International Organizations
နည်းပြပယ်လီဂရီနီအား အသင်း၌ ဆက်ရှိစေလိုဟု ဘက်တစ်ကစားသမား အန်တိုနီ ပြောကြား၊ လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရည်မှန်းထားဟု ဆို
မက်ဒရစ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ရီးရဲလ်ဘက်တစ်အသင်းအနေဖြင့် နည်းပြဖြစ်သူ မန်နျူရယ် ပယ်လီဂရီနီအား ရာသီကုန်၌ မလွဲမသွေ စာချုပ်သက်တမ်းတိုးရန် အသင်း၏ တောင်ပံကစားသမားဖြစ်သူ အန်တိုနီက တိုက်တွန်းပြောကြားခဲ့သည်။
အသက် ၇၂ နှစ်အရွယ် ချီလီနိုင်ငံသားနည်းပြမှာ ၂၀၂၀ ပြည့်နှစ် နွေရာသီတွင် ဆီဗီးလ်အခြေစိုက် ရီးရဲလ်ဘက်တစ်အသင်းထံ ရောက်ရှိလာပြီးနောက် အသင်းအား ၆ ရာသီမြောက် ကိုင်တွယ်နေခြင်းဖြစ်ကာ ၎င်းအနေဖြင့် ဘက်တစ်အား ၂၀၂၁ ခုနှစ် ကိုပါဒယ်ရေး (စပိန်ဘုရင့်ဖလား) ဆွတ်ခူးပေးနိုင်ခဲ့သလို ပြီးခဲ့သည့် ဘောလုံးရာသီကလည်း ကွန်ဖရန့်စ်လိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့သည်။
ပယ်လီဂရီနီ၏စာချုပ်မှာ ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ ၎င်းအနေဖြင့် ချီလီလက်ရွေးစင်အသင်းအား နည်းပြရန် မိခင်နိုင်ငံသို့ ပြန်လာဖွယ်ရှိသည်ဟူသော ကောလာဟလများ ထွက်ပေါ်လျက်ရှိသည်။ သို့သော် အန်တိုနီကမူ ၎င်းအား ဘက်တစ်အသင်း၌သာ ဆက်ရှိစေလိုခြင်းဖြစ်သည်။
“မန်နေဂျာရဲ့အခြေအနေက ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျွန်တော်မသိပေမဲ့ သူက ကျွန်တော့်ကို ယုံကြည်မှုခွန်အားတွေ အများကြီးပေးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကွင်းထဲရောက်တဲ့အခါ အစွမ်းကုန်ပေးဆပ်ကစားကြတယ်” ဟု အဆိုပါ ဘရာဇီးကစားသမားက Radio Marca သို့ ပြောကြားခဲ့သည်။
အန်တိုနီမှာ အိုးလ်ထရက်ဖို့ဒ်တွင် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်မ်၏ နှစ်သက်သဘောကျမှုကို မရရှိခဲ့သည့်အတွက် ဘက်တစ်အသင်းထံ အငှားဖြင့်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ လွန်ခဲ့သည့်ဘောလုံးရာသီ ဒုတိယရာသီဝက်တွင် နည်းပြပယ်လီဂရီနီ၏လက်အောက်၌ ပြန်လည်ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ယခုနွေရာသီ၌ ဘက်တစ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
“ပယ်လီဂရီနီသာမရှိရင် ကျွန်တော် ဒီအသင်းကိုရောက်လာပါ့မလားဆိုတာ မသိနိုင်ပါဘူး။ ကလပ်အသင်းက ကျွန်တော့်ကို တကယ်ပဲလိုချင်ခဲ့တာပါ။ ကျွန်တော် ဒီအသင်းကိုရောက်လာဖို့ နည်းပြက အခရာကျပါတယ်” ဟု အဆိုပါ တောင်ပံကစားသမားက ဆိုသည်။
ဘက်တစ်အသင်းမှာ လွန်ခဲ့သည့်ဘောလုံးရာသီတွင် အဆင့်-၆ ၌ ရပ်တည်နိုင်ခဲ့သည့်အတွက် ယူရိုပါလိဂ်တွင် ယှဉ်ပြိုင်ခွင့်ရခဲ့သော်လည်း အန်တိုနီကမူ ယင်းထက်ပိုမိုမျှော်မှန်းထားပြီး လာမည့်နှစ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် စိတ်ပိုင်းဖြတ်ထားခြင်းဖြစ်သည်။
“ကျွန်တော်တို့ ချန်ပီယံလိဂ်ကစားခွင့်ရဖို့ ရည်မှန်းထားပြီး အဲဒီအတွက် စိတ်ဓာတ်ပြင်းပြနေဖို့လိုပါတယ်။ ကျွန်တော် ဘက်တစ်အသင်းဂျာစီဝတ်ရင်း ပြိုင်ပွဲတိုင်းမှာ ယှဉ်ပြိုင်ချင်ပါတယ်။ ကျွန်တော်တို့အသင်းက အဲဒီလိုယှဉ်ပြိုင်နိုင်မှန်းလည်း သိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………
(English Version)
Betis’ Antony wants Pellegrini stay, looks for Champions League spot
MADRID, Nov. 18 (Xinhua) — Real Betis winger Antony has urged the club to ensure that coach Manuel Pellegrini renews his contract at the end of the season.
The Chilean, 72, is in his sixth season in charge of the Seville-based team since joining in the summer of 2020, leading Betis to the 2021 Copa del Rey title and to last season’s Conference League final.
Pellegrini’s contract is due to expire in June, and there are rumors he could return to his homeland to coach the Chile national team. However, Antony wants him to stay at Betis.
“I don’t know what’s going to happen with the manager, but he gives me a lot of confidence, and that’s why we give our all on the pitch,” the Brazilian told Radio Marca.
Antony joined Betis on loan from Manchester United after falling out of favor with coach Ramon Amorim at Old Trafford, reviving his career under Pellegrini in the second half of last season, leading to a permanent move in the summer.
“I don’t know if I’d be here if Pellegrini weren’t here; the club really wanted me. The coach is fundamental to me coming here,” said the winger.
Betis’ sixth-place finish last season saw the club qualify for the Europa League, but Antony is determined to aim higher and compete in the Champions League next year.
“We dream of playing in the Champions League, and we have to be eager for that. When I put on the Betis shirt, I want to fight for every competition. We know the team we have,” he concluded.
English Caption
Robert Lewandowski (2nd L) of FC Barcelona vies for a header during the Laliga football match between FC Barcelona and Real Betis, in Lluis Companys Olympic Stadium, Barcelona, Spain, on April 5, 2025. (Photo by Joan Gosa/Xinhua)
