Connect with us

International Organizations

Great Ethiopian Run ပြိုင်ပွဲ၌ လူ ၅၅,၀၀၀ ဦး စံချိန်တင်ပါဝင်ဆင်နွှဲ

အီသီယိုးပီးယားနိုင်ငံမြို့တော် အဒစ်အဘာဘာ၌ ပြုလုပ်သည့် ၂၄ ကြိမ်မြောက် Great Ethiopian Run အပြေးပြိုင်ပွဲတွင် Great Ethiopian Run တည်ထောင်သူလည်းဖြစ်၊ မီတာ ၁၀,၀၀၀ ပြိုင်ပွဲတွင် အိုလံပစ် ရွှေတံဆိပ်နှစ်ကြိမ် ရရှိထားသူလည်းဖြစ်သည့် Haile Gebrselassie ပြေးနေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
အဒစ်အဘာဘာ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံ၏ အကြီးမားဆုံးသော Great Ethiopian Run ပြိုင်ပွဲကြီးကို နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့ရာ အာဖရိက၏ အကြီးဆုံးသောလမ်းပြိုင်ပွဲကြီး ၂၅ ကြိမ်မြောက်အဖြစ် မြို့တော် အဒစ်အဘာဘာ၏ လမ်းများပေါ်တွင် အပြေးသမား ၅၅,၀၀၀ ဦးဖြင့် ပြည့်နှက်ခဲ့သည်။
“၁၀ ကီလိုမီတာအတွင်းက နိုင်ငံ” ခေါင်းစဥ်အောက်တွင် ၁၀ ကီလိုမီတာပြိုင်ပွဲသည် ယခင်ကထက် ပါဝင်ယှဥ်ပြိုင်သူအများဆုံး ဆွဲဆောင်နိုင်ခဲ့ပြီး ကင်ညာနှင့် ယူဂန္ဓာ အပါအဝင် နိုင်ငံနှင်ဒေသပေါင်း ၂၄ ခုမှ ပါဝင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် အီသီယိုးပီးယားနိုင်ငံမှ အပြေးသမားများက ထိပ်တန်းဆုများရယူနိုင်ခဲ့ကြသည်။ Yismaw Dillu က အမျိုးသားပြိုင်ပွဲတွင် ၂၈ မိနစ်၂၅ စက္ကန့် ဖြင့်အနိုင်ရရှိခဲ့ပြီး Melknat Wudu က ၃၂ မိနစ် ၁၀ စက္ကန့်ဖြင့် အမျိုးသမီး ချန်ပီယံ ရရှိခဲ့သည်။
“ပြိုင်ပွဲက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်၊ ကင်ညာနဲ့ ယူဂန္ဓာက အားကစားသမားတွေအပါအဝင် ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ပါတယ်” ဟု Dillu က ဆင်ဟွာ သတင်းဌာနကို ပြောကြားခဲ့သည်။ ၎င်းသည် လွန်ခဲ့သည့်နှစ်ပြိုင်ပွဲတွင်လည်း တတိယဆုရရှိခဲ့သူဖြစ်ပြီး နှစ်စဥ်ပြိုင်ပွဲများသည် နိုင်ငံတကာပြိုင်ပွဲများအတွက် ထွန်းသစ်စ ထူးချွန်သူများပေါ်ထွက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သူ Fetaw Zeray ကလည်း ပြိုင်ပွဲသည် လူငယ်အားကစားသမားများကို စိန်ခေါ်မှုများနှင့် စိတ်ကူးစိတ်သန်းများ ရရှိစေကြောင်း ပြောကြားခဲ့သည်။ “အိုလံပစ်နှင့် ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ နိုင်ငံ၏အမွေအနှစ်ကို ကာကွယ်စောင့်ရှောက်နိုင်မည့် ကမ္ဘာ့အဆင့်အားကစားသမားတွေ မွေးထုတ်ပေးရာမှာ ဒီလိုပြေးပွဲတွေက အီသီယိုးပီးယားနိုင်ငံကို အထောက်အကူပြုကြောင်း ၎င်းကပြောကြားခဲ့သည်။
‌အပြေးပြိုင်ပွဲ တည်ထောင်သူဖြစ်သည့် အိုလံပစ်မီတာ ၁၀,၀၀၀ ချန်ပီယံရှစ်တွင် နှစ်ကြိမ်ဆုရရှိခဲ့သည့် Haile Gebrselassie က ယခုပြိုင်ပွဲသည် အဓိက အားကစားပွဲများ လက်ခံကျင်းပနိုင်သည့် အီသီယိုးပီးယားနိုင်ငံ၏ အားကောင်းသည့် စွမ်းဆောင်ရည်ကို ရောင်ပြန်ဟပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ Great Ethiopian Run ပြိုင်ပွဲကြီးကို မကြာသေးမီကကမ္ဘာ့ပြေးခုန်ပစ်အမွေအနှစ်အဖြစ် အသိအမှတ်ပြုခဲ့မှုနှင့်အတူ အီသီယိုးပီးယားနိုင်ငံသည် မကြာမီ Diamond လိဂ် နှင့်အခြားထိပ်တန်းလိဂ်ပြိုင်ပွဲများ လက်ခံကျင်းပနိုင်လိမ့်မည် ဟု မျှော်လင့်ကြောင်း Gebrselassie က အလေးထားပြောကြားခဲ့သည်။
၂၀၀၁ ခုနှစ်တွင်စတင်ခဲ့သည့် Great Ethiopian Run ပြိုင်ပွဲသည် ဒေသပြိုင်ပွဲတစ်ခုမှသည် နှစ်စဥ်လူပေါင်းသောင်းနှင့်ချီပါဝင်ယှဥ်ပြိုင်သည့် လူထုအပြေးပြိုင်ပွဲကြီးအဖြစ် ကြီးမားလာခဲ့ကြောင်းသိရသည်။ (Xinhua)

