် စတင်ဖွင့်လှစ်
ဘရာဇီးနိုင်ငံ၊ ဘယ်လမ်မြို့၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
COP30 ဟု လူသိများသော အကြိမ် ၃၀ မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံကို ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့တွင် နိုဝင်ဘာ ၁၀ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးကို နိုင်ငံတကာ ဦးစားပေးမှုများ၏ အဓိကကိစ္စရပ်အဖြစ် ပြန်လည်ထားရှိရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် COP29 ဥက္ကဋ္ဌ Mukhtar Babayev က အဇာဘိုင်ဂျန်နိုင်ငံ၏ မြို့တော်ဘာကူတွင် လွန်ခဲ့သည့်နှစ်က ကျင်းပခဲ့သော ရာသီဥတုထိပ်သီးအစည်းအဝေး၏ ရည်မှန်းချက်များကို ပြည့်မီစေရန် တိုက်တွန်းခဲ့သည်။
COP30 ဥက္ကဋ္ဌ Andre Correa do Lago က ၎င်းအား ဥက္ကဋ္ဌအဖြစ် ခန့်အပ်သည့်အတွက် ဘရာဇီးနိုင်ငံ သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး COP30 သည် ဖြေရှင်းချက်များကို တင်ပြရမည်ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မကြာသေးမီက နောက်ပြန်ဆုတ်မှုများ ရှိနေသော်လည်း ကမ္ဘာတစ်ဝန်းရှိ လူဦးရေ၏ လူနေမှုအခြေအနေများမှာ ဆက်လက်တိုးတက်နိုင်သလို ဆက်လက်၍ တိုးတက်နေရမည်ဖြစ်ကြောင်း Correa do Lago က အလေးပေးပြောကြားခဲ့သည်။ “သိပ္ပံ၊ ပညာရေး၊ ယဉ်ကျေးမှုတွေဆိုတာ ကျွန်တော်တို့ လိုက်ပါလုပ်ဆောင်ရမယ့် လမ်းကြောင်းတွေဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတွင် ဘက်ပေါင်းစုံမှ ပါဝင်ရေးမှာ ရှေ့သို့ချီတက်ရမည့် လမ်းကြောင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေရန် လုပ်ဆောင်ခြင်း၊ တရားမျှတသော အသွင်ကူးပြောင်းမှုနှင့် ပဲရစ်သဘောတူညီချက်၏ ကမ္ဘာလုံးဆိုင်ရာ ဟန်ချက်ညီမှုကို အကောင်အထည်ဖော်ခြင်း အပါအဝင် အကြောင်းအရာများစွာကို အခမ်းအနားတွင် ဆွေးနွေးမည်ဟု ခန့်မှန်းရသည်။
နိုဝင်ဘာ ၂၁ ရက်အထိ ကျင်းပမည့် အဆိုပါညီလာခံသို့ တက်ရောက်ရန် နိုင်ငံနှင့် ဒေသပေါင်း ၁၉၀ ကျော်မှ ကိုယ်စားလှယ်များ စာရင်းသွင်းထားကြောင်း COP30 ဥက္ကဋ္ဌရုံးမှ သိရသည်။ (Xinhua)

ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့၌ အကြိမ် ၃၀ မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံဖွင့်ပွဲအခမ်းအနားအတွင်း အမှာစကားပြောကြားနေသော ဘရာဇီးနိုင်ငံ သမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါ ဆေးလ်ဗားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့၌ အကြိမ် ၃၀ မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံဖွင့်ပွဲအခမ်းအနားအတွင်း အမှာစကားပြောကြားနေသော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုရေးရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) အမှုဆောင်အတွင်းရေးမှူး Simon Stiell ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့၌ အကြိမ် ၃၀ မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့၌ အကြိမ် ၃၀ မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
COP30 summit kicks off in Belem, Brazil
BELEM, Brazil, Nov. 10 (Xinhua) — The 30th United Nations climate change conference, commonly known as COP30, opened Monday in Belem, Brazil, with the aim of putting the fight against climate change back in the center of international priorities, according to local authorities.
At the opening ceremony, COP29 President Mukhtar Babayev called to meet the goals of the climate summit held last year in Baku, the capital of Azerbaijan.
COP30 President Andre Correa do Lago thanked Brazilian President Luiz Inacio Lula da Silva for appointing him and reiterated that COP30 must present solutions.
Despite recent setbacks, the living conditions of populations around the world can and must continue to improve, Correa do Lago emphasized. “Science, education, culture are the path that we have to follow,” he said.
Multilateralism is definitely the way forward in the fight against climate change, he said.
A series of topics, including climate adaptation, just transition, and implementation of the Paris Agreement’s global balance, are expected to be discussed at the event.
Delegations of over 190 countries and regions have registered to participate in the conference, which runs through Nov. 21, according to the COP30 presidency.
English Caption 1
Participants arrive at the venue of the 30th United Nations climate change conference in Belem, Brazil, Nov. 10, 2025. (Photo by Claudia Martini/Xinhua)
English Caption 2
Brazilian President Luiz Inacio Lula da Silva speaks during the opening ceremony of the 30th United Nations climate change conference in Belem, Brazil, Nov. 10, 2025. (Photo by Claudia Martini/Xinhua)
English Caption 3
Simon Stiell, Executive Secretary of the United Nations Framework Convention on Climate Change (UNFCCC), speaks during the opening ceremony of the 30th United Nations climate change conference in Belem, Brazil, Nov. 10, 2025. (Photo by Claudia Martini/Xinhua)
English Caption 4, 5
Participants attend the opening ceremony of the 30th United Nations climate change conference in Belem, Brazil, Nov. 10, 2025. (Photo by Claudia Martini/Xinhua)
