International Organizations
နေမာ ပေါင်ဒဏ်ရာကောင်းမွန်လာပြီးနောက် ပြန်လည်ပါဝင်ဖွယ်ရှိ
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
ဘရာဇီးစီးရီးအေပြိုင်ပွဲတွင် အဆင့်မလျော့ကျစေဖို့ ရုန်းကန်နေရသည့် ဆန်းတို့အသင်း၏ အိမ်ကွင်းတွင် ဖွန်တာလီဇာအသင်းနှင့်ကစားရမည့် နိုဝင်ဘာ ၁ ရက်ပွဲ၌ နေမာ ပြန်လည်ပါဝင်ဖွယ်ရှိကြောင်း သိရသည်။
ဆန်းတို့စ်ပထမအသင်းနှင့် အောက်တိုဘာ ၃၁ ရက်တွင် လေ့ကျင့်ခန်းဆင်းခဲ့သည့် အသက် ၃၃ နှစ်အရွယ် ကစားသမားသည် နည်းပြ Juan Pablo Vojvoda ၏ ကစားမည့်နေ့ လူစာရင်းတွင် ပါဝင်နိုင်မည်ဟု မျှော်လင့်ရသည်။
ဘာစီလိုနာနှင့် ပဲရစ်စိန့်ဂျာမိန်းတိုက်စစ်မှူးဟောင်း နေမာသည် Vila Belmiro အားကစားကွင်းတွင် ယှဥ်ပြိုင်ကစားမည့်ပွဲ၏ နောက်ဆုံး ၁၅ မိနစ်၌ ပါဝင်လာနိုင်ခြေရှိကြောင်း ဒေသသတင်း Globo Esporte က ဖော်ပြခဲ့သည်။
နေမာသည် စက်တင်ဘာ ၁၈ ရက်က လေ့ကျင့်မှုတွင် ပေါင်ကြွက်သား စုတ်ပြဲဒဏ်ရာရရှိပြီးနောက် ပွဲမစားဘဲရှိနေခဲ့ခြင်း ဖြစ်သည်။
ဘရာဇီးနိုင်ငံ၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သော နေမာသည် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံများတွင် ဇွန် ၁၁ မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမည့် လာမည့်နှစ် ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ပုံမှန်ခြေစွမ်းနှင့်ကြံ့ခိုင်မှုပြန်လည်ရရှိရန် အားထုတ်လျက်ရှိသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ၌ ဒူးဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ချိန်ကတည်းက နေမာသည် ဘရာဇီးအတွက် ကစားပေးနိုင်ခြင်းမရှိသေးကြောင်းနှင့် နိုင်ငံအသင်းနည်းပြ ကာလိုအန်ဆယ်လော့တီက ကမ္ဘာ့ဖလားအတွက် ကြံ့ခိုင်မှု အပြည့်အဝရှိသည့် ကစားသမားများကိုသာ စဥ်းစားမည်ဟု ပြောဆိုခဲ့သည်။
နေမာသည် ယခုရာသီ၌ လိဂ် ၁၃ ပွဲ ကစားခဲ့ပြီး သုံးဂိုးသွင်းယူနိုင်ခဲ့သည်။ ဘရာဇီးစီးရီးအေ ချန်ပီယံ ရှစ်ကြိမ် ရရှိထားသည့် ဆန်းတို့စ်အသင်းသည် ၂၉ ပွဲကစားထားရာ၌ တန်းဆင်းဇုန်အထက် တစ်မှတ်အကွာတွင် ရောက်ရှိနေခြင်းဖြစ်သည်။ (Xinhua)
…………………
(English Version)
Neymar eyes return after thigh injury
RIO DE JANEIRO, Oct. 31 (Xinhua) — Neymar could return from injury for Santos’ home clash against Fortaleza on Saturday as the club fights to avoid relegation from Brazil’s Serie A.
The 33-year-old trained with Santos’ first team on Friday and is expected to be included in the matchday squad by manager Juan Pablo Vojvoda.
Local news outlet Globo Esporte said the former Barcelona and Paris Saint-Germain forward would likely feature in the last 15 minutes of the clash at Vila Belmiro Stadium.
Neymar has not played since suffering a thigh injury while training on September 18.
Brazil’s all-time leading scorer is racing to regain form and fitness ahead of next year’s FIFA World Cup, to be held from June 11 to July 19 in the United States, Mexico and Canada.
He has not played for Brazil since a serious knee injury in October 2023 and national team manager Carlo Ancelotti has said only players who are fully fit will be considered for the World Cup.
Neymar has managed 13 league appearances this season, scoring three goals. Eight-time Brazilian Serie A champions Santos are one point above the relegation zone after 29 matches.
Photo : Brazil’s Neymar controls the ball during their 2026 World Cup qualifier against Bolivia at the Olympic Stadium of Para in Belem, Brazil, on Sept. 8, 2023. (Photo by Lucio Tavora/Xinhua)
