Connect with us

International Organizations

ပေါင်ဒဏ်ရာကြောင့် အာဆင်နယ်နောက်ခံလူ ဂါဘရီရယ် သီတင်းပတ်များစွာ အနားယူရမည်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ကစားခဲ့သည့် အာဆင်နယ်နှင့် နယူးကာဆယ်တို့၏ ပရီးမီးယားလိဂ်ပွဲ တွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် အာဆင်နယ် ခံစစ်မှူး ဂါဘရီရယ်မာဂဲလ်ဟေ့စ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဘရာဇီးအသင်းအတွက် နိုင်ငံတကာပွဲများ ကစားခဲ့စဉ် ပေါင်ဒဏ်ရာရရှိခဲ့သည့် အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်သည် သီတင်းပတ်များစွာ အနားယူရတော့မည်ဖြစ်ကြောင်း နည်းပြချုပ် မိုက်ကယ် အာတီတာက အတည်ပြုပြောကြားခဲ့သည်။
လွန်ခဲ့သည့်သီတင်းပတ်က အမ်းမရိတ်စ်ကွင်း၌ ဆီနီဂေါအသင်းနှင့်ကစားခဲ့သည့် ဘရာဇီးအသင်း၏ ခြေစမ်းပွဲတွင် အသက် ၂၇ နှစ်အရွယ်ရှိ ဂါဘရီရယ်မှာ ထော့နဲ့ထော့နဲ့ဖြင့် မသက်မသာ ဒဏ်ရာရသွားခဲ့ ကာ ကွင်းထဲမှထွက်ခဲ့ရသလို နောက်သုံးရက်အကြာတွင် တူနီးရှားနှင့် သရေကျခဲ့သည့် ဘရာဇီးအသင်း၏ ခြေစမ်းပွဲကိုလည်း ဆက်လက်လွဲချော်ခဲ့သည်။
ဂါဘရီရယ်မှာ ယခုရာသီတွင် ပုံစံကောင်းရနေသူဖြစ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင် လေးမှတ်ဖြတ်ဦးဆောင်နေသည့် အာဆင်နယ်အတွက် ၅ ဂိုးသာပေးရသည်အထိ အာဆင်နယ်၏ ခံစစ်ပိုင်းတွင် အဓိကနေရာမှ ကစားပေးနေသူလည်း ဖြစ်သည်။

ဂါဘရီရယ် သီတင်းပတ်များစွာအနားယူရမည်ဟု အာတီတာကပြောကြားခဲ့သလို အဆိုပါ နောက်ခံလူ ပြန်လည်ကောင်းမွန်လာမည့်အချိန်ကို တိကျစွာခန့်မှန်းနိုင်ရေးအတွက် လာမည့် နိုဝင်ဘာ ၂၆ ရက်တွင် ဓါတ်မှန်ရိုက်စစ်ဆေးမှု ထပ်မံပြုလုပ်ရဦးမည်ဖြစ်ကြောင်း အာတီတာက ထပ်လောင်းပြောကြားခဲ့သည်။
ဂါဘရီရယ်မကစားနိုင်တော့ခြင်းကြောင့် နိုဝင်ဘာ ၂၃ ရက်တွင် ပြိုင်ဘက် တော့တင်ဟမ်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည့်ပွဲတွင် ပီယာရိုဟင်ကာပီနှင့် ခရစ်တီယန် မော့စ်ကျူရာတို့ နှစ်ဦးစလုံးက အစားဝင်ကစားနိုင်ဖွယ်ရှိနေသည်။

