Connect with us

Asia

ဂူဂဲလ်က မော်လ်ဒိုက်တွင် ရေအောက်ကေဘယ်လ်စခန်းအတွက် ရင်းနှီးမြှုပ်နှံမည်

မော်လ်ဒိုက်နိုင်ငံရှိ Hulhumale ကျွန်း ပင်လယ်ပြင်တွင် လှေလှော်နေသူအချို့ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မာလေ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံ Addu မြို့ တွင် နိုင်ငံတကာရေအောက်ကေဘယ်စခန်းသစ်တစ်ခု တည်ဆောက်မှုနှင့် ကွန်ရက်အဆောက်အအုံအတွက် ဂူဂဲလ်က ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မော်လ်ဒိုက်အစိုးရက ကြေညာခဲ့သည်။
မော်လ်ဒိုက်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်တစ်ခုအရ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်းဆယ်ချီရှိကြောင်း သိရသည်။ကေဘယ်စခန်းသစ်သည် နိုင်ငံတကာရေအောက်ကေဘယ်စနစ်များစွာကို ထိထိရောက်ရောက် ထောက်ပံ့လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

မော်လ်ဒိုက်နိုင်ငံ၌ ကလောက် (cloud) ဝန်ဆောင်မှုများ၊ ဘဏ္ဍာရေးနည်းပညာ(fintech)၊ ဒစ်ဂျစ်တယ်အကြောင်းအရာများနှင့် နည်းပညာလုပ်ငန်းသစ်များ ကဲ့သို့သော ကဏ္ဍသစ်များ ဖွံ့ဖြိုးတိုးတက်မည့်အလားအလာကို အဆိုပါရင်းနှီးမြှုပ်နှံမှုက မီးမောင်းထိုးပြလျက်ရှိကာ ခရီးသွားလုပ်ငန်းအပြင် စီးပွားရေးလုပ်ငန်းမျိုးစုံ ဖော်ဆောင်လျက်ရှိသည့် မော်လ်ဒိုက်အစိုးရ၏ အရေးပါသည့် အားထုတ်မှုတစ်ခုကို ကိုယ်စားပြုလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် မှတ်ချက်ပြုပြောကြားခဲ့သည်။

မော်လ်ဒိုက်နိုင်ငံသည် အာဖရိက၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံများအပါအဝင် ဒေသတွင်း ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတိုးတက်စေရန် ကူညီထောက်ပံ့နိုင်သည့် ချိတ်ဆက်မှုဗဟိုချက်အဖြစ် သဘာဝအားဖြင့်တည်ရှိနေကြောင်း Google Cloud ၏ တရားဝင်ဝက်ဘ်ဆိုက်၌ စီမံကိန်းမိတ်ဆက်ရေးသားထားသည့် နိုဝင်ဘာ ၁၈ ရက်က ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ (Xinhua)
…………………
(English Version)
Google to invest in submarine cable landing station in Maldives
MALE, Nov. 18 (Xinhua) — Google will be investing in creating a new international submarine cable landing station and network facility in Addu, the Maldives, the Maldivian government has announced.
According to a statement released by the Maldives’ Ministry of Economic Development and Trade on Monday, the investment amounts to tens of millions of U.S. dollars. The new facility will be capable of supporting the landing of multiple international submarine cable systems, read the statement.
The statement noted that the investment highlights the country’s potential to develop new sectors, such as cloud services, fintech, digital content, and technology start-ups, and represents a key milestone in the Maldivian government’s efforts to diversify the economy beyond tourism.
The Maldives are naturally positioned for connectivity hubs to help improve digital connectivity for the region, including Africa, the Middle East, South Asia and Oceania, read an article posted Tuesday on the official website of Google Cloud, introducing the project. ■
Photo : People row a boat on the sea in Hulhumale, Maldives, Oct. 3, 2025. (Xinhua/Wu Yue)