Asia
မလေးရှားနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် အိုးမဲအိမ်မဲ့ဖြစ်
ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် အိုးမဲအိမ်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံ၏ မြောက်ပိုင်းပြည်နယ်ဖြစ်သည့် ကီလန်တန်ပြည်နယ်တွင် ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရကြောင်း မလေးရှားအာဏာပိုင်များ၏ နိုဝင်ဘာ ၂၄ ရက်က ပြောကြားမှုအရ သိရသည်။
ကီလန်တန်ပြည်နယ်တွင် ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေခဲ့ပြီး ရေဘေး အန္တရာယ်မှ ဘေးလွတ်ရာရွှေ့ပြောင်းလာသူ ၈,၂၄၈ ဦးအထိစံချိန်တင်ရှိခဲ့ကာ ၎င်းတို့အား ရေဘေးကူညီ ကယ်ဆယ်ရေးစင်တာ ၃၃ ခုတွင် နေရာခွဲဝေချထားပေးရကြောင်းသိရသည်။
မလေးရှားနိုင်ငံ၏ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားသည်။ (Xinhua)
…………………..
(English Version)
Over 10,000 displaced by flooding in Malaysia
KUALA LUMPUR, Nov. 24 (Xinhua)
Flooding displaced over 10,000 people in Malaysia on Monday, with the northern state of Kelantan hit hardest, according to authorities.
Kelantan, which has seen continuous heavy rains over several days, recorded 8,248 flood evacuees, who were relocated to 33 flood relief centers.
The meteorological department has issued warnings of continuous heavy rains and strong winds. ■
Photo:
Rescuers evacuate flood victims in Hulu Langat, Selangor, Malaysia, Dec. 19, 2021. (Photo by Chong Voon Chung/Xinhua)
