Connect with us

International Organizations

မက်ဆီ၏ ဦးဆောင်မှုဖြင့် အင်တာမိုင်ယာမီအသင်း Eastern Conference ဗိုလ်လုပွဲသို့တက်ရောက်

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ BMO Field အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တိုရွန်တိုအက်ဖ်စီအသင်းနှင့် အင်တာမိုင်ယာမီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ (MLS) ပုံမှန်ရာသီပွဲစဉ်၌ အင်တာမိုင်ယာမီအသင်းမှ တာဒီယို အယ်လန် (ဝဲ) ဂိုးသွင်းပြီးနောက် အသင်းဖော် လီယွန်နယ် မက်ဆီနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂၃ ရက်က အင်တာမိုင်ယာမီအသင်းနှင့် အက်ဖ်စီ စင်စင်နတီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ (MLS) Eastern Conference ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အင်တာမိုင်ယာမီက ၄ ဂိုးပြတ် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့ပြီဖြစ်ပြီး အဆိုပါပွဲစဉ်တွင် လီယွန်နယ် မက်ဆီက တစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုသုံးကြိမ် ပြုလုပ်နိုင်ခဲ့သည်။
မိုင်ယာမီအသင်းမှာ လာမည့်သီတင်းပတ်ကုန်၌ နယူးယောက်စီးတီးအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ ထိုပွဲစဉ်၌ အနိုင်ရရှိသည့်အသင်းမှာ MLS Cup အတွက် အဆုံးအဖြတ်ပွဲစဉ် ယှဉ်ပြိုင်ကစားခွင့်ရမည်ဖြစ်သည်။
မက်ဆီအနေဖြင့် ယခုဘောလုံးရာသီတွင် အင်တာမိုင်ယာမီအတွက် ပြိုင်ပွဲစုံ ၄၆ ပွဲ ပါဝင်ကစားခဲ့ရာ ၄၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ထားသည်။
“လီယိုကိုရော ဒီကစားသမားအစုအဖွဲ့တစ်ခုလုံးကိုပါ နည်းပြခွင့်ရတာက ဂုဏ်ယူစရာကောင်းတဲ့ အထူးအခွင့်အရေးတစ်ခုပါပဲ” ဟု အင်တာမိုင်ယာမီအသင်းမန်နေဂျာ ဟာဗီးယား မာရှေရာနိုက ပွဲပြီးသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“လီယို ဘာတွေစွမ်းဆောင်နိုင်တယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ သူက သူ့အရည်အချင်းကို သီတင်းပတ်တိုင်း သက်သေပြနေသူပါ။ ဒီနေ့ သူ့ခြေထဲမှာ ဘောလုံးမရှိတဲ့အချိန်မှာလည်း မယုံနိုင်လောက်အောင် ထပ်မံစွမ်းဆောင်ပြခဲ့ပါတယ်။ ဘောလုံးနဲ့အတူ သူဘာတွေလုပ်ပြနိုင်တယ် ဆိုတာကိုတော့ ကျွန်တော်တို့သိပြီးသားပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
MLS ဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ရန် ကြိုးပမ်းနေသည့် မိုင်ယာမီအသင်းမှာ ချန်ပီယံလုပွဲအတွက် နောက်ဆုံးအသင်းလေးသင်းထဲတွင် ထိုက်ထိုက်တန်တန် ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု မာရှေရာနိုက ဆိုသည်။
“အသင်းအနေနဲ့ တော်တော်လေးကစားရခက်တဲ့ကွင်းမှာ သိပ်ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ကစားသမားတွေကလည်း မယုံနိုင်လောက်တဲ့ စရိုက်လက္ခဏာတွေကို ပြသခဲ့သလို ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲကို ကစားနိုင်ခဲ့ပါတယ်” ဟု အာဂျင်တီးနားအသင်းခေါင်းဆောင်ဟောင်းက ပြောသည်။
မတ်တီယို ‌ဆေလ်ဗက်တီ ဘယ်ခြမ်းမှ ဖြတ်တင်ပေးမှုကို မက်ဆီက အနီးကပ်ခေါင်းတိုက်၍ မိုင်ယာမီအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ကမ္ဘာ့ဖလားချန်ပီယံနှင့် ဘလွန်းဒီအောရှစ်ဆုရှင် မက်ဆီက ဆေလ်ဗက်တီအား ပြန်လည်ဖန်တီးပေးခဲ့ရာ ဆေလ်ဗက်တီက ပထမဆုံးအကြိမ် ဂိုးကန်သွင်းမှုအဖြစ် အဝေးထောင့်ထဲသို့ ကန်သွင်းကာ ဒုတိယဂိုးသွင်းယူခဲ့သည်။
ပွဲချိန် မိနစ် ၆၀ တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် မက်ဆီ၏ အနေတော်မျှောထိုးပေးမှုကို တာဒီယို အယ်လန်က ပိုင်ပိုင်နိုင်နိုင်အဆုံးသတ်နိုင်ခဲ့သဖြင့် မိုင်ယာမီက ၃-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ဆယ်လ်တာဗီဂိုအသင်းမှ အငှားဖြင့်ပြောင်းရွှေ့လာသူဖြစ်သည့် အယ်လန်က ပွဲချိန် ၇၄ မိနစ်တွင် မက်ဆီနှင့်တွဲလုံးမှပင် ပြိုင်ဘက်ခံစစ်ကိုထိုးဖောက်ကာ ဂိုးသမား ရိုမန် ဆယ်လန်တာနိုကိုကျော်၍ အနိမ့်ကန်ချက်ဖြင့် ပွဲသိမ်းအနိုင်ဂိုးသွင်းယူခဲ့သည်။
အဆိုပါပွဲစဉ်တွင် စင်စင်နတီအသင်းမှာ ဂိုးပေါက်တည့်ကန်ချက် ငါးကြိမ်ရှိခဲ့သော်လည်း ဒုတိယပိုင်းတွင် အင်တာမိုင်ယာမီက ပွဲကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သဖြင့် နောက်ပိုင်းတွင် ဂိုးပေါက်ခြိမ်းခြောက်နိုင်မှု မရှိသလောက်နီးပါးဖြစ်သွားခဲ့သည်။ (Xinhua)

