Connect with us

North America

လော့စ်အိန်ဂျလိစ်မော်တော်ကားပြပွဲတွင် ကားမော်ဒယ်သစ် ရာနှင့်ချီ ဖွင့်လှစ်ပြသ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၅ လော့စ်အိန်ဂျလိစ်ကားပြပွဲအတွက် မီဒီယာမိတ်ဆက်အခမ်းအနားတွင် မော်တော်ကားတစ်စီးကို ကြည့်ရှုနေသူတစ်ဦးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် လော့စ်အိန်ဂျလိစ် မော်တော်ကားပြပွဲကို နိုဝင်ဘာ ၂၁ ရက်က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့ဦးဆောင်ကားထုတ်လုပ်သူများ၏ ကားသစ်များ၊ ကုန်တင်ကားများ၊ ဟိုက်ဘရစ်ကားများနှင့် လျှပ်စစ်ကားများ ရာနှင့်ချီ ပြသခဲ့ကြောင်း သိရသည်။
မြောက်အမေရိက၏ ထိပ်တန်းကားပြပွဲတစ်ခုအဖြစ် အဆိုပါပြပွဲသည် လည်ပတ်သူများအတွက် ကားအမှတ်တံဆိပ်အသစ်များရှာဖွေရန်၊ ယာဥ်များ၏စွမ်းဆောင်ရည်များကို နှိုင်းယှဥ်ကြည့်နိုင်ရန်နှင့် အပြင်ဘက်နှင့် အတွင်းဘက်ရှိ စမ်းသပ်မောင်းနှင်နိုင်သည့်လမ်းကြောင်းများတွင် ကိုယ်တိုင်မောင်းနှင်ခြင်း လိုက်ပါစီးနင်းခြင်းအတွေ့အကြုံများရယူရန် အခွင့်အလမ်းများ ကမ်းလှမ်းထားကြောင်းသိရသည်။
ယခုနှစ်ပြပွဲတွင် စမ်းသပ်မောင်းနှင်ရန်၊ စီးနင်းရန်အတွက် မော်တော်ယာဥ်အစီး ၅၀ ကျော် စီစဥ်ထားပြီး လာရောက်သူများသည် မတူညီသော အမျိုးအစားများ၊ အင်ဂျင်ပါဝါများ၊ စွမ်းဆောင်ရည်အဆင့်များနှင့် မော်ဒယ်များစွာကို နှိုင်းယှဥ်တွေ့ကြုံနိုင်ရန် ခွင့်ပြုထားကြောင်းသိရသည်။
အဆိုပါပြပွဲကို နိုဝင်ဘာ ၃၀ ရက်အထိ လော့စ်အိန်ဂျလိစ်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
၁၉၀၇ ခုနှစ်တွင် ပထမအကြိမ်ပြုလုပ်ခဲ့သည့် လောစ်အိန်ဂျလိစ်ကားပြပွဲသည် နှစ်စဥ် သိန်းနှင့်ချီသည့် လာရောက်သူများကို ဆွဲဆောင်နိုင်ပြီး စီးပွားရေးသက်ရောက်မှု ဒေါ်လာဘီလီယံချီ လည်ပတ်နေသည့် အဓိကစက်မှုလုပ်ငန်းပြပွဲတစ်ခုအဖြစ် ကြီးထွားလာကြောင်းသိရသည်။ (Xinhua)
…………………..
(English Version)
Los Angeles Auto Show opens with hundreds of new models
LOS ANGELES, Nov. 21 (Xinhua) — The 2025 Los Angeles Auto Show opened here on Friday, showcasing hundreds of new cars, trucks, hybrids and electric vehicles from leading global automakers.
As one of North America’s premier automotive showcases, the event offers visitors an opportunity to explore new brands, compare vehicle performance and take part in dozens of drive-and-ride experiences on indoor and outdoor test tracks.
This year’s edition features more than 50 vehicles available for test drives or rides, allowing visitors to experience and compare models across different categories, powertrains and performance levels.
The show runs through Nov. 30 at the Los Angeles Convention Center.
First held in 1907, the Los Angeles Auto Show has grown into a major industry event, drawing hundreds of thousands of visitors annually and generating hundreds of millions of dollars in economic impact for the city.
Photo : People look at a vehicle during a media preview of the 2025 Los Angeles Auto Show in Los Angeles, California, the United States, Nov. 20, 2025. (Photo by Zeng Hui/Xinhua)