Connect with us

International Organizations

အကို့စတာနှင့် ဆာနာတို့၏ သွင်းဂိုးများဖြင့် ဖလူမင်နိအသင်း ဖလာမင်ဂိုကို အနိုင်ရ

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ၂၀၂၅ ဖီဖာကမ္ဘာ့ကလပ်အသင်းများပြိုင်ပွဲ အုပ်စု F ပွဲစဥ် ဖလူမင်နိစ် FC နှင့် ဂျာမနီ ဘိုရုရှားဒေါ့မွန်အသင်းတို့ ယှဥ်ပြိုင်မှုတွင် ဂိုးကာကွယ်နေသည့် ဖလူမင်နိစ်အသင်း ဂိုးသမား ဖာဘီယို (အလယ်) ကို ၂၀၂၅ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
လူစီယာနိုအကို့စတာနှင့် ကီဗင်ဆာနာတို့၏ ပထမပိုင်းသွင်းဂိုးများဖြင့် ဖလူမင်နိအသင်းက ဘရာဇီး စီးရီးအေပြိုင်ပွဲတွင် ဦးဆောင်လျက်ရှိသည့် ဖလာမင်ဂိုအသင်းကို အိမ်ကွင်းတွင် ၂-၁ ရလဒ်ဖြင့် နိုဝင်ဘာ ၂၀ ရက်က အနိုင်ရရှိသည်။
ဘိုကာဂျူနီယာ ကွင်းလယ်ကစားသမားဟောင်း အကို့စတာ၏ ပထမဆုံးအားထုတ်မှုတွင် ပယ်နယ်တီဧရိယာအစပ်မှ  ဂိုးသမား သြဂတ်စတင်ရော့စီ၏ခေါင်းပေါ်မှ ကျော်ကာ ဂိုးတိုင်ထောင့်သို့ ပင့်သွင်းယူကာ ဖလူမင်နိအသင်းက ဦးဆောင်ဂိုးရရှိခဲ့သည်။
ဒုတိယဂိုးရရှိပုံမှာ ဂိုးသမား ရော်ဆီသည် ၎င်းကို ပြန်ပေးသည့်ဘောလုံးကို မဖမ်းယူနိုင်ဘဲဖြစ်ခဲ့ပြီးနောက် ကိုလံဘီယာတိုက်စစ်မှူး ဆာနာက အလွယ်တကူ ကန်သွင်းကာ ရရှိခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးနှင့် အာဆင်နယ်အသင်းတို့၏ ကွင်းလယ်ကစားသမားဟောင်း Jorginho က ပင်နယ်တီမှတစ်ဆင့် တစ်ဂိုးပြန်လည်ရယူနိုင်ခဲ့သော်လည်း ဖလူမင်နိအသင်းက ၁၆ ပွဲမြောက် အောင်မြင်မှု ရယူဆုပ်ကိုင်နိုင်ခဲ့သည်။
အထက်ပါရလဒ်ဖြစ်ခဲ့သော်လည်း ဖလာမင်ဂိုအသင်းသည် အသင်း ၂၀ ပါဝင်သည့် အမှတ်ပေးဇယားတွင် ရမှတ် ၇၁ မှတ်ဖြင့်ထိပ်ဆုံး ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ဒုတိယနေရာ ပါလ်မီးရက်စ်အသင်းထက်နှစ်မှတ်အသာ ရနေဆဲဖြစ်သည်။ ပါလ်မီးရက်စ်အသင်းသည် နိုဝင်ဘာ ၂၀ ရက် အစောပိုင်းပွဲစဥ်တွင် Vitoria အသင်းကို အိမ်ကွင်းတွင် ဂိုးမရှိ သရေ ရလဒ်ရရှိခဲ့ပြီး ဖလူမင်နိအသင်းသည် ၅၄ မှတ်ဖြင့် အဆင့်ခြောက်နေရာတွင် ရှိနေသည်။
နိုဝင်ဘာ ၁၉ ရက်ကကျင်းပသည့် အခြား ဘရာဇီး ထိပ်တန်းလိဂ်ပွဲစဥ်များတွင် Santos အသင်းက Mirassol အသင်းကို အိမ်ကွင်းတွင် ၁-၁ သ‌ရေ ရလဒ်၊ ဂရီမီယိုအသင်းက ဗာစကိုဒဂါးမားအသင်းကို အိမ်ကွင်းတွင် ၂-၀ ဖြင့် အနိုင်ရလဒ် ရှရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Acosta, Serna guide Fluminense past Flamengo
RIO DE JANEIRO, Nov. 19 (Xinhua) — Luciano Acosta and Kevin Serna scored first-half goals as Fluminense clinched a 2-1 home victory over leader Flamengo in Brazil’s Serie A on Wednesday.
Former Boca Juniors midfielder Acosta put Fluminense ahead by lifting a first-time effort from the edge of the area over the head of goalkeeper Agustin Rossi and into the far corner.
The second goal came after Rossi failed to control a routine back pass, leaving Colombian forward Serna with an easy tap in.
Former Chelsea and Arsenal midfielder Jorginho pulled a goal back from the penalty spot but Fluminense held on to secure its 16th win of the campaign.
Despite the result, Flamengo remains top of the 20-team standings with 71 points, two ahead of second-placed Palmeiras, which was held to a goalless home draw by Vitoria earlier on Thursday. Fluminense is sixth with 54 points.
In other Brazilian top flight fixtures on Wednesday, Santos was held to a 1-1 home draw by Mirassol and Gremio prevailed 2-0 at home to Vasco da Gama.
Photo : Fabio (C), goalkeeper of Fluminense FC, makes a save during the Group F match between Fluminense FC of Brazil and Borussia Dortmund of Germany at the FIFA Club World Cup 2025 in New Jersey, the United States, June 17, 2025. (Xinhua/Li Rui)