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ရှိ BMO Field အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တိုရွန်တိုအက်ဖ်စီအသင်းနှင့် အင်တာမိုင်ယာမီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲ (MLS) ပုံမှန်ရာသီပွဲစဉ်၌ အင်တာမိုင်ယာမီအသင်းမှ လီယွန်နယ် မက်ဆီ ပြစ်ဒဏ်ဘောကန်သွင်းနေစဉ် (ဆင်ဟွာ)

……………………
(English Version)
Messi leads Miami into conference final
WASHINGTON, Nov. 23 (Xinhua) — Lionel Messi scored one goal and provided three assists as Inter Miami advanced to the MLS Eastern Conference final with a 4-0 rout of FC Cincinnati on Sunday.
Miami will face New York City next weekend, with the winner earning a place in the MLS Cup decider.
Messi now has 43 goals and 23 assists across all competitions in 46 games for Inter Miami this season.
“It’s an honor and a privilege not only to manage Leo but this group of players,” Inter Miami manager Javier Mascherano told a post-match news conference.
“We know what Leo is capable of; he proves it every weekend. Today, he did another incredible job off the ball, because we already know what he’s capable of with it.”
Mascherano said Miami deserved to be among the last four teams in the title race as it bids for its first MLS crown.
“I’m proud of how the team played on a very difficult pitch against a very difficult opponent,” the former Argentina captain said. “The players showed incredible character and played a practically perfect match.”
Messi put the Florida outfit ahead by heading in from close range after Mateo Silvetti’s cross from the left.
World Cup champion and eight-time Ballon d’Or winner Messi then returned the favor by laying off a pass for Silvetti, who opened up his body and side-footed a first-time shot into the far corner.
Tadeo Allende made it 3-0 just after the hour with a clinical finish on the counterattack after Messi’s through ball.
Allende, who is on loan from Celta Vigo, again combined with Messi in the 74th minute before bumping off a challenge and slotting a low shot past goalkeeper Roman Celentano.
Cincinnati had five shots on target but rarely threatened after halftime as Inter Miami pulled away with authority.
English Caption 1
Tadeo Allende (L) of Inter Miami CF celebrates scoring with teammate Lionel Messi during the 2025 Major League Soccer(MLS) regular season match between Toronto FC and Inter Miami CF at BMO Field in Toronto, Canada, on Sept. 27, 2025. (Photo by Zou Zheng/Xinhua)
English Caption 2
Lionel Messi of Inter Miami CF takes a free kick during the 2025 Major League Soccer(MLS) regular season match between Toronto FC and Inter Miami CF at BMO Field in Toronto, Canada, on Sept. 27, 2025. (Photo by Zou Zheng/Xinhua)