International Organizations
အာဆင်နယ်က တော့တင်ဟမ်ကို ဂိုးပြတ်အနိုင်ယူကာ ပရီးမီးယားလိဂ်တွင် ၆ မှတ်ဖြတ်၍ ဦးဆောင်
လန်ဒန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၃ ရက် ညပိုင်းက အာဆင်နယ်အသင်းနှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ် မြောက်လန်ဒန်ဒါဘီပွဲစဉ်၌ အာဆင်နယ်က ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် ၆ မှတ်ဖြတ်၍ ဦးဆောင်လျက်ရှိသည်။
အာဆင်နယ်က လျင်လျင်မြန်မြန် ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ပွဲချိန် ၃၆ မိနစ်တွင် လီယန်ဒရို ထရော့ဆက်ဒ်က ဘယ်ခြေဖြင့်ကန်သွင်းကာ ဦးဆောင်ဂိုးရယူပေးခဲ့သည်။
ထို့နောက် ပွဲချိန် ၄၁ မိနစ်တွင် အီဘာရီချီ အီဇီက ဒက်ကလန်ရိုက်စ်၏ ပေးပို့မှုအား အနိမ့်ကန်ချက်ဖြင့် အဆုံးသတ်ကာ ဒုတိယဂိုးသွင်းယူခဲ့သလို ဒုတိယပိုင်းပြန်စစချင်းမှာပင် အီဇီက အာဆင်နယ်အတွက် တတိယဂိုး ထပ်မံသွင်းယူကာ တော့တင်ဟမ်အသင်း ပြန်လာနိုင်မည့် မျှော်လင့်ချက်များကို အဆုံးသတ်စေခဲ့သည်။
ပွဲချိန် ၅၅ မိနစ်တွင် ရစ်ချာလီဆန်က တော့တင်ဟမ်အတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း ပွဲချိန် ၇၆ မိနစ်တွင် အီဇီက ထရော့ဆက်ဒ်၏ ဘောလုံးပေးပို့မှုကို လက်ခံရယူကာ ဂိုးအပေါ်ထောင့်ထဲသို့ အပြင်းကန်သွင်း၍ ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့သည်။
နိုဝင်ဘာ ၂၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် အခြားပွဲစဉ်၌ လိဒ်စ်ယူနိုက်တက်က အက်စတွန်ဗီလာကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် အမှတ်ပေးဇယား အောက်ဆုံးသုံးသင်းထဲသို့ ရောက်ရှိသွားခဲ့သည်။
လူးကက်စ် မီချာက ပွဲချိန် ၈ မိနစ်တွင် လိဒ်စ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း အင်္ဂလန်ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်၏ ဒုတိယပိုင်းသွင်းဂိုးနှစ်ဂိုးဖြင့် အက်စတွန်ဗီလာက ပြန်လည်အနိုင်ရရှိခဲ့သည်။ (Xinhua)

ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က လီဗာပူးလ်အသင်းနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ်ပွဲစဉ်၌ အာဆင်နယ်အသင်းမန်နေဂျာ မစ်ကယ် အာတေတာ ခြေဟန်လက်ဟန်ဖြင့် ညွှန်ကြားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
………………
(English Version)
Arsenal thrashes Tottenham to move six clear in Premier League
LONDON, Nov. 23 (Xinhua) — Arsenal opened up a six-point lead at the top of the Premier League with a 4-1 win over Tottenham Hotspur in the north London derby on Sunday.
Arsenal quickly took control of the match, with Leandro Trossard putting his side ahead with a left-footed shot in the 36th minute.
Eberechi Eze doubled the lead in the 41st minute with a low finish from Declan Rice’s pass, and effectively ended hopes of a Tottenham comeback in the opening minute of the second half when he added Arsenal’s third.
Richarlison pulled a goal back for Tottenham in the 55th minute, but Eze completed his hat-trick in the 76th minute when he collected a pass from Trossard and fired a powerful shot into the top corner.
Also on Sunday, Leeds United slipped into the bottom three after letting a one-goal lead slip in a 2-1 defeat away to Aston Villa.
Lukas Nmecha had given Leeds the lead in the eighth minute, but two second-half goals from England midfielder Morgan Rodgers turned the match around.
English Caption 1
Bukayo Saka of Arsenal reacts after scoring his first goal during the UEFA Champions League football match between Arsenal and Monaco in London, Britain, on Dec. 11, 2024. (Xinhua/Li Ying)
English Caption 2
Arsenal’s manager Mikel Arteta gestures during the English Premier League match between Liverpool FC and Arsenal FC in Liverpool, Britain, on May 11, 2025. (Xinhua)