အီသီယိုးပီးယားနိုင်ငံမြို့တော် အဒစ်အဘာဘာ၌ ပြုလုပ်သည့် ၂၄ ကြိမ်မြောက် Great Ethiopian Run အပြေးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

အီသီယိုးပီးယားနိုင်ငံမြို့တော် အဒစ်အဘာဘာ၌ ပြုလုပ်သည့် ၂၄ ကြိမ်မြောက် Great Ethiopian Run အပြေးပြိုင်ပွဲတွင် ပြိုင်ပွဲစတင်ရန်အသင့်ဖြစ်နေသည့် ပါဝင်ယှဥ်ပြိုင်သူများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

……………………….
(English Version)
Great Ethiopian Run draws record 55,000 participants
ADDIS ABABA, Nov. 23 (Xinhua) — Ethiopia staged its largest Great Ethiopian Run on Sunday, with 55,000 runners filling the streets of the capital Addis Ababa for the 25th edition of what has become Africa’s biggest road race.
The 10-kilometer event attracted its highest turnout to date and featured participants from 24 countries and regions, including Kenya and Uganda, under the theme “A Nation in 10 Kilometers.”
Ethiopian runners took top honors. Yismaw Dillu won the men’s race in 28 minutes and 25 seconds, while Melknat Wudu claimed the women’s title in 32:10.
“The race was very exciting. I am very happy I won, beating tough competitors including elite athletes from Kenya and Uganda,” Dillu told Xinhua. He finished third in last year’s edition and said the annual race plays a key role in developing emerging talent for international competition.
Fetaw Zeray, runner-up in the women’s race, said the event challenges and inspires young athletes. “Such a race helps Ethiopia produce world-class athletes capable of preserving the nation’s legacy in the Olympics and World Athletics Championships,” she said.
Race founder Haile Gebrselassie, the two-time Olympic 10,000-meter champion, said the event reflects Ethiopia’s strong capacity to host major sporting occasions. With the Great Ethiopian Run recently recognized as World Athletics heritage, Gebrselassie expressed hopes that Ethiopia would soon host Diamond League and other top-tier meets.
Launched in 2001, the Great Ethiopian Run has grown from a local competition into a mass running celebration that draws tens of thousands every year.
Photo (1) Haile Gebrselassie, a two-time Olympic gold medalist in the 10,000 meters and founder of the Great Ethiopian Run, runs during the 24th edition of the Great Ethiopian Run in Addis Ababa, the capital of Ethiopia, Nov. 17, 2024. (Xinhua/Michael Tewelde)
Photo (2) People participate in the 24th edition of the Great Ethiopian Run in Addis Ababa, the capital of Ethiopia, Nov. 17, 2024. (Xinhua/Michael Tewelde)
Photo (3) People get ready for the start of the 24th edition of the Great Ethiopian Run in Addis Ababa, the capital of Ethiopia, Nov. 17, 2024. (Xinhua/Michael Tewelde)
Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.