Connect with us

Europe

ဗြိတိန်ကမ်းရိုးတန်းအနီး ရုရှားစစ်သင်္ဘောနှင့် ရေနံတင်သင်္ဘောတို့ကို ကြားဖြတ်ဟန့်တားခဲ့ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

လန်ဒန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဗြိတိန်တော်ဝင်ရေတပ်သည် လွန်ခဲ့သည့် နှစ်ပတ်အတွင်း နောက်ယောင်ခံစစ်ဆင်ရေးတစ်ခုအတွင်း ရုရှားစစ်သင်္ဘောတစ်စင်းနှင့် ရေနံတင်သင်္ဘောတစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ဒေသခံမီဒီယာများက ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၃ ရက်က ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြခဲ့သည်။

တော်ဝင်ရေတပ်ကင်းလှည့်သင်္ဘော HMS Severn သည် ဒိုဗာရေလက်ကြားနှင့် အင်္ဂလိပ်ရေလက်ကြားမှတစ်ဆင့် အနောက်ဘက်သို့ ခုတ်မောင်းနေခဲ့သည့် RFN Stoikiy corvette စစ်သင်္ဘောနှင့် ရေနံတင်သင်္ဘောတစ်စင်းတို့ကို နောက်ယောင်ခံလိုက်ခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ပြီး ကြားဖြတ်ဟန့်တားခဲ့သည့် အချိန်အတိအကျကိုမူ မထုတ်ပြန်ခဲ့ပေ။
နောက်ပိုင်းတွင် HMS Severn သည် စောင့်ကြည့်ရေးတာဝန်များကို “နေတိုးမဟာမိတ်နိုင်ငံတစ်နိုင်ငံ” ထံ လွှဲပြောင်းပေးအပ်ခဲ့သော်လည်း အဝေးမှ ဆက်လက်စောင့်ကြည့်နေခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဗြိတိန်ရေပိုင်နက်အစွန်းတွင် ခုတ်မောင်းနေခဲ့သည့် ရုရှားသင်္ဘော Yantar သည် ၎င်း၏လှုပ်ရှားမှုအား စောင့်ကြည့်နေခဲ့သည့် တော်ဝင်လေတပ်လေယာဉ်မှူးများကို လေဆာများဖြင့် ချိန်ရွယ်ခဲ့ကြောင်း ဗြိတိန်နိုင်ငံကာကွယ်ရေးဝန်ကြီး John Healey က နိုဝင်ဘာ ၁၉ ရက်၌ ပြောကြားပြီးနောက် အဆိုပါကြားဖြတ်ဟန့်တားမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံက Yantar ကို “ရုရှားသူလျှိုသင်္ဘော” အဖြစ် အမည်တပ်ခဲ့သော်လည်း ဗြိတိန်ဆိုင်ရာ ရုရှားသံရုံးကမူ ၎င်းမှာ နိုင်ငံတကာရေပိုင်နက်တွင် လှည့်လည်ခုတ်မောင်းနေသည့် “သမုဒ္ဒရာဗေဒသုတေသနသင်္ဘော” တစ်စင်းသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကာ ရုရှားနိုင်ငံ၏ လုပ်ရပ်များသည် ဗြိတိန်နိုင်ငံ၏အကျိုးစီးပွားကို မထိခိုက်စေခဲ့သည့်အပြင် ဗြိတိန်နိုင်ငံ၏လုံခြုံရေးကိုလည်း ထိခိုက်စေရန် ရည်ရွယ်ခြင်းလည်းမရှိခဲ့ဟု ဖြည့်စွက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………
(English Version)
British Defence Ministry claims interception of Russian warship, tanker off UK coast
LONDON, Nov. 23 (Xinhua) — The Royal Navy has intercepted a Russian warship and a tanker off the British coast in a shadowing operation in the past fortnight, local media quoted Britain’s defense ministry as saying on Sunday.
HMS Severn, a Royal Navy patrol vessel, shadowed the RFN Stoikiy corvette and a tanker vessel, which sailed through the Dover Strait and westward through the English Channel, the ministry said, without specifying the time of interception.
HMS Severn later handed over monitoring duties to “a NATO ally,” said the ministry, but continued to observe from a distance.
It came after British Defence Secretary John Healey said on Wednesday that a Russian ship, Yantar, which was sailing on the edge of British waters, pointed lasers at the Royal Air Force pilots monitoring its movement.
While Britain labelled Yantar as a “Russian spy ship,” the Russian embassy in Britain stated that it was merely an “oceanographic research vessel” operating in international waters, adding that Russia’s actions did not impact Britain’s interests and were not intended to undermine the country’s security. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.