International Organizations
အယ်လ်ဘာတိုနှင့် ဒီပိုင်းတို့၏ သွင်းဂိုးများဖြင့် ကိုရင်သီယန်စ်အသင်းက ပြိုင်ဘက်ကိုအောင်နိုင်
ဆော်ပေါ်လို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၀ ရက်က ယှဥ်ပြိုင်ခဲ့သည့် ဘရာဇီးစီးရီးအေပြိုင်ပွဲတွင် ကိုရင်သီယန်စ်အသင်းက ဆော်ပေါ်လိုအသင်းကို အိမ်ကွင်းတွင် ၃-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး ယူရီအယ်လ်ဘာတိုက နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး မမ်းဖစ်စ်ဒီပိုင်းက တစ်ဂိုးသွင်းယူခဲ့သည်။
Aldemir Ferreira ကြောင့် Breno Bidon လဲကျခဲ့ပြီးနောက် ပင်နယ်တီရရှိရာမှတစ်ဆင့် အယ်လ်ဘာတိုက အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
Cedric Soares ပေးပို့သည့် ထောင့်ကန်ဘောကို ချီလီတိုက်စစ်မှူး Gonzalo Tapia က ခေါင်းတိုက်သွင်းယူကာ ချေပဂိုးပြန်လည်ရရှိခဲ့သည်။
နယ်သာလန်နိုင်ငံလက်ရွေးစင်တိုက်စစ်မှူး မမ်းဖစ်စ်ဒီပိုင်းက တစ်ဖက်အသင်း ကာကွယ်သူ ခြေထောက်ကြားမှ ဘောလုံးကိုဖြတ်ကျော်ကာ ဂိုးသမား Rafael အနီး အနိမ့်ဘောကန်သွင်းကာ အိမ်ရှင်အသင်းကို ပြန်လည် ဦးဆောင်နိုင်စေခဲ့သည်။
ပွဲပြီးခါနီးတစ်မိနစ်အလို တွင် Vitinho ၏ အဝေးမှကန်သွင်းမှုတွင် ဂိုးတိုင်အပေါ်တန်းထိမှန်ကာ ပြန်ကန်ထွက်လာသည့်ဘောလုံးကို အယ်လ်ဘာတိုက ရှစ်ကိုက်အကွာမှ အသာအယာ အဆုံးသတ်နိုင်ခဲ့သောကြောင့် တစ်ယောက်တည်း နှစ်ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုရလဒ်ကြောင့် ကိုရင်သီယန်စ်အသင်းသည် ၄၅ မှတ်ရရှိကာ ရာသီပွဲများပြီးဆုံးရန် လေးပွဲသာ ကျန်ရှိချိန်တွင် ဆော်ပေါ်လိုအသင်းနှင့် အမှတ်တူနေခြင်းဖြစ်သည်။
နိုဝင်ဘာ ၂၀ ရက်က အခြား ဘရာဇီး စီးရီးအေပြိုင်ပွဲများတွင် Cruzeiro အသင်းက Juventude အသင်းကို ၃-၃ ဂိုးသရေ ရလဒ်နှင့် Fortaleza အသင်းက Bahia အသင်းကို ၃-၂ ဂိုးဖြင့်အနိုင်ရခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Alberto, Depay fire Corinthians to derby win
SAO PAULO, Nov. 20 (Xinhua) — Yuri Alberto scored twice while Memphis Depay was also on target as Corinthians secured a 3-1 home win over Sao Paulo in Brazil’s Serie A on Thursday.
Alberto opened the scoring from the penalty spot after Breno Bidon was brought down by Aldemir Ferreira.
Chilean forward Gonzalo Tapia equalized by heading in after Cedric Soares’ delivery from a corner.
Netherlands international striker Memphis Depay restored the hosts’ lead when he nutmegged his marker before lashing a low drive that beat goalkeeper Rafael at his near post.
Alberto doubled his personal tally a minute from time, with a cool finish from eight yards after Vitinho’s long-range effort rebounded off the woodwork.
The result leaves Corinthians on 45 points, the same as Sao Paulo, with four games remaining in the season.
In other Brazilian Serie A fixtures on Thursday, Cruzeiro drew 3-3 at Juventude and Fortaleza prevailed 3-2 at Bahia.
Photo : Pedro (L) of Flamengo vies with Carlos Gilberto of Corinthians during the final of the Copa do Brasil 2022 in Rio de Janeiro, Brazil, Oct. 19, 2022. (Xinhua/Wang Tiancong)
