International Organizations
လိဒ်စ်အသင်းပရိသတ်များအား တံတွေးထွေးခဲ့ခြင်းအတွက် ဘန်လေကွင်းလယ်လူ မက်ဘရီကို FA စွဲချက်တင်
လန်ဒန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဘန်လေကွင်းလယ်ကစားသမား ဟန်နီဘယ်လ် မက်ဘရီသည် တာ့ဖ်မိုးကွင်း၌ လွန်ခဲ့သည့်လက ပရီးမီးယားလိဂ်ပွဲစဉ်တွင် လိဒ်စ်ယူနိုက်တက်အသင်းပရိသတ်များအား တံတွေးထွေးခဲ့သည်ဟူသော စွပ်စွဲချက်များထွက်ရှိလာခဲ့ပြီးနောက် ၎င်းကစားသမားအား အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) မှ ကျင့်ဝတ်နှင့်မညီသော အပြုအမူပြုမူမှုဖြင့် စွဲချက်တင်လိုက်ပြီဖြစ်သည်။
အသက် ၂၂ နှစ်အရွယ် တူနီးရှားလက်ရွေးစင်ကစားသမား မက်ဘရီသည် အောက်တိုဘာ ၁၈ ရက်တွင် ဘန်လေအသင်းက လိဒ်စ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲစဉ်၏ ၈၃ မိနစ်တွင် လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ကစားခဲ့သည်။ သို့သော် အဆိုပါဖြစ်ရပ်မှာ ယင်းသို့ဝင်ရောက်မကစားမီ ၁၆ မိနစ်ခန့်အလိုတွင် ဖြစ်ပွားခဲ့ခြင်းပြီး မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း မက်ဘရီသည် ကွင်းဘေးစည်းနားတွင် သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ကွင်း၏ အဝေးကွင်းပရိသတ်များ အားပေးသည့်နေရာမှ လိဒ်စ်အသင်းပရိသတ်တစ်ဦးက တိုင်ကြားမှုပြုလုပ်ခဲ့ပြီးနောက် လန်ကာရှိုင်းယားရဲတပ်ဖွဲ့က ယင်းကိစ္စကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
“ကစားသမားက ၆၇ မိနစ်ခန့်မှာ လိဒ်စ်ယူနိုက်တက်အသင်းပရိသတ်တွေဘက်ကို တံတွေးထွေးခြင်းဖြင့် ကစားပွဲရဲ့ဥပဒေတွေကို ချိုးဖောက်ခြင်း ဒါမှမဟုတ် မသင့်လျော်တဲ့ပုံစံ ပြုမူခြင်း ဒါမှမဟုတ် ရိုင်းစိုင်းတဲ့အပြုအမူ ပြုမူခြင်းတို့ကို လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်” ဟု FA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မက်ဘရီအနေဖြင့် တုံ့ပြန်ဖြေရှင်းရန် နိုဝင်ဘာ ၂၈ ရက်အထိ အချိန်ရှိသည်ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
မက်ဘရီသည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် မန်ချက်စတာယူနိုက်တက်မှ ဘန်လေသို့ ပြောင်းရွှေ့ကြေး ပေါင် ၉.၄ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ဘန်လေသို့ ရောက်ရှိပြီးကတည်းက ၎င်းသည် ပြိုင်ပွဲစုံတွင် ၅၀ ပွဲကစားပြီး တစ်ဂိုး သွင်းယူထားကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Burnley midfielder Mejbri charged by FA for spitting at Leeds fans
LONDON, Nov. 11 (Xinhua) — Burnley midfielder Hannibal Mejbri has been charged with misconduct by the Football Association following allegations that he spat towards Leeds United supporters during last month’s Premier League match at Turf Moor.
The 22-year-old Tunisia international entered the game as a substitute in the 83rd minute of Burnley’s 2-0 win over Leeds on October 18. However, the alleged incident is said to have occurred 16 minutes earlier, while the former Manchester United player was warming up on the touchline.
Lancashire Police investigated the matter after a complaint was made by a Leeds supporter in the away section of the ground.
An FA statement said: “It is alleged the player acted in breach of the laws of the game and/or in an improper manner and/or used abusive and/or indecent behaviour by spitting at or in the direction of Leeds United supporters around the 67th minute.”
Mejbri has until November 28 to provide a response, the statement read.
Mejbri joined Burnley from Manchester United in August 2024 in a transfer worth up to 9.4 million pounds. Since arriving at Turf Moor, he has made 50 appearances in all competitions, scoring one goal. ■
