Europe
ယူကရိန်းနိုင်ငံအတွက် အကူအညီပေးရေးအစီအစဉ်ကို စပိန်နိုင်ငံ ကြေညာ
မက်ဒရစ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
စပိန်နိုင်ငံ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ယူကရိန်းနိုင်ငံအတွက် ယူရို ၆၁၅ သန်း (အမေရိကန်ဒေါ်လာ ၇၁၂.၂ သန်း) အကူအညီပေးရေးအစီအစဉ်ကို နိုဝင်ဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။
စပိန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် မြို့တော်မက်ဒရစ်တွင် တွေ့ဆုံပြီးနောက် ဆန်းချက်ဇ်က အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်မှ ယူရို သန်း ၃၀၀ ကို ကာကွယ်ရေးပစ္စည်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ဆန်းချက်ဇ်၏ အဆိုအရ သိရသည်။ (၁ ယူရို = အမေရိကန်ဒေါ်လာ ၁.၁၆) (Xinhua)

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်ရှိ လာမွန်ကလိုအာနန်းတော်၌ စပိန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် စကားပြောနေသည့် စပိန်နိုင်ငံ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် (ယာဘက်) ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………………………………..
(English Version)
Spain announces aid package for Ukraine
MADRID, Nov. 18 (Xinhua) — Spanish Prime Minister Pedro Sanchez on Tuesday announced a 615-million-euro (712.2 million U.S. dollars) aid package for Ukraine.
Sanchez made the announcement after meeting with Ukrainian President Volodymyr Zelensky in Madrid, who is visiting Spain.
According to Sanchez, 300 million euros from the package will go toward defense equipment. (1 euro = 1.16 U.S. dollar) ■
English Caption 1
Spanish Prime Minister Pedro Sanchez (R) shakes hands with visiting Ukrainian President Volodymyr Zelensky at La Moncloa Palace in Madrid, Spain, Nov. 18, 2025. (Xinhua/Meng Dingbo)
English Caption 2
Spanish Prime Minister Pedro Sanchez (R) talks with visiting Ukrainian President Volodymyr Zelensky at La Moncloa Palace in Madrid, Spain, Nov. 18, 2025. (Xinhua/Meng Dingbo)
