International Organizations
နောက်ခံလူ Ratiu ၏ စာချုပ်ကို ၂၀၃၀ ပြည့်နှစ်အထိ ရာယို ဗယ်လက်ကာနို သက်တမ်းတိုး
မက်ဒရစ်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ရိုမေးနီးယားနိုင်ငံတကာနောက်ခံကစားသမား Andrei Ratiu က ရာယို ဗယ်လက်ကာနိုအသင်း၌ ၎င်းအား ၂၀၃၀ ပြည့်နှစ် ဇွန်လကုန်အထိ ဆက်ရှိစေမည့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
Ratiu က Huesca အသင်းတွင် အငှားကာလတစ်ခုအား အောင်မြင်စွာ ကစားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၌ ရာယိုအသင်းသို့ ရောက်ရှိလာခဲ့ပြီးနောက်တွင် အဆိုပါစာချုပ်သစ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
ယူအီးအက်ဖ်အေကွန်ဖရင့်လိဂ်သို့ တက်လှမ်းခွင့်ရရှိခဲ့သည့် လွန်ခဲ့သည့်ရာသီတွင် Ratiu က ရာယိုအသင်း၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။ Ratiu က ရိုမေးနီးယားအသင်းအတွက် ၃၅ ကြိမ် ကစားခဲ့ပြီးဖြစ်သည်။
Ratiu ၏ စွမ်းဆောင်မှုများက လွန်ခဲ့သည့်ရာသီတွင် ပရီးမီးယားလိဂ်မှ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး ၎င်းအား ဝယ်ယူရန် ဝုဗ်အသင်းထံမှ ကမ်းလှမ်းခံခဲ့ရကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Rayo Vallecano extends defender Ratiu’s contract through 2030
MADRID, Nov. 21 (Xinhua) — Romanian international defender Andrei Ratiu has signed a new contract with Rayo Vallecano until the end of June 2030.
The new contract came after he joined Rayo in 2023 after a successful loan spell with Huesca.
Ratiu has become a key part of Rayo, which last season qualified for the UEFA Conference League. He has also played 36 times for Romania.
Ratiu’s performances attracted interest from the Premier League last summer, with Wolverhampton Wanderers making an offer to buy the full-back. ■
English Caption
Vinicius Junior (R) of Real Madrid vies with Pedro Diaz (C) and Andrei Ratiu of Rayo Vallecano during the Laliga football match between Real Madrid and Rayo Vallecano in Madrid, Spain, on March 9, 2025. (Photo by Gustavo Valiente/Xinhua)