အာတီတာကမူ ဂါဘရီရယ်မကစားနိုင်ခြင်းကြောင့် သိသာထင်ရှားသည့် ထိုးနှက်ချက်ကို အသိအမှတ် ပြုလက်ခံခဲ့ပြီး ” ဂါဘရီရယ်ဒဏ်ရာရသွားတာက ရှင်းလင်းတဲ့ ထိုးနှက်ချက်ပါပဲ။ သူက ကျွန်တော်တို့ရဲ့ နောက်တန်းမှာခေါင်းဆောင်ဖြစ်ပြီး ကျွန်တော့်အတွက်တော့ ဒါက ဘယ်တော့မှ ကောင်းတဲ့အရာမဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။
သို့ရာတွင် အာဆင်နယ်အသင်းတွင် ဂါဘရီရယ်မကစားနိုင်ခြင်းကို ဖြည့်ကစားပေးနိုင်သည့် လုံလောက်မှု ရှိကြောင်း အာတီတာက အလေးအနက် ပြောကြားခဲ့သည်။
“ကောင်းတာကတော့ ကျွန်တော်တို့မှာ အလွန်ကောင်းတဲ့ရွေးချယ်စရာတွေ အများကြီးရှိနေတာပါပဲ။ ကျွန်တော်တို့တွေ တာဝန်သိသိနဲ့ လိုအပ်တာကိုထိထိရောက်ရောက်လုပ်ဆောင်ဖို့ပါပဲ” ဟု အာတီတာက ပြောကြားခဲ့သည်။
အာဆင်နယ်အတွက် ခံစစ်ပိုင်းဆိုင်ရာ ထပ်မံစိုးရိမ်ရမည့်အရာများလည်း ရှိနေသည်။ နောက်ခံလူ ရီကာဒို ကာလီဖီအိုရီမှာ တင်ပါးဒဏ်ရာကြောင့် အီတလီလက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့ရပြီးနောက် မြောက်လန်ဒန်ဒါဘီတွင် ပါဝင်ကစားနိုင်ရန် မရေမရာဖြစ်နေသည်။
အာတီတာက ကာလီဖီအိုရီ၏ကြံ့ခိုင်မှုကိုသက်သေပြနိုင်မည့် အခွင့်အရေးအားလုံးကို ပေးသွားမည်ဟု ပြောထားသော်လည်း အဆိုပါနောက်ခံလူမှာ လန်ဒန်သို့ပြန်ရောက်လာပြီးနောက်ပိုင်းမှစ၍ လေ့ကျင့်ခန်း ပြန်လည်ပြုလုပ်နိုင်ခြင်းမရှိသေးပေ။

“ကာလီဖီအိုရီက ဒဏ်ရာပြဿနာတွေ ရှိနေတုန်းပါပဲ။ အခုထိတော့ သူ လေ့ကျင့်ခန်း ပြန်မလုပ်နိုင်သေး ပါဘူး။ မနက်ဖြန်ကျရင် ကျွန်တော်တို့ လေ့ကျင့်ခန်းရှိသေးတယ်။ သူ့ရဲ့အခြေ အနေကို စောင့်ကြည့်ကြ တာပေါ့” ဟု အာတီတာက ပြောခဲ့သည်။ (Xinhua)
……………………
(English Version)
Arsenal defender Gabriel ruled out for weeks with thigh injury
LONDON, Nov. 21 (Xinhua) — Arsenal defender Gabriel will be sidelined for several weeks after suffering a thigh injury while on international duty with Brazil, head coach Mikel Arteta has confirmed.
The 27-year-old limped off in discomfort during Brazil’s friendly against Senegal at Emirates Stadium last weekend and subsequently missed their draw with Tunisia three days later.
Gabriel has been in excellent form this season, playing a major role in a defense that has conceded just five league goals as the Gunners have built a four-point lead at the top of the Premier League table.
“Gabi is going to be out for weeks,” said Arteta, who added the defender will undergo another scan next Wednesday to give a clearer indication of his recovery timeline.
With Gabriel unavailable, both Piero Hincapie and Cristhian Mosquera are in contention to step in when Arsenal host rivals Tottenham on Sunday.
Arteta acknowledged the significance of the setback, saying: “It’s clearly a blow because he’s our leader in our backline and to me it’s never a positive thing.”
However, he stressed that the squad has sufficient cover. “The good thing is that we have very good options and people have to stand up now and do the job,” he said.
There are additional defensive concerns for the Gunners, with Riccardo Califiori a doubt for the north London derby after withdrawing from Italy duty with a hip issue. The defender has yet to train since returning to London, though Arteta said he will be given every chance to prove his fitness.
“He has been carrying a few things,” Arteta said. “He hasn’t trained yet. Tomorrow we have another training session, let’s see how he is.” ■
Photo:
Arsenal’s Gabriel Magalhaes celebrates his team’s scoring during the English Premier League match between Arsenal and Newcastle United in London, Britain, Feb. 24, 2024. (Xinhua)