Asia
နီပေါနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ဆက်လက် တိုးတက်နေ
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ဆက်လက်တိုးတက်နေပြီး လက်ရှိ ဘဏ္ဍာရေးနှစ် ၂၀၂၅-၂၀၂၆ ၏ ပထမ လေးလပတ်အတွင်းပမာဏသည် ယမန်နှစ်အလားတူကာလထက် ၂၄.၁၈ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်ခဲ့ကြောင်း နီပေါအစိုးရအေဂျင်စီတစ်ခု၏ နိုဝင်ဘာ ၂၃ ရက်က ပြောကြားမှုအရ သိရသည်။
ဇူလိုင်လအလယ်မှ နိုဝင်ဘာလအလယ်အထိကြားကာလအတွင်း စုစုပေါင်းကုန်သွယ်မှု ပမာဏ တန်ဖိုး မှာ နီပေါရူပီး ၇၀၂.၉၄ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ယမန်နှစ်ဘဏ္ဍာရေးနှစ်၏ အလားတူကာလ အတွင်း နီပေါရူပီး ၅၆၆.၀၅ ဘီလီယံနှင့်နှိုင်းယှဥ်ကြည့်ပါက ပို့ကုန်များတင်ပို့မှုနှင့် သွင်းကုန်များ တင်သွင်းမှု ကဏ္ဍနှစ်ရပ်စလုံးတွင် မြင့်တက်ခဲ့ကြောင်း နီပေါအကောက်ခွန်ဌာန၏ အစီရင်ခံစာတစ်ခုအရ သိရသည်။
ပို့ကုန်ကဏ္ဍတွင် ၇၇.၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တန်ဖိုးအားဖြင့် နီပေါရူပီး ၉၃.၄၉ ဘီလီယံအထိ ရောက်ရှိခဲ့သလို သွင်းကုန်ကဏ္ဍတွင်မူ နီပေါရူပီး ၆၀၉.၄၅ ဘီလီယံ ရှိခဲ့ကာ ၁၈.၇၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းလည်း အကောက်ခွန်ဌာန၏ ထပ်လောင်းဖော်ပြမှုအရ သိရသည်။ (၁ နီပေါရူပီးလျှင် အမေရိကန်ဒေါ်လာ ၀.၀၀၇ နှင့် ညီမျှသည်။) (Xinhua)
……………………..
(Xinhua)
Nepal sees continued growth in foreign trade
KATHMANDU, Nov. 23 (Xinhua)
Nepal continued to post growth in foreign trade, recording a 24.18 percent year-on-year surge in the first four months of the current 2025-26 fiscal year, a government agency said on Sunday.
The total volume of trade reached 702.94 billion Nepali rupees between mid-July and mid-November, amid a rise in both exports and imports, compared with 566.05 billion rupees during the same period in the previous fiscal year, the Department of Customs said in a report.
Exports jumped 77.51 percent to 93.49 billion rupees, while imports stood at 609.45 billion rupees, a rise of 18.71 percent, the department added. (1 Nepali rupee equals 0.0070 U.S. dollar) ■
Photo:
A truck loaded with goods from Nepal enters the Gyirong port in southwest China’s Tibet Autonomous Region, Dec. 28, 2022. (Photo by Shen Shuwen/Xinhua)
