International Organizations
သီယာဂိုဆေးလ်ဗားကိုခေါ်ယူရန် အေစီမီလန်အသင်း စိတ်ဝင်စား
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ပျံ့နှံ့နေသည့် ဘရာဇီး မီဒီယာသတင်းများအရ အေစီမီလန်အသင်းသည် ဖလူမင်နိစ် ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားကိုခေါ်ယူရန် စဥ်းစားလျက်ရှိကြောင်းသိရသည်။
အသက် ၄၁ နှစ်ရှိပြီဖြစ်သည့် ဆေးလ်ဗားသည် ရီယိုဒီဂျနေးရိုးအသင်းနှင့်လာမည့် ဇွန်လအထိ စာချုပ်ချုပ်ဆိုထားသော်လည်း ဇန်နဝါရီ ဥရောပဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း ၎င်း၏အသင်းဟောင်းသို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း Globo Esporte က သတင်းဖော်ပြခဲ့သည်။
ဖလူမင်နိစ်အသင်းသည် အီတလီအသင်း၏စိတ်ဝင်စားမှုကိုသိရှိထားပြီး ဆေးလ်ဗားက စာချုပ်ကို စောစီးစွာအဆုံးသတ်လိုပါက ၎င်းကိုထွက်ခွာခွင့်ပြုလိမ့်မည်ဖြစ်ကြောင်း ထပ်မံသိရှိရသည်။
ဆေးလ်ဗားသည် ပဲရစ်စိန့်ဂျာမိန်းအသင်းသို့ မပြောင်းရွှေ့မီ ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မီလန်အသင်းအတွက် ပြိုင်ပွဲပေါင်း ၁၁၉ ပွဲတွင် ပါဝင်ကစားခဲ့သူဖြစ်သည်။
ဘရာဇီးလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၃ ပွဲ ကစားခဲ့သည့် ဗဟိုနောက်ခံကစားသမားသည် ချဲလ်ဆီးအသင်း၌ လေးနှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ယမန်နှစ်က ၎င်း၏ငယ်ဘဝကလပ်အသင်း ဖလူမင်နိစ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………
(English Version)
Thiago Silva emerges as Milan transfer target
RIO DE JANEIRO, Nov. 18 (Xinhua) — AC Milan is considering a move to sign veteran Fluminense defender Thiago Silva, according to widespread media reports in Brazil.
Silva, 41, is contracted to the Rio de Janeiro club until next June, but could leave in January to return to his former club during the European winter transfer window, Globo Esporte reported.
It added that Fluminense was aware of the Italian side’s interest and would allow Silva to leave, should he seek to end his contract early.
Silva made 119 appearances for Milan across all competitions from 2009 to 2012 before joining Paris Saint-Germain.
The central defender, who has been capped 113 times for Brazil, returned to his boyhood club Fluminense last year after a four-year spell at Chelsea.
Photo : Thiago Silva (top L) of Brazil vies for a header during the 2022 FIFA World Cup qualifier between Brazil and Chile in Rio de Janeiro, Brazil on March 24, 2022. (Xinhua/Wang Tiancong)
