International Organizations
ကစားသမားဘဝမှ အနားယူရန် အချိန်နီးကပ်လာစဉ် အင်တာမိုင်ယာမီအသင်း ဆုဖလားရရှိရေး ကြိုးပမ်းမှုအတွက် ဘူးစကွက်စ် ပျော်ရွှင်နေ
ဝါရှင်တန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အင်တာမိုင်ယာမီအသင်းအနေဖြင့် ယင်းတို့၏ ပထမဆုံးမေဂျာလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ရန် ကြိုးပမ်းလျက်ရှိစဉ် ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်စ်က ဘောလုံးလောကတွင် ဆက်လက်ကစားရန် ကျန်ရှိနေသည့်အချိန်များကို ပျော်ရွှင်စွာဖြတ်သန်းသွားလိုကြောင်း နိုဝင်ဘာ ၁၉ ရက်က ဖွင့်ဟပြောဆိုခဲ့သည်။
အဆိုပါ စပိန်ကစားသမားက ၎င်းအနေဖြင့် မေဂျာလိဂ်ရာသီကုန်၌ အနားယူမည်ဟု စက်တင်ဘာလက ကြေညာခဲ့သည့် ဆုံးဖြတ်ချက်ကို ပြောင်းလဲမည်မဟုတ်ဟု နိုဝင်ဘာ ၂၃ ရက်တွင် စင်စင်နတီအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် Eastern Conference ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ သတင်းထောက်များအား ပြောကြားခဲ့သည်။
“အချိန်နည်းနည်းပဲ ကျန်တော့ပေမဲ့ ကျွန်တော်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ ကျွန်တော်တို့ အချိန်မရွေး ထွက်ခွာသွားရနိုင်ပေမဲ့ အဲဒီအရာကို လက်ခံထားပြီးသားပါ” ဟု ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလားဆုရှင်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ကျွန်တော် အဲဒီအတွက်ပျော်ရွှင်ပါတယ်။ အောင်မြင်မှုတွေကို ထပ်ပြီးချဲ့ထွင်နိုင်ဖို့ ကြိုးစားချင်ပါတယ်။ အဲဒါက နှုတ်ဆက်ခွဲခွာဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်လာမှာပါ။ ဒါပေမဲ့ လောလောဆယ်တော့ စင်စင်နတီနဲ့ ကစားရမယ့် နောက်လာမယ့်ပွဲစဉ်အတွက်ပဲ အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ပြောသည်။
အင်တာမိုင်ယာမီအသင်းမှာ playoff သုံးပွဲယှဉ်ပြိုင်ကစားရာတွင် နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်ဖြင့် နက်ရှ်ဗေးလ်အသင်းကို အနိုင်ယူကျော်ဖြတ်ကာ Conference ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်သလို စင်စင်နတီကလည်း ကိုလမ်ဘက်စ်ကို သုံးပွဲကစားကာ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၃ ရက် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ပုံမှန်ရာသီအလိုက် စွမ်းဆောင်ရည်မှတ်တမ်း အသာရရှိထားသော စင်စင်နတီက အိမ်ကွင်း၌ လက်ခံကစားခွင့်ရရှိထားသည်။
“ဒါက သိပ်ကိုခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်လာမှာဖြစ်ပြီး သူတို့က အိမ်ကွင်းမှာ တော်တော်လေးခြေစွမ်းကောင်းတယ်” ဟု ဘူးစကွက်စ်က ဆိုသည်။ ၎င်းမှာ ဘာစီလိုနာ အသင်းဖော်ဟောင်းများဖြစ်သည့် လီယွန်နယ် မက်ဆီ၊ ဂျော်ဒီ အယ်လ်ဘာတို့နှင့်အတူ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
“သူတို့ဟာ နှစ်အတန်ကြာ အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပြီး အဆင့်ကောင်းကောင်းမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေရှိသလို သိပ်ကိုထူးခြားတဲ့ စနစ်တစ်ခုလည်းရှိနေတာမို့ အဲဒါက အဝေးကွင်းမှာ အသင်းကောင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နိုဝင်ဘာ ၂၃ ရက် ပွဲစဉ်၌ အနိုင်ရသည့်အသင်းမှာ Conference ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကာ ဒီဇင်ဘာ ၆ ရက် MLS Cup ဗိုလ်လုပွဲတွင် ယှဉ်ပြိုင်ကစားခွင့်ရရန် နေရာလုရမည်ဖြစ်သည်။ (Xinhua)

အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ရှိ ဟာ့ဒ်ရော့ခ်အားကစားကွင်း၌ ၂၀၂၅ ခုနှစ် ဇွန် ၂၃ ရက်က အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းနှင့် ဘရာဇီးကလပ် ပါလ်မီးရက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု-A ပွဲစဉ်မတိုင်မီ အားကစားကွင်းထဲသို့ ရောက်ရှိလာသော အင်တာမိုင်ယာမီအသင်းမှ ဆာဂျီယို ဘူးစကွက်စ်အား တွေ့ရစဉ် (ဆင်ဟွာ)


………….
(English Version)
Busquets relishing Miami title push as retirement looms
WASHINGTON, Nov. 19 (Xinhua) — Inter Miami midfielder Sergio Busquets said Wednesday he is eager to savor his time left in football as his team bids for its first MLS title.
Speaking ahead of Miami’s Eastern Conference semifinal against Cincinnati on Sunday, the Spaniard told reporters there would be no going back on his September decision to retire at the end of the MLS season.
“There is little time left, but I’m calm. We could be eliminated at any moment and it’s something that I’ve accepted,” the 2010 World Cup winner told a news conference.
“I’m enjoying it and I’d like to try to extend it. That would be a great way to say goodbye, but for now I’m just focused on what’s next, which is the game against Cincinnati.”
Inter Miami reached the conference’s last four by overcoming Nashville two games to one in their best-of-three playoff series while Cincinnati advanced by beating Columbus, also over three matches.
Cincinnati earned the right to host Sunday’s clash due to its superior regular season record.
“It’s going to be a very difficult match and they are very strong at home,” said Busquets, who joined Inter Miami in July 2023 along with his former Barcelona teammates Lionel Messi and Jordi Alba.
“They’ve spent several years doing very well, finishing in good positions. They have a very unique system with great players and it’s going to be a challenge for us to play away and against a great team.”
The winner on Sunday will advance to the conference final, with a place in the MLS Cup final on Dec. 6 at stake.
English Caption 1
Inter Miami’s Sergio Busquets (R) defends Abdulmajeed Al-Sulaiheem of Al-Nassr during the friendly football match at the Kingdom Arena Stadium in Riyadh, Saudi Arabia, Feb. 1, 2024. (Xinhua/Wang Haizhou)
English Caption 2
Inter Miami CF’s Sergio Busquets arrives at the stadium before the group A match between Inter Miami CF of the United States and Palmeiras of Brazil at the FIFA Club World Cup 2025 at the Hard Rock Stadium, Miami, the United States, June 23, 2025. (Xinhua/Huang Zongzhi)
