Europe
ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ဆွေးနွေးရန် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပကိုယ်စားလှယ်များ ဆွစ်ဇာလန်နိုင်ငံတွင် တွေ့ဆုံ
ဂျီနီဗာ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်နိုင်ရန်ရည်ရွယ်သည့် နည်းလမ်းများကို ဆွေးနွေးပြောဆိုရန် အတွက် အမေရိကန်၊ ယူကရိန်းနှင့် ဥရောပနိုင်ငံများမှကိုယ်စားလှယ်များသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့တွင် နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
မီဒီယာများတွင်ဖော်ပြထားသောသတင်းများအရ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး မာကိုရူဘီယိုနှင့် အရှေ့အလယ်ပိုင်းရေးရာ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်တို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကိုမူ သမ္မတရုံး အကြီးအကဲ အင်ဒရီယာမက်ခ်က ဦးဆောင်တက်ရောက်ခဲ့သည်။
အလားတူ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံနှင့် ဗြိတိန်နိုင်ငံများမှ အမျိုးသားလုံခြုံရေးအကြံပေးများအပြင် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များလည်း အဆိုပါဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
ယူကရိန်းနိုင်ငံ သမ္မတရုံးအကြီးအကဲ ယာမက်ခ်က ယူကရိန်းကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဂျီနီဗာမြို့တွင် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်နေပြီဟု X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် အသိပေးပြောကြားခဲ့သည်။
ယူကရိန်းကိုယ်စားလှယ်အဖွဲ့မှာ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများမှ အမျိုးသားလုံခြုံရေးအကြံပေး များနှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် နောက်ထပ် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟု ယာမက်ခ်က အသိပေးခဲ့သလို ၎င်းတို့အဖွဲ့အနေဖြင့် အလွန်တရာ အပြုသဘောဆောင်သော စိတ်နေသဘောထားရှိနေသည်ဟုလည်း တစ်ဆက်တည်းပြောကြားခဲ့သည်။
ယူကရိန်းအတွက် ရေရှည်တည်တံ့ပြီး တရားမျှတသောငြိမ်းချမ်းရေး ရယူတည်ဆောက်နိုင်ရန် အဖွဲ့ပေါင်းစုံ အတူတကွလက်တွဲ ဆက်လက်လုပ်ဆောင်ခြင်းအဖြစ် တစ်နေ့စာအတွက် စဥ်ဆက်မပြတ် ဆွေးနွေးမှုများကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားသည်ဟု ယာမက်ခ်က ထပ်လောင်း ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကလည်း ၎င်းအနေဖြင့် ဆွေးနွေးမှုများမှာ အပြုသဘောဆောင်ပြီး အပေါင်းလက္ခဏာဆောင်သော ရလဒ်အဖြေတစ်ခုဆီသို့ ရှေ့ဆောင်လမ်းပြနိုင်ရန် မျှော်လင့်ထားသည်ဟု X ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် အသိပေးပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
U.S., Ukraine, Europe meet in Switzerland to discuss Ukraine peace plan
GENEVA, Nov. 23 (Xinhua)
Representatives from the United States, Ukraine and European countries met in Geneva, Switzerland, on Sunday to discuss ways aimed at ending the Russia-Ukraine conflict.
According to media reports, U.S. Secretary of State Marco Rubio and U.S. Special Envoy to the Middle East Steve Witkoff attended the meeting. The Ukrainian delegation was led by Andriy Yermak, head of the Ukrainian Presidential Office.
Also, national security advisers from France, Germany and the United Kingdom, as well as representatives of the European Union, also took part in the meeting.
Yermak said on social media platform X on Sunday that the Ukrainian delegation had begun its work in Geneva.
He said the team held its first meeting with national security advisers from the United Kingdom, France and Germany and would next meet with the U.S. delegation, adding that they were “in a very constructive mood.”
Yermak added that a series of meetings in various formats was planned for the day as the sides continue working together to achieve a lasting and just peace for Ukraine.
Ukrainian President Volodymyr Zelensky also said on social media platform X on Sunday that he hoped the talks would be constructive and lead to a positive outcome. ■
Photo:
U.S. Secretary of State Marco Rubio (R) and Andriy Yermak, head of the Ukrainian Presidential Office, meet the press at the United States Mission to the United Nations and Other International Organizations in Geneva, Switzerland, Nov. 23, 2025. (Xinhua)
