Connect with us

Asia

အလုပ်ဖွင့်ရက်နည်းပါးသောကြောင့် အောက်တိုဘာတွင် တောင်ကိုရီးယားမော်တော်ကားတင်ပို့မှု ကျဆင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ Gangnam ခရိုင်တွင် မောင်းသူမဲ့ အငှားယာဥ်တစ်စီး ပြသထားသည်ကို ၂၀၂၂ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဆိုးလ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ကားတင်ပို့မှုသည် အလုပ်ဖွင့်ရက်နည်းပါးသောကြောင့် အောက်တိုဘာတွင် ကျဆင်းခဲ့ကြောင်း နိုဝင်ဘာ ၂၀ ရက်က ထုတ်ပြန်သည့် အစိုးရအချက်အလက်များအရ သိရသည်။
လွန်ခဲ့သည့်လတွင် ယမန်နှစ်အလားတူကာလထက် မော်တော်ကားတင်ပို့မှု ၁၀.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၅၅ ဘီလီယံသာ ရှိခဲ့ကြောင်း ကုန်သွယ်ရေး၊ စက်မှုနှင့် သယံဇာတဝန်ကြီးဌာန အဆိုအရ သိရသည်။

ဝန်ကြီးဌာန၏အဆိုအရ မော်တော်ကားတင်ပို့မှု ကျဆင်းခဲ့ခြင်းအဓိကအချက်အနေနှင့် ကျေးဇူးတော်နေ့နှင့် ဆင်တူသည့် တောင်ကိုရီးယားနိုင်ငံ၏ Chuseok ပိတ်ရက်များကြောင့် အလုပ်လုပ်ရက် လျော့နည်းသွားခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။
အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သို့ မော်တော်ကားတင်ပို့မှု လျော့ကျခဲ့သော်လည်း အာရှသို့ တင်ပို့မှုမှာမူ အလျင်အမြန်မြင့်တက်ခဲ့ကြောင်း အချက်အလက်များက ဖော်ပြခဲ့သည်။ (Xinhua)
…………………..
(English Version)
S. Korea’s auto exports down in October on fewer business days
SEOUL, Nov. 20 (Xinhua) — South Korea’s automotive exports fell in October due to fewer business days, government data showed Thursday.
Car shipments declined 10.5 percent from a year earlier to 5.55 billion U.S. dollars last month, according to the Ministry of Trade, Industry and Resources.
The drop stemmed mainly from fewer working days, caused by the Chuseok holiday, the South Korean version of Thanksgiving Day, according to the ministry.
Auto exports to the United States and the European Union shrank, while shipments to Asia spiked, the data showed.
Photo : Photo taken on June 9, 2022 shows a self-driving taxi in Gangnam of Seoul, South Korea. (Xinhua/Wang Yiliang)