Connect with us

International Organizations

လူစားလဲခံရခြင်းကြောင့် ပေါက်ကွဲခဲ့သည့် ဗီနီးဆီးယက်စ်ကို လက်စားချေအရေးယူမည်မဟုတ်ဟု အလွန်ဆို ပြောကြား

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ ဆန်တီယာဂိုဘာနေဗျူးကွင်းတွင် ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် ဗီလာရီးရဲလ်တို့၏ လာလီဂါပွဲတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ရီးရဲလ်မက်ဒရစ်မှ ဗီနီးဆီးယက်စ် ဂျုနီယာ(ဝဲ) ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့်သီတင်းပတ်က ဘာစီလိုနာကို အနိုင်ရခဲ့သည့်ပွဲတွင် လူစားလဲခံရခြင်းကြောင့် စိတ်ဆိုး မာန်ဆိုးတုံ့ပြန်ခဲ့သည့် တိုက်စစ်မူး ဗီနီးဆီးယက်စ်ကို တုံ့ပြန်လက်စားချေ အရေးယူသွားမည် မဟုတ် ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက အောက်တိုဘာ ၃၁ ရက်က ပြောကြားလိုက်သည်။
ဘာစီလိုနာကို ၂-၁ ဂိုးရလဒ်ဖြင့်အနိုင်ရနေချိန် ပွဲချိန် မိနစ် ၇၀ တွင် အလွန်ဆိုက ဗီနီးဆီးယက်စ်ကို ရိုဒရီဂိုနှင့် လူစားလဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဘရာဇီးတောင်ပံကစားသမားသည် လူစားလဲခံရပြီးနောက် အဝတ်လဲခန်းအတွင်းသို့သွားရာ ဥမင်အတွင်းသို့ တိုက်ရိုက်တန်းဝင်သွားခြင်းမတိုင်မီ ပါးစပ်မှလည်း အော်ဟစ်ကာ လက်ဟန်ခြေဟန်များ ပြသပြီး စိတ်ဆိုးစွာတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဗီနီးဆီးယက်စ်က အရန်ကစားသမားများ ခုံတန်းသို့ ပြန်လာထိုင်ခဲ့ကာ ပွဲပြီးခါနီး အခိုက်အတန့်များကို ကြည့်ရှုခဲ့သည်။
ယခုသီတင်းပတ်အတွင်း၌ ဗီနီးဆီးယက်စ်က ၎င်း၏ အပြုအမူများနှင့်ပတ်သက်၍ ကလပ်ကစားဖော်များနှင့် ပရိသတ်များသို့ ရည်ညွှန်းသည့်ကြေညာချက်တစ်ခုထုတ်ကာ ပြန်လည်တောင်းပန်ခဲ့သည်။ အဆိုပါ တောင်းပန်သည့်ကြေညာချက်တွင် အလွန်ဆိုကို ရည်ညွှန်းထားခြင်း မရှိပေ။
နိုဝင်ဘာ ၁ ရက်တွင် ဗလန်စီယာကိုအိမ်ကွင်း၌ လက်ခံကစားရမည့် လာလီဂါပွဲမတိုင်မီ သတင်းစာ ရှင်းလင်းပွဲတွင် ဗီနီးဆီးယက်စ်က တိုက်ရိုက်တောင်းပန်ခဲ့ခြင်း ရှိ၊ မရှိမေးမြန်းခဲ့မှုများနှင့်ပတ်သက်၍ အလွန်ဆိုက “ကျွန်တော်တို့ အောက်တိုဘာ ၂၉ ရက်က ကစားသမားတိုင်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဗီနီးဆီးယက်စ်ကလည်း အပြစ်ပြောစရာမရှိပါဘူး။ ဗီနီးဆီးယပ်စ်က နှလုံးသားထဲကလာတဲ့အတိုင်းပဲ ရိုးသားစွာ စကားပြောခဲ့ပါတယ်။ ဒါကလည်း အရမ်းကောင်းပါတယ်။ ဒီကိစ္စကလည်း ကျွန်တော့်အတွက် ပြီးသွားပါပြီ” ဟု တုံ့ပြန်ဖြေကြားခဲ့သည်။
ဗီနီးဆီးယက်စ်က လူသိထင်ရှား တရားဝင်ကြေညာချက်ထုတ်ပြန်တောင်းပန်ခဲ့ရာ၌ ၎င်းကို ရည်ညွှန်းခဲ့မှု မရှိခြင်းနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း စိတ်အနှောင့်အယှက် လုံးဝမဖြစ်ကြောင်း အလွန်ဆိုက အခိုင်အမာပြောကြားခဲ့သည်။
“ဗီနီးဆီးယက်စ်ရဲ့ ကြေညာချက်က အရမ်းကို အရေးကြီးပြီး အလွန်တရာလည်း အပြုသဘောဆောင် ပါတယ်။ သူကတော့ နှလုံးသားထဲကလာတဲ့အတိုင်း ပြောဆိုပြီး သူ့ရဲ့ ရိုးသားမှုကို ဖော်ထုတ်ပြသခဲ့တာပါ။ အရေးအကြီးဆုံးက သူ ဘာပြောခဲ့သလဲဆိုတာပါပဲ။ ကျန်တော်ကတော့ အရမ်းကို ကျေနပ်ပါတယ်။ ဒီကိစ္စကလည်း အောက်တိုဘာ ၂၉ ရက်ကတည်းက ပြီးသွားပါပြီ” ဟု အလွန်ဆိုက ပြောခဲ့သလို ဗီနီးဆီးယက်စ်ကို မည်သည့်အရေးယူမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။
“တုံ့ပြန်အရေးယူမှုတွေ ရှိမှာမဟုတ်ပါဘူး။ ကျန်တော်တို့ အခုအာရုံစိုက်ပြီး စိုးရိမ်နေတာက ဗလန်စီယာ နဲ့ ကစားရမယ့်ပွဲပဲ ဖြစ်ပါတယ်” ဟု အလွန်ဆိုက နိဂုံးချုပ်ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Alonso says ‘no reprisal’ for Vinicius after substitution outburst
MADRID, Oct. 31 (Xinhua)
Real Madrid coach Xabi Alonso said Friday there will be “no reprisal” against forward Vinicius Jr. for his angry reaction to being substituted in last weekend’s win over Barcelona.
Alonso replaced Vinicius with Rodrygo in the 70th minute of the 2-1 victory. The Brazilian winger reacted by shouting and gesticulating before walking straight down the tunnel, though he later returned to the dugout for the match’s closing moments.
Vinicius issued a statement during the week apologizing to teammates and fans for his behavior. The message did not mention Alonso.
Speaking to the press ahead of Saturday’s La Liga match at home to Valencia, Alonso was asked if Vinicius had apologized to him directly.
“We had a meeting with everyone on Wednesday, and Vinicius was impeccable,” Alonso replied. “He spoke sincerely, from the heart, and it was very good. The issue is closed for me.”
The coach was also asked about not being mentioned in Vinicius’s public statement and insisted he was not annoyed.
“It was a very valuable, very positive statement. He demonstrated his honesty and spoke from the heart. The most important thing is what he said, and I was very satisfied. The matter was closed on Wednesday,” Alonso said, reiterating he would not take any action against the forward.
“There will be no reprisal. What worries me now is Valencia,” he concluded. ■

Photo:
Vinicius Junior (L) of Real Madrid celebrates his goal during the La Liga football match between Real Madrid and Villarreal CF at the Santiago Bernabeu Stadium, Madrid, Spain, on Oct. 4, 2025. (Photo by Gustavo Valiente/Xinhua)