Asia
ဒူဘိုင်းလေကြောင်းပြပွဲတွင် အိန္ဒိယလေတပ်၏ ဂျက်တိုက်လေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မှူး သေဆုံး
နယူးဒေလီ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
အိန္ဒိယလေတပ် (IAF) မှ ပိုင်ဆိုင်သည့် ဂျက်တိုက်လေယာဉ်တစ်စင်းသည် လက်ရှိကျင်းပနေဆဲ ဒူဘိုင်းလေကြောင်းပြပွဲအတွင်း နိုဝင်ဘာ ၂၁ ရက်ကပျက်ကျသွားခဲ့ရာ လေယာဉ်မှူးသေဆုံးခဲ့ကြောင်း IAF က လူမှုကွန်ရက်ပလက်ဖောင်း X ပေါ် တင်ခဲ့သည့် ပို့စ်တစ်ခုတွင် အတည်ပြုခဲ့သည်။
IAF ၏ အဆိုအရ Tejas လေယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်းသိရသည်။
နှစ်နှစ်တစ်ကြိမ်ပြုလုပ်သည့် ဒူဘိုင်းလေကြောင်းပြပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရှိ Al Maktoum လေတပ်အခြေစိုက်စခန်းတွင် နိုဝင်ဘာ ၁၇ ရက်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါလေကြောင်းပြပွဲတွင် အိန္ဒိယနိုင်ငံလေတပ်၏ ဆာယာကီယန် လေကြောင်း အလှပြပျံသန်းမှု အဖွဲ့နှင့် Tejas ဂျက်တိုက်လေယာဥ်များလည်း ပါဝင်ပြသခဲ့ကြောင်းသိရသည်။ (Xinhua)

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင်ပြုလုပ်ခဲ့သည့် ဒူဘိုင်းလေကြောင်းပြပွဲ၏ သရုပ်ပြပွဲ အတွင်း လေယာဥ်တစ်စင်းပျက်ကျသွားရာနေရာမှ ထွက်ပေါ်လာသောမီးခိုးလုံးများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

………………………..
(English Version)
Pilot dead as Indian Air Force’s fighter jet crashes at Dubai Air Show
NEW DELHI, Nov. 21 (Xinhua)
A fighter jet belonging to the Indian Air Force (IAF) crashed at the ongoing Dubai Air Show on Friday, resulting in the pilot’s death, confirmed the IAF in a post on the social media platform X.
An inquiry was ordered to investigate the cause of the mishap involving a Tejas aircraft, according to the IAF.
The Dubai Air Show, a biennial show, began on Nov. 17 at the Al Maktoum Airbase in the United Arab Emirates. The IAF’s Suryakiran Aerobatic Team and Tejas fighter jets participated in the event. ■
Photo 1-8:
Smoke billows from the site of an aircraft crash during a demonstration at the Dubai Air Show in Dubai, the United Arab Emirates (UAE), Nov. 21, 2025. (Xinhua)