Connect with us

Asia

လေထုအရည်အသွေးညံ့ဖျင်းမှုကြောင့် အားကစားပြိုင်ပွဲများရွှေ့ဆိုင်းရန် ဒေလီ-NCR ကို အိန္ဒိယဗဟိုအစိုးရ တောင်းဆို

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မီးခိုးရောင်နှင်းထုများထူထပ်စွာကျဆင်းနေသည့် လမ်းမတစ်ပေါ် တွင် ရွေ့လျားနေသည့် ယာဥ်များကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ မြို့တော်ပိုင်နက်နယ်မြေ၏ လေထုအရည်အသွေးညွှန်းကိန်း (AQI) သည် ဆိုးရွားသော အမျိုးအစားအဆင့်သို့ ဝင်ရောက်လာခြင်းကြောင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ကျင်းပမည့် ရုပ်ပိုင်းဆိုင်ရာ အားကစားပြိုင်ပွဲများအားလုံးကို ရွှေ့ဆိုင်းထားရန် ဗဟိုအစိုးရက ဒေလီအမျိုးသား မြို့တော်ဒေသ (NCR) အာဏာပိုင်များအား တောင်းဆိုလိုက်ကြောင်း တာဝန်ရှိသူများ၏ နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်မှုအရ သိရသည်။

ယင်းဒေသတွင် ရင်ဆိုင်နေရသော လေထုညစ်ညမ်းမှုမှာ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကျောင်းသားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် အဆင့်လိုက်ဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိသည်။
ဒေလီ NCR သည် ဒေလီ၏ အမျိုးသားမြို့တော်နယ်မြေတစ်ခုလုံးနှင့် ပတ်ဝန်းကျင်ခရိုင်များ ပါ၀င်သော မြို့ပြဧရိယာတစ်ခုဖြစ်သည်။
လေထုညစ်ညမ်းမှုတိုင်းတာရေးစခန်းအများစုတွင် AQI ၄၀၀ ကျော်အထိ စံချိန်တင်ရောက်ရှိခဲ့ပြီး အချို့သောဒေသများတွင်မူ AQI ၄၅၀ အထိရောက်ရှိခဲ့သည်ဟု အချက်အလက်များကို ကိုးကား၍ တာဝန်ရှိသူများက နိုဝင်ဘာ ၂၀ ရက်က ပြောကြားခဲ့သည်။
ဒေလီတွင် လေထုညစ်ညမ်းမှု ဆက်လက်ဆိုးရွားနေပြီး ဆောင်းရာသီတွင် ပိုမိုဆိုးရွားလာခဲ့သည်။ လေထုအရည်အသွေး ယိုယွင်းလာရခြင်းမှာ လေတိုက်နှုန်းနှေးကွေးခြင်းနှင့် အနီးနားဝန်းကျင်မှ ပြည်နယ်များတွင် ရိုးပြတ်များမီးရှို့ခြင်း (လယ်ယာမီးလောင်ကျွမ်းမှု) တို့ကြောင့်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
India asks Delhi-NCR to postpone sports competitions due to poor air quality
NEW DELHI, Nov. 20 (Xinhua)
As the Air Quality Index (AQI) of the Indian capital territory has entered the severe category level, the federal government has asked the authorities in Delhi-National Capital Region (NCR) to postpone physical sports competitions in November and December, officials said Thursday.
The step is being taken to safeguard the health of students from the ongoing air pollution that the region is battling.
Delhi-NCR is a metropolitan area that includes the entire National Capital Territory of Delhi and surrounding districts.
Officials, citing the data, said on Thursday that most of the stations recorded an AQI of over 400, with some areas reaching 450.
Air pollution continues to worsen in Delhi and it gets aggravated during the winter months. The deterioration in air quality is being attributed to slow wind speed and stubble burning (farm fires) in the neighboring states. ■
Photo:
Vehicles move on a road amid thick smog in New Delhi, India, Nov. 3, 2022. (Xinhua/Javed Dar)