Eastern Europe
အမေရိကန်နှင့် ငြိမ်းချမ်းရေးအစီအစဉ် ဆွေးနွေးပွဲများတွင် တိုးတက်မှုရှိကြောင်း ယူကရိန်း ထုတ်ပြန်
ကိဗ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် အမေရိကန်နိုင်ငံမှ အဆိုပြုထားသော ငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံတွင် ပထမဆုံး ဆွေးနွေးပွဲများအတွင်း တိုးတက်မှုရရှိခဲ့ကြောင်း ယူကရိန်းသမ္မတရုံး အကြီးအကဲ Andriy Yermak က နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ဟာ သိပ်ကောင်းတဲ့ တိုးတက်မှုကို ရရှိခဲ့ပြီး တရားမျှတကာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆီသို့ ဦးတည်နေပါတယ်” ဟု Yermak က Telegram တွင် ပြောကြားခဲ့သည်။
ယူကရိန်းနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များသည် ဥရောပမိတ်ဖက်နိုင်ငံများ၏ ပါဝင်ပတ်သက်မှုဖြင့် ပူးတွဲအဆိုပြုချက်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အပြီးသတ်ဆုံးဖြတ်ချက်များကို ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်တို့က ချမှတ်မည်ဖြစ်ကြောင်း Yermak က အလေးပေးပြောကြားခဲ့သည်။
ထိုနေ့အစောပိုင်းတွင် ယူကရိန်းနှင့် အမေရိကန်အဖွဲ့များသည် ယူကရိန်းနှင့် ရုရှားအကြား အနာဂတ်ငြိမ်းချမ်းရေးသဘောတူညီချက်၏ ဖြစ်နိုင်ခြေရှိသော သတ်မှတ်ချက်ဘောင်များအား ဆွေးနွေးရန် ဂျီနီဗာမြို့၌ ၎င်းတို့၏ ဆွေးနွေးပွဲများကို စတင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
Ukraine reports progress in peace plan talks with U.S.
KIEV, Nov. 23 (Xinhua) — Delegations from Ukraine and the United States made progress during the first session of negotiations over a U.S.-proposed peace plan in Switzerland, head of the Ukrainian Presidential Office Andriy Yermak said Sunday.
“We have made very good progress and are moving forward towards a just and lasting peace,” Yermak said on Telegram.
He added that the Ukrainian and U.S. delegations will continue working on joint proposals with the involvement of European partners.
Yermak emphasized that final decisions will be made by Ukrainian President Volodymyr Zelensky and U.S. President Donald Trump.
Earlier in the day, the Ukrainian and U.S. teams started their talks in Geneva to discuss possible parameters of a future peace agreement between Ukraine and Russia. ■
English Caption
U.S. President Donald Trump (C) welcomes Ukrainian President Volodymyr Zelensky (R) at the White House in Washington, D.C., the United States, on Aug. 18, 2025. (Xinhua/Hu Yousong)
