Connect with us

International Organizations

၂၀၂၅ ခုနှစ် အာဖရိကအကောင်းဆုံးကစားသမားဆုကို မော်ရိုကိုအသင်းခေါင်းဆောင် ဟာကီမီ ဆွတ်ခူး

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကစားခဲ့သည့် ပီအက်စ်ဂျီနှင့် အင်တာမီလန်တို့၏ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ပီအက်စ်ဂျီကစားသမား အက်ရှ်ရက်ဖ် ဟာကီမီ(ယာ)ကို ၂၀၂၅ ခုနှစ် မေ ၃၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ရာဘတ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
မော်ရိုကိုလက်ရွေးစင်အသင်းခေါင်းဆောင်နှင့် ပီအက်စ်ဂျီနောက်ခံလူ အက်ရှ်ရက်ဖ်ဟာကီမီသည် ရာဘတ်မြို့၌ အာဖရိကတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို နိုဝင်ဘာ ၁၉ ရက်က ဆွတ်ခူးခဲ့ကြောင်း သိရသည်။
လီဗာပူးလ်မှ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဒ် ဆာလာ၊ ဂါလာတာစာရေးမှ နိုင်ဂျီးရီးယားကစားသမား ဗစ်တာအိုဆီမန်တို့နှင့် အကြိတ်အနယ်ယှဥ်ပြိုင်ခဲ့ရသော်လည်း ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ဖလား၊ ပြင်သစ်လီဂူးချန်ပီယံ၊ ပြင်သစ်ဖလား၊ ယူအီးအက်ဖ်အေစူပါဖလားများရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး ထူးခြားသောဘောလုံးရာသီကို ပိုင်ဆိုင်ခဲ့သည့် ဟာကီမီက အာဖရိကတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။
ဟာကီမီသည် မော်ရိုကို ဘောလုံးသမိုင်းတွင် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသည့် ငါးဦးမြောက် မော်ရိုကို ဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး တိုက်ကြီးများ အလိုက်အကောင်းဆုံးကစားသမားဆု သို့မဟုတ် ကမ္ဘာ့အဆင့်တစ်ဦးချင်း အကောင်းဆုံးကစားသမားဆုကို နောက်ဆုံးဆွတ်ခူးခဲ့သော မော်ရိုကို ဘောလုံးသမားမှာ ၁၉၈၈ ခုနှစ်က မော်ရိုကိုလက်ရွေးစင် ဘောလုံးသမားဟောင်း မူစတာဖာဟာဂျီက ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………..
(English Version)
Morocco captain Hakimi named Africa’s best footballer of 2025
RABAT, Nov. 19 (Xinhua)
Morocco’s national team captain and Paris Saint-Germain defender Achraf Hakimi was named Africa’s Men’s Player of the Year in Rabat on Wednesday.
Facing strong competition from Liverpool’s Egyptian forward Mohamed Salah and Victor Osimhen of Nigeria and Galatasaray, Hakimi claimed the award after an exceptional season where he helped PSG win the UEFA Champions League, French Ligue 1, French Cup and UEFA Super Cup.
Hakimi became the fifth Moroccan in history to win the title, with former international Mustapha Hadji being the last Moroccan to win a continental or global individual award in 1998. ■
Photo:
Achraf Hakimi (R) of Paris Saint-Germain celebrates his goal during the UEFA Champions League final match between Paris Saint-Germain and Inter Milan in Munich, Germany, May 31, 2025. (Xinhua/Peng Ziyang)